[Zawgyi]

ၿပီးခဲ့တဲ့လပုိင္းအတြင္း သတင္းေတြလႈိင္လႈိင္ထြက္ခဲ့တဲ့ Vivo ရဲ႕ အမွတ္တံဆိပ္အသစ္ iQOO စမတ္ဖုန္းဟာ တကယ္ပဲ မ်က္စိေရွ႕ေမွာက္ကိုေရာက္လာခဲ့ပါၿပီ။ ဒီဖုန္းဟာ ေၾကာက္စရာ Specs ေတြနဲ႔ ပါဝါျပည့္ Gaming စမတ္ဖုန္းသစ္ တစ္လုံးျဖစ္ၿပီး Vivo အတြက္ေတာင္ ပါဝါအျမင့္ဆုံး စမတ္ဖုန္း ျဖစ္ေနပါလိမ့္မယ္။

Vivo iQOO စမတ္ဖုန္းအသစ္မွာ Snapdragon 855 ၊ ေနာက္ဘက္ကင္မရာသုံးလုံးနဲ႔ 44W အားအျမန္သြင္းစနစ္တုိ႔ ပါဝင္ပါတယ္။ သူ႕ရဲ႕တရားဝင္ေဆာင္ပုဒ္ကကို “Monster Inside” ျဖစ္ၿပီး နာမည္နဲ႔လိုက္ေအာင္လည္း Vivo က မြန္းစတားသတၱဝါႀကီးေတြလို ႀကီးမားသန္စြမ္းတဲ့ Specs ေတြ ထည့္ေပးလာခဲ့တယ္။

RAM မန္မုိရီက 6GB မွ 12 GB ထိျဖစ္ၿပီး Storage ကေတာ့ 128 GB အေျခခံမွ 256 GB ထိ ရွိပါတယ္။ မ်က္ႏွာျပင္ဟာ 6.41” လက္အရြယ္ OLED Panel ကိုမွ Waterdrop Notch တစ္ခု ထည့္သြင္းလာကာ Fingerprint ကိုလည္း Display ေအာက္မွာပဲ ထည့္ထားတယ္။

44W Fast-charging ေထာက္ပံ့မႈေၾကာင့္ 4,000 mAh ရွိတဲ့ ဘကၳရီႀကီးရဲ႕ အားတစ္ဝက္ (၅၀%) ကို ၁၅ မိနစ္ပဲ သြင္းရမွာျဖစ္ပါတယ္။ နာရီဝက္သြင္းရင္ ၈၅% ထိေရာက္လာၿပီး အျပည့္သြင္းဖုိ႔ ၄၅ မိနစ္ပဲ ၾကာမယ္လို႔ ဆုိထားတယ္။ သူ႕ရဲ႕ေစ်းအခ်ဳိဆုံးဗားရွင္းျဖစ္တဲ့ 6GB / 128GB ေမာ္ဒယ္မွာေတာ့ 44W အစား 22.5W အားသြင္းစနစ္ကို ေျပာင္းလဲထည့္ေပးထားတယ္ ဆုိတာလည္း ထည့္ေျပာဖို႔ ထုိက္တန္ပါတယ္။

ဒီဖုန္းဟာ မုိဘုိင္းဂိမ္မာေတြကို အဓိကပစ္မွတ္ထားလာၿပီး ဖုန္းရဲ႕အပူခ်ိန္ကို ထုံးစံအတုိင္း ေလ်ာ့ခ်ေပးဖို႔ “Super Liquid Cooling” စနစ္ပါလာတယ္။ AI Turbo, Center Turbo, Net Turbo, Cooling Turbo နဲ႔ Game Turbo လို႔ခြဲျခားထားတဲ့ Boost Performance စနစ္ေတြလည္း ထည့္သြင္းလာပါတယ္။ ဒီစနစ္ေတြက App ရဲ႕ Frame Rate ကို ၇၀% ထိတုိးျမွင့္ေပးႏုိင္ၿပီး အင္တာနက္ခ်ိတ္ဆက္မႈမွာ Wi-Fi နဲ႔ 4G စနစ္ကို အလိုအေလွ်ာက္ ျပတ္ေတာက္မႈမရွိဘဲ ခ်ိန္းေပးႏုိင္တယ္လို႔ဆုိတယ္။

မုိဘုိင္းဂိမ္မာေတြဟာ ပုံမွန္အားျဖင့္ စမတ္ဖုန္းကင္မရာေတြကို သိပ္မလိုအပ္တတ္ၾကေပမယ့္ Vivo iQOO မွာေတာ့ ေနာက္ဘက္မွာ 13MP ျမင္ကြင္းက်ယ္ Lesn နဲ႔ Sony IMX263 Sensor ကို 12MP အဓိက ကင္မရာ၊ 2MP Depth Sensor တုိ႔ျဖင့္ တြဲဖက္လာပါတယ္။

Electric Blue သို႔မဟုတ္ Lava Orange အေရာင္ႏွစ္မ်ဳိးနဲ႔ ေရြးခ်ယ္ႏုိင္မယ့္ Vivo iQOO ဟာ 6/128 GB ဗားရွင္း ဟန္းဆက္ကို တရုတ္ယြမ္ေငြ ၂,၉၉၈ (ျမန္မာေငြ ေျခာက္သိန္းခုနစ္ေသာင္းခန္႔) သတ္မွတ္လာၿပီး 8GB RAM ဗားရွင္းကို လိုခ်င္ရင္ေတာ့ တရုတ္ယြမ္ေငြ ၃,၂၉၈ (ျမန္မာေငြ ခုနစ္သိန္းခြဲနီးပါး) က်သင့္မွာပါ။ 8GB RAM နဲ႔ 256 GB Storage ဆုိရင္ တရုတ္ယြမ္ ၃,၅၉၈ (ျမန္မာေငြ ရွစ္သိန္းေက်ာ္) ျဖစ္ၿပီး အျမင့္ဆုံး 12 GB / 256 GB ဟန္းဆက္ကိုေတာ့ တရုတ္ယြမ္ေငြ ၄,၂၉၈ (ျမန္မာေငြ ကုိးသိန္းခုနစ္ေသာင္းနီးပါး) ထိ က်သင့္မွာ ျဖစ္ပါတယ္။ Vivo iQOO ဖုန္းအသစ္ဟာ မတ္လ ၆ ရက္ေန႔မွာ ပထမဆုံး Flash Sale ကိုစတင္သြားမွာပါ။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့လပိုင်းအတွင်း သတင်းတွေလှိုင်လှိုင်ထွက်ခဲ့တဲ့ Vivo ရဲ့ အမှတ်တံဆိပ်အသစ် iQOO စမတ်ဖုန်းဟာ တကယ်ပဲ မျက်စိရှေ့မှောက်ကိုရောက်လာခဲ့ပါပြီ။ ဒီဖုန်းဟာ ကြောက်စရာ Specs တွေနဲ့ ပါဝါပြည့် Gaming စမတ်ဖုန်းသစ် တစ်လုံးဖြစ်ပြီး Vivo အတွက်တောင် ပါဝါအမြင့်ဆုံး စမတ်ဖုန်း ဖြစ်နေပါလိမ့်မယ်။

Vivo iQOO စမတ်ဖုန်းအသစ်မှာ Snapdragon 855 ၊ နောက်ဘက်ကင်မရာသုံးလုံးနဲ့ 44W အားအမြန်သွင်းစနစ်တို့ ပါဝင်ပါတယ်။ သူ့ရဲ့တရားဝင်ဆောင်ပုဒ်ကကို “Monster Inside” ဖြစ်ပြီး နာမည်နဲ့လိုက်အောင်လည်း Vivo က မွန်းစတားသတ္တဝါကြီးတွေလို ကြီးမားသန်စွမ်းတဲ့ Specs တွေ ထည့်ပေးလာခဲ့တယ်။

RAM မန်မိုရီက 6GB မှ 12 GB ထိဖြစ်ပြီး Storage ကတော့ 128 GB အခြေခံမှ 256 GB ထိ ရှိပါတယ်။ မျက်နှာပြင်ဟာ 6.41” လက်အရွယ် OLED Panel ကိုမှ Waterdrop Notch တစ်ခု ထည့်သွင်းလာကာ Fingerprint ကိုလည်း Display အောက်မှာပဲ ထည့်ထားတယ်။

44W Fast-charging ထောက်ပံ့မှုကြောင့် 4,000 mAh ရှိတဲ့ ဘက္ထရီကြီးရဲ့ အားတစ်ဝက် (၅၀%) ကို ၁၅ မိနစ်ပဲ သွင်းရမှာဖြစ်ပါတယ်။ နာရီဝက်သွင်းရင် ၈၅% ထိရောက်လာပြီး အပြည့်သွင်းဖို့ ၄၅ မိနစ်ပဲ ကြာမယ်လို့ ဆိုထားတယ်။ သူ့ရဲ့ဈေးအချိုဆုံးဗားရှင်းဖြစ်တဲ့ 6GB / 128GB မော်ဒယ်မှာတော့ 44W အစား 22.5W အားသွင်းစနစ်ကို ပြောင်းလဲထည့်ပေးထားတယ် ဆိုတာလည်း ထည့်ပြောဖို့ ထိုက်တန်ပါတယ်။

ဒီဖုန်းဟာ မိုဘိုင်းဂိမ်မာတွေကို အဓိကပစ်မှတ်ထားလာပြီး ဖုန်းရဲ့အပူချိန်ကို ထုံးစံအတိုင်း လျော့ချပေးဖို့ “Super Liquid Cooling” စနစ်ပါလာတယ်။ AI Turbo, Center Turbo, Net Turbo, Cooling Turbo နဲ့ Game Turbo လို့ခွဲခြားထားတဲ့ Boost Performance စနစ်တွေလည်း ထည့်သွင်းလာပါတယ်။ ဒီစနစ်တွေက App ရဲ့ Frame Rate ကို ၇၀% ထိတိုးမြှင့်ပေးနိုင်ပြီး အင်တာနက်ချိတ်ဆက်မှုမှာ Wi-Fi နဲ့ 4G စနစ်ကို အလိုအလျှောက် ပြတ်တောက်မှုမရှိဘဲ ချိန်းပေးနိုင်တယ်လို့ဆိုတယ်။

မိုဘိုင်းဂိမ်မာတွေဟာ ပုံမှန်အားဖြင့် စမတ်ဖုန်းကင်မရာတွေကို သိပ်မလိုအပ်တတ်ကြပေမယ့် Vivo iQOO မှာတော့ နောက်ဘက်မှာ 13MP မြင်ကွင်းကျယ် Lesn နဲ့ Sony IMX263 Sensor ကို 12MP အဓိက ကင်မရာ၊ 2MP Depth Sensor တို့ဖြင့် တွဲဖက်လာပါတယ်။

Electric Blue သို့မဟုတ် Lava Orange အရောင်နှစ်မျိုးနဲ့ ရွေးချယ်နိုင်မယ့် Vivo iQOO ဟာ 6/128 GB ဗားရှင်း ဟန်းဆက်ကို တရုတ်ယွမ်ငွေ ၂,၉၉၈ (မြန်မာငွေ ခြောက်သိန်းခုနစ်သောင်းခန့်) သတ်မှတ်လာပြီး 8GB RAM ဗားရှင်းကို လိုချင်ရင်တော့ တရုတ်ယွမ်ငွေ ၃,၂၉၈ (မြန်မာငွေ ခုနစ်သိန်းခွဲနီးပါး) ကျသင့်မှာပါ။ 8GB RAM နဲ့ 256 GB Storage ဆိုရင် တရုတ်ယွမ် ၃,၅၉၈ (မြန်မာငွေ ရှစ်သိန်းကျော်) ဖြစ်ပြီး အမြင့်ဆုံး 12 GB / 256 GB ဟန်းဆက်ကိုတော့ တရုတ်ယွမ်ငွေ ၄,၂၉၈ (မြန်မာငွေ ကိုးသိန်းခုနစ်သောင်းနီးပါး) ထိ ကျသင့်မှာ ဖြစ်ပါတယ်။ Vivo iQOO ဖုန်းအသစ်ဟာ မတ်လ ၆ ရက်နေ့မှာ ပထမဆုံး Flash Sale ကိုစတင်သွားမှာပါ။

Ref – GSM Arena