Zawgyi

မိတ္ဆက္ပြဲ မတိုင္ခင္ နာရီပိုင္းအလိုမွာပဲ ဖုန္းဒီဇိုင္းပုံေတြ ေပါက္ၾကားေနခဲ့တဲ့ VIVO ရဲ႕ Concept ဖုန္းျဖစ္တဲ့ VIVO APEX 2019 ကို တရားဝင္ မိတ္ဆက္လိုက္ပါၿပီ။ ဒါေပမယ့္ VIVO APEX 2019 ကို ေရာင္းခ်မွာေတာ့ မဟုတ္ေသးပါဘူး။ တရားဝင္ေရာင္းခ်ရင္ရင္လည္း ဒီ ဒီဇိုင္း အတိုင္း ကြက္တိ တူခ်င္မွ တူပါလိမ့္မယ္။ တ႐ုတ္ျပည္တြင္းမွာ မိတ္ဆက္သြားတဲ့ အဆိုပါ VIVO APEX 2019 ကို MWC 2019 ပြဲမွာ လည္း မိတ္ဆက္ျပသဦးမွာပါ။

အရင္ႏွစ္က မိတ္ဆက္ခဲ့တဲ့ APEX ဖုန္းလိုပဲ ဒီႏွစ္ ေမာ္ဒယ္မွာလဲ Screen-to-Body Ratio အေတာ္ေလး မ်ားၿပီး ေဘးေဘာင္နဲ႕ အေပၚေအာက္ ေဘာင္ေတြကလည္း အေတာ္ေလး ေသးေကြး၊ ပါးလွပ္တာ ကိုေတြ႕ရပါတယ္။ မၾကာေသးခင္ကမွ မိတ္ဆက္သြားတဲ့ Meizu Zero ဖုန္းလိုပဲ ဖုန္းရဲ႕ ေဘးေဘာင္ေတြဟာ တစ္ဆက္တည္းျဖစ္ၿပီး ဖုန္းေအာက္ေျခနားက မိုက္ကရိုဖုန္းေပါက္လို႔ ထင္ရတဲ့ အေပါက္ေလးကလြဲလို႔ အားသြင္းေပါက္​နဲ႕ နားက်ပ္ေပါက္ေတြ တစ္ေပါက္မွ မပါဝင္ပဲ Power Button နဲ႕ Volume Button ေတြလည္း မပါဝင္ပါဘူး။

ေဘးေဘာင္ေတြကိုလည္း ဖန္သားနဲ႕ ျပဳလုပ္ထားၿပီး Power Button နဲ႕ Volume Button အစား HTC U12+ မွာလိုမ်ိဳး အာ႐ုံခံ စနစ္ေတြကို အသုံးျပဳထားတဲ့ Virtual Button ေတြကိုသာ အသုံးျပဳရမွာပါ။ နားက်ပ္ေပါက္မပါလို႔ Wireless Headphones ေတြကို သာ အသုံးျပဳရမွာျဖစ္ၿပီး အားသြင္းေပါက္မပါတဲ့ အတြက္လည္း ဖုန္းရဲ႕ေနာက္ေက်ာဘက္ကေန Wireless Magnetic Connector ကို အသုံးျပဳၿပီး အားသြင္းရမွာပါ။ Data အကူးအေျပာင္းအတြက္လည္း အဆိုပါ Magnetic Connector ကိုသာ အသုံးျပဳရမွာပါ။

Apex 2019 ဟာ VIVO ရဲ႕ ပထမဦးဆုံး 5G ဖုန္း တစ္လုံးျဖစ္ၿပီး Qualcomm ရဲ႕ X50 5G မိုဒန္ ကိုအသုံးျပဳထားပါတယ္။ VIVO ရဲ႕ ေျပာၾကားခ်က္အရ Hardware ေတြကို က်စ္က်စ္လစ္လစ္ျဖစ္ေအာင္ ေနရာခ်တဲ့ Stacking နည္းပညာအသစ္ကို အသုံးခ်ၿပီး ဖုန္းဒီဇိုင္းကိုႀကီးမား မသြားေစပဲ 5G အစိတ္အပိုင္းေတြအတြက္ ၂၀% ေနရာလြတ္ရေအာင္ ႀကိဳးစားထားတယ္လို႔ သိရပါတယ္။ ၂၀၁၉ ရဲ႕ နာမည္ေက်ာ္ မိုဘိုင္း ပရိုဆက္ဆာျဖစ္တဲ့ Qualcomm ရဲ႕ Snapdragon 855 ပရိုဆက္ဆာကို အသုံးျပဳထားၿပီး RAM 12GB နဲ႕ အားျဖည့္ထားပါတယ္။

ဖုန္းေနာက္ေက်ာဘက္မွာ ကင္မရာ ႏွစ္လုံးတြဲ စနစ္ကို ေတြ႕ရၿပီး ဖုန္းကို ေရာင္းခ်မွာ မဟုတ္တဲ့အတြက္ အဆိုပါ ကင္မရာ စနစ္ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သိရျခင္းမရွိပါဘူး။ စိတ္ဝင္စားစရာ အခ်က္ကေတာ့ APEX 2019 မွာ Selfie ကင္မရာ ပါဝင္ျခင္း မရွိတာပါ။ NEX နဲ႕ အရင္ႏွစ္က APEX ဖုန္းေတြမွာလို Pop Up Selfie Camera မပါဝင္ပဲ Nex Dual Display Edition ဖုန္းမွာလိုလည္း ေနာက္ေက်ာဘက္ ဒုတိယ Screen ပါဝင္ျခင္းမရွိပါဘူး။

ေနာက္ထပ္ စိတ္ဝင္စားစရာ နည္းပညာ တစ္ခုကေတာ့ Display ရဲ႕ ဘယ္ေနရာကိုပဲ ထိထိ Unlock လုပ္နိုင္မယ့္ “Full-display Fingerprint Scanning” ျဖစ္ပါတယ္။ လက္ရွိ Xiaomi နဲ႕ OnePlus ဖုန္းေတြမွာ အသုံးျပဳေနတဲ့ In-display Fingerprint Scanner ေတြထက္ အမ်ားႀကီး သာလြန္ေကာင္းမြန္သြားတဲ့ နည္းပညာျဖစ္ပါတယ္။ Speaker နဲ႕ Earpiece Speaker ေတြလည္း မပါေတာ့တာေၾကာင့္ ဖုန္းရဲ႕ မ်က္ႏွာျပင္တစ္ခုလုံးကို တုန္ခါၿပီး အသံထြက္ေစတဲ့ နည္းပညာကို အသုံးျပဳထားပါတယ္။ အႏွစ္ခ်ဳပ္ေျပာရရင္ VIVO APEX 2019 ဟာ VIVO ရဲ႕ အနာဂတ္ဖုန္းေတြမွာ ထည့္သြင္းလာမယ့္ နည္းပညာေတြကို ရွိုးျပလိုက္တဲ့ ဖုန္းတစ္လုံးပါ။

Ref: The Verge

Unicode

VIVO APEX 2019 ကို တရားဝင်မိတ်ဆက်လိုက်ပြီ

မိတ်ဆက်ပွဲ မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ဖုန်းဒီဇိုင်းပုံတွေ ပေါက်ကြားနေခဲ့တဲ့ VIVO ရဲ့ Concept ဖုန်းဖြစ်တဲ့ VIVO APEX 2019 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် VIVO APEX 2019 ကို ရောင်းချမှာတော့ မဟုတ်သေးပါဘူး။ တရားဝင်ရောင်းချရင်ရင်လည်း ဒီ ဒီဇိုင်း အတိုင်း ကွက်တိ တူချင်မှ တူပါလိမ့်မယ်။ တရုတ်ပြည်တွင်းမှာ မိတ်ဆက်သွားတဲ့ အဆိုပါ VIVO APEX 2019 ကို MWC 2019 ပွဲမှာ လည်း မိတ်ဆက်ပြသဦးမှာပါ။

အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ APEX ဖုန်းလိုပဲ ဒီနှစ် မော်ဒယ်မှာလဲ Screen-to-Body Ratio အတော်လေး များပြီး ဘေးဘောင်နဲ့ အပေါ်အောက် ဘောင်တွေကလည်း အတော်လေး သေးကွေး၊ ပါးလှပ်တာ ကိုတွေ့ရပါတယ်။ မကြာသေးခင်ကမှ မိတ်ဆက်သွားတဲ့ Meizu Zero ဖုန်းလိုပဲ ဖုန်းရဲ့ ဘေးဘောင်တွေဟာ တစ်ဆက်တည်းဖြစ်ပြီး ဖုန်းအောက်ခြေနားက မိုက်ကရိုဖုန်းပေါက်လို့ ထင်ရတဲ့ အပေါက်လေးကလွဲလို့ အားသွင်းပေါက်​နဲ့ နားကျပ်ပေါက်တွေ တစ်ပေါက်မှ မပါဝင်ပဲ Power Button နဲ့ Volume Button တွေလည်း မပါဝင်ပါဘူး။

ဘေးဘောင်တွေကိုလည်း ဖန်သားနဲ့ ပြုလုပ်ထားပြီး Power Button နဲ့ Volume Button အစား HTC U12+ မှာလိုမျိုး အာရုံခံ စနစ်တွေကို အသုံးပြုထားတဲ့ Virtual Button တွေကိုသာ အသုံးပြုရမှာပါ။ နားကျပ်ပေါက်မပါလို့ Wireless Headphones တွေကို သာ အသုံးပြုရမှာဖြစ်ပြီး အားသွင်းပေါက်မပါတဲ့ အတွက်လည်း ဖုန်းရဲ့နောက်ကျောဘက်ကနေ Wireless Magnetic Connector ကို အသုံးပြုပြီး အားသွင်းရမှာပါ။ Data အကူးအပြောင်းအတွက်လည်း အဆိုပါ Magnetic Connector ကိုသာ အသုံးပြုရမှာပါ။

Apex 2019 ဟာ VIVO ရဲ့ ပထမဦးဆုံး 5G ဖုန်း တစ်လုံးဖြစ်ပြီး Qualcomm ရဲ့ X50 5G မိုဒန် ကိုအသုံးပြုထားပါတယ်။ VIVO ရဲ့ ပြောကြားချက်အရ Hardware တွေကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် နေရာချတဲ့ Stacking နည်းပညာအသစ်ကို အသုံးချပြီး ဖုန်းဒီဇိုင်းကိုကြီးမား မသွားစေပဲ 5G အစိတ်အပိုင်းတွေအတွက် ၂၀% နေရာလွတ်ရအောင် ကြိုးစားထားတယ်လို့ သိရပါတယ်။ ၂၀၁၉ ရဲ့ နာမည်ကျော် မိုဘိုင်း ပရိုဆက်ဆာဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 855 ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM 12GB နဲ့ အားဖြည့်ထားပါတယ်။

ဖုန်းနောက်ကျောဘက်မှာ ကင်မရာ နှစ်လုံးတွဲ စနစ်ကို တွေ့ရပြီး ဖုန်းကို ရောင်းချမှာ မဟုတ်တဲ့အတွက် အဆိုပါ ကင်မရာ စနစ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သိရခြင်းမရှိပါဘူး။ စိတ်ဝင်စားစရာ အချက်ကတော့ APEX 2019 မှာ Selfie ကင်မရာ ပါဝင်ခြင်း မရှိတာပါ။ NEX နဲ့ အရင်နှစ်က APEX ဖုန်းတွေမှာလို Pop Up Selfie Camera မပါဝင်ပဲ Nex Dual Display Edition ဖုန်းမှာလိုလည်း နောက်ကျောဘက် ဒုတိယ Screen ပါဝင်ခြင်းမရှိပါဘူး။

နောက်ထပ် စိတ်ဝင်စားစရာ နည်းပညာ တစ်ခုကတော့ Display ရဲ့ ဘယ်နေရာကိုပဲ ထိထိ Unlock လုပ်နိုင်မယ့် “Full-display Fingerprint Scanning” ဖြစ်ပါတယ်။ လက်ရှိ Xiaomi နဲ့ OnePlus ဖုန်းတွေမှာ အသုံးပြုနေတဲ့ In-display Fingerprint Scanner တွေထက် အများကြီး သာလွန်ကောင်းမွန်သွားတဲ့ နည်းပညာဖြစ်ပါတယ်။ Speaker နဲ့ Earpiece Speaker တွေလည်း မပါတော့တာကြောင့် ဖုန်းရဲ့ မျက်နှာပြင်တစ်ခုလုံးကို တုန်ခါပြီး အသံထွက်စေတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ အနှစ်ချုပ်ပြောရရင် VIVO APEX 2019 ဟာ VIVO ရဲ့ အနာဂတ်ဖုန်းတွေမှာ ထည့်သွင်းလာမယ့် နည်းပညာတွေကို ရှိုးပြလိုက်တဲ့ ဖုန်းတစ်လုံးပါ။

Ref: The Verge