[Zawgyi]

APEX 2019 ရဲ႕ အသက္ရႈမွားေလာက္စရာ Super Unibody Design နဲ႔ မ်က္ႏွာျပင္အျပည့္ လက္ေဗြစနစ္ နည္းပညာေတြဟာ အနာဂါတ္ 5G Smartphones ေလာကကို ပုံေဖာ္ေနပါၿပီ

ေပက်င္း၊ တ႐ုတ္ႏိုင္ငံ – ၂၄ ဇန္နဝါရီ ၂၀၁၉ – Vivo ဟာ ေပက်င္းၿမိဳ႕တြင္ ဒီကေန႔ က်င္းပျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ အသစ္ထြက္ရွိလာတဲ့ APEX 2019 Concept Smartphone ကို စတင္မိတ္ဆက္ခဲ့ပါတယ္။ Vivo ရဲ႕ ပထမဆုံး 5G Smartphone တစ္လုံးျဖစ္လာတဲ့ APEX ဟာ သာမာထက္ပိုမို႐ိုးရွင္းၿပီး တမူထူးျခားကာ မွတ္မိလြယ္တဲ့ ဒီဇိုင္းနဲ႔ ပြဲထြက္လာခဲ့ၿပီး Waterdrop Glass မ်က္ႏွာျပင္ေကြးနဲ႔အတူ အကန႔္အသတ္၊ အခ်ဳပ္အေႏွာင္၊ ေဘာင္ေတြ မပါဝင္ပဲ ရွင္းလင္းေက်ာ့ေမာ့တဲ့ ခံစားမႈတစ္ခုကို ေပးစြမ္းဦးမွာပါ။ ကန႔္သတ္ခ်က္မဲ့ နည္းပညာရပ္ေတြကို ေပါင္းစပ္ၿပီး ထြက္ေပၚလာတဲ့ APEX 2019 ဟာ သာမာန္႐ိုးရွင္းမႈထက္ပိုတဲ့ အသြင္အျပင္နဲ႔အတူ ေနာက္ထပ္အဆင့္တစ္ခုကို ေရာက္ရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။

“ပိုၿပီးသုံးေပ်ာ္၊ ပိုၿပီး႐ိုးရွင္းဖို႔ဆိုတဲ့ ပင္မရည္မွန္းခ်က္နဲ႔အတူ APEX 2019 ဟာ အသုံးျပဳသူေတြအတြက္ အနာဂါတ္ စမတ္ဖုန္းအသြင္အျပင္နဲ႔ တိုးတက္မႈေတြကို ထုတ္ျပလိုက္တာပါပဲ။ Super Unibody Design၊ မ်က္ႏွာျပင္အျပည့္ လက္ေဗြစနစ္နဲ႔ တျခားေသာ တိုးတက္လာတဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ထြက္ရွိလာတဲ့ APEX 2019 ဟာ Vivo ရဲ႕ စဥ္ဆက္မျပတ္ စူးစမ္းေလ့လာမႈ၊ တီထြင္ဆန္းသစ္မႈေတြကို ခြၽင္းခ်က္မဲ့ ပုံေဖာ္ေပးေနသလိုပါပဲ” လို႔ Vivo ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌျဖစ္သူ Spark Ni က ဆိုပါတယ္။

Super Unibody Design
APEX 2019 ဟာ ကိုင္ရတာ ေခ်ာမြတ္ၿပီး တကယ့္မ်က္ႏွာျပင္အျပည့္ ဒီဇိုင္းပုံစံကို စတင္မိတ္ဆက္ကာ အကန႔္အသတ္ ေဘာင္ေတြကို နိဂုံးခ်ဳပ္ေစခဲ့ပါၿပီ။ ဖုန္းကိုယ္ထည္ေပၚက ခလုတ္ေတြကို လုံးဝေဖ်ာက္ပစ္ခဲ့ၿပီး ခလုတ္ေတြအစား အထိအေတြ႕၊ ဖိအားေတြအေပၚ အာ႐ုံခံ နည္းပညာကို ထည့္သြင္းကာ သမား႐ိုးက်မဟုတ္တဲ့ ခံစားခ်က္ေတြကို အသုံးျပဳသူေတြအတြက္ ေဆာင္က်ဥ္းေပးခဲ့တာပါ။

စနစ္တက် ဖန္တီးတည္ေဆာက္ထားတဲ့ Software နဲ႔ Programming Logic ေတြေၾကာင့္ ဖိအားအာ႐ုံခံစနစ္ဟာ အသုံးျပဳသူက ေဘာင္ကိုထိေနတာလား၊ မ်က္ႏွာျပင္ကိုထိေနတာလားဆိုတဲ့ အေနအထားကို သိရွိႏိုင္မွာျဖစ္လို႔ တိက်တဲ့ ရလာဒ္ကို ေပးစြမ္းႏိုင္မယ္ဆိုတာ အာမခံပါတယ္။ ဒါ့အျပင္ USD Port ကိုလည္း Data Transfer ေရာ၊ အားသြင္းဖို႔ပါ ႏွစ္မ်ိဳးစလုံး သုံးလို႔ရတဲ့ သံလိုက္စြမ္းအင္သုံး Connector ျဖစ္ေသာ MagPort နဲ႔ အစားထိုးထားပါတယ္။ သူ႔ရဲ႕အားသာခ်က္ကေတာ့ ကိုယ္ထည္ကို ပိုၿပီးက်စ္လစ္ေစၿပီး ဖုန္းကိုင္ထားတဲ့အခါ ပိုမိုေခ်ာေမြ႕ေျပပစ္တဲ့ ခံစားခ်က္ကို ေပးႏိုင္တာပါ။

APEX 2019 ဟာ Body SoundCasting နည္းပညာကို အသုံးခ်လို႔ Speaker သံကို မ်က္ႏွာျပင္ထဲကေန ထုတ္လႊတ္ေပးႏိုင္မွာျဖစ္ၿပီး Screen Vibration Function ေၾကာင့္ APEX 2019 ရဲ႕ မ်က္ႏွာျပင္တစ္ခုလုံးဟာ Speaker အျဖစ္ ေျပာင္းလဲသြားႏိုင္တာျဖစ္လို႔ Speaker ေပါက္ရယ္လို႔ သီးသန႔္ မလိုအပ္ေတာ့ပါဘူး။

Full-Display Fingerprint Scanning
APEX 2019 ဟာ မ်က္ႏွာျပည့္အျပည့္ လက္ေဗြစနစ္နဲ႔ ထြက္ရွိလာတာျဖစ္ၿပီး လက္ေဗြအာ႐ုံခံစနစ္ဟာ မ်က္ႏွာျပင္တစ္ခုလုံး နီးပါးမွာ ပါဝင္ေနမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသုံးျပဳသူေတြဟာ Unlock လုပ္ဖို႔အတြက္ မ်က္ႏွာျပင္ရဲ႕ မည္သည့္ေနရာကိုမဆို ထိေတြ႕ႏိုင္မွာျဖစ္သလို Vivo ရဲ႕ cutting-edge Fingerprint Light Function ေၾကာင့္ လက္ေခ်ာင္းေလး မ်က္ႏွာျပင္နား ကပ္လာတာနဲ႔ တစ္ၿပိဳင္နက္ touch point အနီးတဝိုက္က pixel ေတြဟာ လင္းလာၿပီး ပိုမိုရွင္းလင္းတိက်တဲ့ လက္ေဗြပုံရိပ္ေတြရရွိဖို႔ ထပ္ေပါင္း အလင္းအရင္းအျမစ္အျဖစ္ ပံ့ပိုးေပးပါလိမ့္မယ္။

ပိုမိုႀကီးမားလာတဲ့ အာ႐ုံခံစနစ္ေၾကာင့္လည္း ဖုန္းတြင္း App ေတြရဲ႕ လုံၿခဳံေရးစနစ္အတြက္ လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါဝင္လာပါတယ္။ အသုံးျပဳသူဟာ မ်က္ႏွာျပင္ပိတ္ထားတဲ့ အေျခအေနမ်ိဳးမွာ ဖုန္းကိုဖြင့္ၿပီး သက္ဆိုင္ရာ App Icon ေပၚကို လက္ေခ်ာင္းေလး တင္လိုက္႐ုံနဲ႔ Unlock တစ္ခါတည္း တန္းျဖစ္ၿပီး၊ App ထဲကိုလည္း တစ္ခါတည္း တိုက္႐ိုက္တန္းဝင္သြားမွာျဖစ္လို႔ အရင္ကထက္ ပိုမိုျမန္ဆန္သြက္လက္တဲ့ အေတြ႕အႀကဳံကို ေပးစြမ္းမယ္ဆိုတာ ေသခ်ာပါတယ္။

အမ်ိဳးမ်ိဳးေသာ အသုံးျပဳသူေတြအတြက္ 5G Smartphone တစ္လုံး
Vivo ရဲ႕ ပထမဦးဆုံး 5G Smartphone ျဖစ္တဲ့ APEX 2019 မွာ Qualcomm Snapdragon 855 နဲ႔အတူ သာမာန္ထက္ပိုမိုႀကီးမားတဲ့ 12GB + 256GB Memory တပ္ဆင္ေပးထားၿပီး Jovi AI Assistant ဟာလည္း စမတ္က်တဲ့ လုပ္ေဆာင္ခ်က္အမ်ားအျပားနဲ႔ ပါဝင္လာပါဦးမယ္။ 5G mobile network ေၾကာင့္ အသုံးျပဳသူေတြဟာ အြန္လိုင္းဗီဒီယိုၾကည့္ရႈျခင္းေတြ၊ Cloud Gaming ေတြနဲ႔ အျခားအျခားေသာ အေျခအေနမ်ိဳးစုံအတြက္ ပိုမိုေကာင္းမြန္ျမန္ဆန္ေသာ လုပ္ေဆာင္ခ်က္ေတြ ရရွိလာဦးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ APEX 2019 ဟာ Duplex PCB Design နဲ႔အတူ motherboard ေနရာ အကန႔္အသတ္ျဖစ္တဲ့ ျပႆနာကိုလည္း ေျဖရွင္းႏိုင္ခဲ့ၿပီး ေနရာထားသိုမႈကို 20% အထိျမႇင့္တင္ႏိုင္ခဲ့ပါတယ္။ ဒါဟာ 5G modules ေတြအတြက္ ေနရာပိုေတြ ဖန္တီးေပးလိုက္ျခင္းလည္းျဖစ္ကာ ဖုန္းကို unibody 5G ဖုန္းတစ္လုံးအျဖစ္ ပိုမိုပီျပင္ေစခဲ့ပါတယ္။

Vivo ဟာ Artificial Intelligence (AI), Internet of Things (IoT), Augmented Reality နဲ႔ Virtual Reality နည္းပညာေတြကို ေပါင္းစပ္လို႔ 5G နည္းပညာရဲ႕ စံစနစ္တစ္ခုအတြက္ ေရွ႕ေဆာင္လမ္းျပျဖစ္ခဲ့ၿပီျဖစ္ကာ အနာဂါတ္မွာဆိုရင္ 5G နဲ႔ AI စနစ္ေတြဟာ 5G Smartphone ေခတ္တစ္ခု ဖြံ႕ၿဖိဳးလာဖို႔ရာ အဓိကေသာ့ခ်က္ေတြ ျဖစ္လာေတာ့မွာပါ။ Vivo ဟာ အနာဂါတ္ေရွ႕ေျပးနည္းပညာေတြကို ေဖာ္ထုတ္ရင္း အသုံးျပဳသူေတြအတြက္ ပိုမိုေကာင္းမြန္ျပည့္စုံတဲ့ Smartphone ေတြကို ဆက္လက္ ထုတ္ေဖာ္ျပသသြားဦးမွာ ျဖစ္ပါတယ္။

လာမယ့္ ေဖေဖာ္ဝါရီလကုန္မွာ ဘာစီလိုနာမွာ က်င္းပျပဳလုပ္မယ့္ Mobile World Congress (MWC) ပြဲေတာ္ကိုလည္း Vivo မွ တက္ေရာက္သြားမည္ျဖစ္ၿပီး လာေရာက္ေလ့လာသူေတြဟာ APEX 2019 ကို လက္ေတြ႕ ကိုင္တြယ္ စမ္းသပ္အသုံးျပဳႏိုင္မယ့္ အခြင့္အေရးကိုလည္း ရၾကမွာ ျဖစ္ပါတယ္။

[Unicode]

“အနာဂါတ်ရှေ့ပြေး APEX 2019 Concept Smartphone ကို Vivo မှ စတင်မိတ်ဆက်”

APEX 2019 ရဲ့ အသက်ရှုမှားလောက်စရာ Super Unibody Design နဲ့ မျက်နှာပြင်အပြည့် လက်ဗွေစနစ် နည်းပညာတွေဟာ အနာဂါတ် 5G Smartphones လောကကို ပုံဖော်နေပါပြီ

ပေကျင်း၊ တရုတ်နိုင်ငံ – ၂၄ ဇန်နဝါရီ ၂၀၁၉ – Vivo ဟာ ပေကျင်းမြို့တွင် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသစ်ထွက်ရှိလာတဲ့ APEX 2019 Concept Smartphone ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Vivo ရဲ့ ပထမဆုံး 5G Smartphone တစ်လုံးဖြစ်လာတဲ့ APEX ဟာ သာမာထက်ပိုမိုရိုးရှင်းပြီး တမူထူးခြားကာ မှတ်မိလွယ်တဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး Waterdrop Glass မျက်နှာပြင်ကွေးနဲ့အတူ အကန့်အသတ်၊ အချုပ်အနှောင်၊ ဘောင်တွေ မပါဝင်ပဲ ရှင်းလင်းကျော့မော့တဲ့ ခံစားမှုတစ်ခုကို ပေးစွမ်းဦးမှာပါ။ ကန့်သတ်ချက်မဲ့ နည်းပညာရပ်တွေကို ပေါင်းစပ်ပြီး ထွက်ပေါ်လာတဲ့ APEX 2019 ဟာ သာမာန်ရိုးရှင်းမှုထက်ပိုတဲ့ အသွင်အပြင်နဲ့အတူ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

“ပိုပြီးသုံးပျော်၊ ပိုပြီးရိုးရှင်းဖို့ဆိုတဲ့ ပင်မရည်မှန်းချက်နဲ့အတူ APEX 2019 ဟာ အသုံးပြုသူတွေအတွက် အနာဂါတ် စမတ်ဖုန်းအသွင်အပြင်နဲ့ တိုးတက်မှုတွေကို ထုတ်ပြလိုက်တာပါပဲ။ Super Unibody Design၊ မျက်နှာပြင်အပြည့် လက်ဗွေစနစ်နဲ့ တခြားသော တိုးတက်လာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ထွက်ရှိလာတဲ့ APEX 2019 ဟာ Vivo ရဲ့ စဉ်ဆက်မပြတ် စူးစမ်းလေ့လာမှု၊ တီထွင်ဆန်းသစ်မှုတွေကို ချွင်းချက်မဲ့ ပုံဖော်ပေးနေသလိုပါပဲ” လို့ Vivo ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌဖြစ်သူ Spark Ni က ဆိုပါတယ်။

Super Unibody Design
APEX 2019 ဟာ ကိုင်ရတာ ချောမွတ်ပြီး တကယ့်မျက်နှာပြင်အပြည့် ဒီဇိုင်းပုံစံကို စတင်မိတ်ဆက်ကာ အကန့်အသတ် ဘောင်တွေကို နိဂုံးချုပ်စေခဲ့ပါပြီ။ ဖုန်းကိုယ်ထည်ပေါ်က ခလုတ်တွေကို လုံးဝဖျောက်ပစ်ခဲ့ပြီး ခလုတ်တွေအစား အထိအတွေ့၊ ဖိအားတွေအပေါ် အာရုံခံ နည်းပညာကို ထည့်သွင်းကာ သမားရိုးကျမဟုတ်တဲ့ ခံစားချက်တွေကို အသုံးပြုသူတွေအတွက် ဆောင်ကျဉ်းပေးခဲ့တာပါ။

စနစ်တကျ ဖန်တီးတည်ဆောက်ထားတဲ့ Software နဲ့ Programming Logic တွေကြောင့် ဖိအားအာရုံခံစနစ်ဟာ အသုံးပြုသူက ဘောင်ကိုထိနေတာလား၊ မျက်နှာပြင်ကိုထိနေတာလားဆိုတဲ့ အနေအထားကို သိရှိနိုင်မှာဖြစ်လို့ တိကျတဲ့ ရလာဒ်ကို ပေးစွမ်းနိုင်မယ်ဆိုတာ အာမခံပါတယ်။
ဒါ့အပြင် USD Port ကိုလည်း Data Transfer ရော၊ အားသွင်းဖို့ပါ နှစ်မျိုးစလုံး သုံးလို့ရတဲ့ သံလိုက်စွမ်းအင်သုံး Connector ဖြစ်သော MagPort နဲ့ အစားထိုးထားပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ကိုယ်ထည်ကို ပိုပြီးကျစ်လစ်စေပြီး ဖုန်းကိုင်ထားတဲ့အခါ ပိုမိုချောမွေ့ပြေပစ်တဲ့ ခံစားချက်ကို ပေးနိုင်တာပါ။

APEX 2019 ဟာ Body SoundCasting နည်းပညာကို အသုံးချလို့ Speaker သံကို မျက်နှာပြင်ထဲကနေ ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပြီး Screen Vibration Function ကြောင့် APEX 2019 ရဲ့ မျက်နှာပြင်တစ်ခုလုံးဟာ Speaker အဖြစ် ပြောင်းလဲသွားနိုင်တာဖြစ်လို့ Speaker ပေါက်ရယ်လို့ သီးသန့် မလိုအပ်တော့ပါဘူး။

Full-Display Fingerprint Scanning
APEX 2019 ဟာ မျက်နှာပြည့်အပြည့် လက်ဗွေစနစ်နဲ့ ထွက်ရှိလာတာဖြစ်ပြီး လက်ဗွေအာရုံခံစနစ်ဟာ မျက်နှာပြင်တစ်ခုလုံး နီးပါးမှာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ Unlock လုပ်ဖို့အတွက် မျက်နှာပြင်ရဲ့ မည်သည့်နေရာကိုမဆို ထိတွေ့နိုင်မှာဖြစ်သလို Vivo ရဲ့ cutting-edge Fingerprint Light Function ကြောင့် လက်ချောင်းလေး မျက်နှာပြင်နား ကပ်လာတာနဲ့ တစ်ပြိုင်နက် touch point အနီးတဝိုက်က pixel တွေဟာ လင်းလာပြီး ပိုမိုရှင်းလင်းတိကျတဲ့ လက်ဗွေပုံရိပ်တွေရရှိဖို့ ထပ်ပေါင်း အလင်းအရင်းအမြစ်အဖြစ် ပံ့ပိုးပေးပါလိမ့်မယ်။

ပိုမိုကြီးမားလာတဲ့ အာရုံခံစနစ်ကြောင့်လည်း ဖုန်းတွင်း App တွေရဲ့ လုံခြုံရေးစနစ်အတွက် လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာပါတယ်။ အသုံးပြုသူဟာ မျက်နှာပြင်ပိတ်ထားတဲ့ အခြေအနေမျိုးမှာ ဖုန်းကိုဖွင့်ပြီး သက်ဆိုင်ရာ App Icon ပေါ်ကို လက်ချောင်းလေး တင်လိုက်ရုံနဲ့ Unlock တစ်ခါတည်း တန်းဖြစ်ပြီး၊ App ထဲကိုလည်း တစ်ခါတည်း တိုက်ရိုက်တန်းဝင်သွားမှာဖြစ်လို့ အရင်ကထက် ပိုမိုမြန်ဆန်သွက်လက်တဲ့ အတွေ့အကြုံကို ပေးစွမ်းမယ်ဆိုတာ သေချာပါတယ်။

အမျိုးမျိုးသော အသုံးပြုသူတွေအတွက် 5G Smartphone တစ်လုံး
Vivo ရဲ့ ပထမဦးဆုံး 5G Smartphone ဖြစ်တဲ့ APEX 2019 မှာ Qualcomm Snapdragon 855 နဲ့အတူ သာမာန်ထက်ပိုမိုကြီးမားတဲ့ 12GB + 256GB Memory တပ်ဆင်ပေးထားပြီး Jovi AI Assistant ဟာလည်း စမတ်ကျတဲ့ လုပ်ဆောင်ချက်အများအပြားနဲ့ ပါဝင်လာပါဦးမယ်။ 5G mobile network ကြောင့် အသုံးပြုသူတွေဟာ အွန်လိုင်းဗီဒီယိုကြည့်ရှုခြင်းတွေ၊ Cloud Gaming တွေနဲ့ အခြားအခြားသော အခြေအနေမျိုးစုံအတွက် ပိုမိုကောင်းမွန်မြန်ဆန်သော လုပ်ဆောင်ချက်တွေ ရရှိလာဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် APEX 2019 ဟာ Duplex PCB Design နဲ့အတူ motherboard နေရာ အကန့်အသတ်ဖြစ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့ပြီး နေရာထားသိုမှုကို 20% အထိမြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါဟာ 5G modules တွေအတွက် နေရာပိုတွေ ဖန်တီးပေးလိုက်ခြင်းလည်းဖြစ်ကာ ဖုန်းကို unibody 5G ဖုန်းတစ်လုံးအဖြစ် ပိုမိုပီပြင်စေခဲ့ပါတယ်။

Vivo ဟာ Artificial Intelligence (AI), Internet of Things (IoT), Augmented Reality နဲ့ Virtual Reality နည်းပညာတွေကို ပေါင်းစပ်လို့ 5G နည်းပညာရဲ့ စံစနစ်တစ်ခုအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပြီဖြစ်ကာ အနာဂါတ်မှာဆိုရင် 5G နဲ့ AI စနစ်တွေဟာ 5G Smartphone ခေတ်တစ်ခု ဖွံ့ဖြိုးလာဖို့ရာ အဓိကသော့ချက်တွေ ဖြစ်လာတော့မှာပါ။ Vivo ဟာ အနာဂါတ်ရှေ့ပြေးနည်းပညာတွေကို ဖော်ထုတ်ရင်း အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ Smartphone တွေကို ဆက်လက် ထုတ်ဖော်ပြသသွားဦးမှာ ဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလကုန်မှာ ဘာစီလိုနာမှာ ကျင်းပပြုလုပ်မယ့် Mobile World Congress (MWC) ပွဲတော်ကိုလည်း Vivo မှ တက်ရောက်သွားမည်ဖြစ်ပြီး လာရောက်လေ့လာသူတွေဟာ APEX 2019 ကို လက်တွေ့ ကိုင်တွယ် စမ်းသပ်အသုံးပြုနိုင်မယ့် အခွင့်အရေးကိုလည်း ရကြမှာ ဖြစ်ပါတယ်။