[Zawgyi]
Vivo ဟာ Pop-up Selfie Camera တွေပါတဲ့ Vivo NEX နဲ့ Vivo V15 Pro စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Vivo ကတော့ Pop-up Selfie Camera ကို ၁လုံးတည်း ထည့်ရတာ အားရပုံ မပေါ်ပါဘူး။ ဒါ့ကြောင့် Vivo ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် မေလ ၂၃ရက်နေ့တုန်းက Dual Pop-up Selfie Camera ဒီဇိုင်းကို မူပိုင်ခွင့်ရရှိဖို့ သက်ဆိုင်ရာ ရုံးတော်မှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Vivo ဟာ Dual Pop-up Selfie Camera ဒီဇိုင်း မူပိုင်ခွင့်ကို ပြီးခဲ့တဲ့ မတ်လ ၁ရက်နေ့တုန်းက ရရှိသွားပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့် သိပ်မကြာခင်မှာ Pop-up Selfie Camera ၂လုံးပါတဲ့ Vivo စမတ်ဖုန်းတွေ မြင်တွေ့လာနိုင်ပါတယ်။
Ref: Gizmochina
[Unicode]
Dual pop-up selfie camera အတွက် မူပိုင်ခွင့် ရရှိသွားပြီဖြစ်တဲ့ Vivo
Vivo ဟာ Pop-up selfie camera တွေပါတဲ့ Vivo NEX နဲ့ Vivo V15 Pro စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Vivo ကတော့ Pop-up selfie camera ကို ၁လုံးတည်း ထည့်ရတာ အားရပုံ မပေါ်ပါဘူး။ ဒါ့ကြောင့် Vivo ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် မေလ ၂၃ရက်နေ့တုန်းက Dual pop-up selfie camera ဒီဇိုင်းကို မူပိုင်ခွင့်ရရှိဖို့ သက်ဆိုင်ရာ ရုံးတော်မှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Vivo ဟာ Dual pop-up selfie camera ဒီဇိုင်း မူပိုင်ခွင့်ကို ပြီးခဲ့တဲ့ မတ်လ ၁ရက်နေ့တုန်းက ရရှိသွားပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့် သိပ်မကြာခင်မှာ Pop-up selfie camera ၂လုံးပါတဲ့ Vivo စမတ်ဖုန်းတွေ မြင်တွေ့လာနိုင်ပါတယ်။
Vivo ဟာ ၂၀၁၉ခုနှစ် အစောပိုင်းတုန်းက Vivo APEX 2019 စမတ်ဖုန်းကို ရှေ့ပြေးအနေနဲ့ ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ တော်တော်လေးလန်းတဲ့ စမတ်ဖုန်းပါ။ ဒါပေမယ့် Selfie Camera ကို ဘယ်နားမှာထားပြီး ဘယ်လိုမျိူး တပ်ဆင်ထားမလဲဆိုတာကတောာ့ အခုချိန်ထိ ပဟေဠိဖြစ်နေတုန်းပါပဲ။
Vivo APEX 2019 ရဲ့ Selfie Camera နဲ့ပတ်သတ်ပြီး Vivo ဘက်က တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးသလို ပေါက်ကြားထွက်ပေါ်ထားတဲ့ အချက်အလက်လည်း မတွေ့ရသေးပါဘူး။ ဒါပေမယ့် တချိူ့သော ကျွမ်းကျင် ပညာရှင်တွေကတော့ မူပိုင်ခွင့် ရှိသွားပြီဖြစ်တဲ့ Dual pop-up selfie camera ကို Vivo APEX 2019 မှာ တပ်ဆင်ထားနိုင်ပြီး သိပ်မကြာခင်မှာ စျေးကွက်ထဲကို ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref : Gizmochina