[Zawgyi]

Vivo က Gaming Smartphone ျဖစ္တဲ့ iQOO ကို ထုတ္လုပ္ေရာင္းခ်ထားပါတယ္။ ဒီလ အေစာပိုင္းမွာ သူ႔ထက္ ေစ်းသက္သာတဲ့ Vivo iQOO Neo ကို ေၾကညာထားၿပီး သူ႔မွာ 6GB RAM ထည့္သြင္းထားပါတယ္။ သူဟာ ယြမ္ ၁၇၉၈ ( ၂၆၀ ေဒၚလာ) ရွိပါတယ္။ ျမန္မာေငြ ၃၉၀ ၀၀၀ ေလာက္ရွိႏုိင္ပါတယ္။  အခုေတာ့ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) မွာ 4GB RAM ပါတဲ့ Vivo iQOO Neo ကို မွတ္ပံုတင္ထားပါတယ္။ အဲဒီအတြက္ သူဟာ ေစ်းပိုသက္သာလာမွာပါ။ ေမာ္ဒယ္ အသစ္ဟာ ယြမ္ ၁၅၀၀ ေလာက္သာ ရွိမယ္လို႔ ထင္ရပါတယ္။  ဒါဆိုရင္ေတာ့ ျမန္မာေငြ ၃၃၀ ၀၀၀ ေလာက္က်သင့္ႏုိင္ပါတယ္။

လက္ရွိ ေရာင္းခ်ထားတဲ့ Vivo iQOO Neo မွာ ကုမၸဏီရဲ႕ လွ်င္ျမန္စြာ အားသြင္းႏုိင္တဲ့ နည္းပညာ ပါပါတယ္။ FlashCharge လို႔ အမည္ေပးထားၿပီး 22.5W ကို ေထာက္ပံ့ပါတယ္။ သူ႔မွာ MultiTurbo ထည့္သြင္းထားၿပီး ဂိမ္းကစားခ်ိန္မွာ အလြန္ ေခ်ာမြတ္လွ်င္ျမန္ေစမယ့္ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ ဂိမ္းမွ ထိန္းခ်ဳပ္ ခလုတ္မ်ားကို ႏွိပ္တဲ့ အခါမွာ တုန္႔ဆိုင္းျခင္း မရွိေအာင္ ျပဳလုပ္ေပးတဲ့ Touch Acceleration နည္းပညာ ထည့္သြင္းထားပါတယ္။ Vivo iQOO Neo ဟာ တရုတ္မွာ ေစ်းသက္သာတဲ့ Gaming Smartphone တစ္လံုး ျဖစ္ပါတယ္။

ေမာ္ဒယ္အသစ္ကေတာ့ ဒီထက္ပိုေစ်းသက္သာလာမွာ ျဖစ္ပါတယ္။ ေမာ္ဒယ္ အသစ္မွာ 4GB RAM နဲ႔ အတူ 128GB Storage ထည့္သြင္းထားႏုိင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ Gaming Smartphone မ်ားဟာ ေစ်းႀကီးၾကပါတယ္။ Vivo က အခုလို တန္ဖိုးသက္သာတဲ့ Gaming Smartphone မ်ားကို ထုတ္လုပ္ေပးတဲ့ အတြက္ အေျခခံ လူတန္းစားမ်ားပါ ၀ယ္ယူႏုိင္မွာပါ။

Ref : gsmarena

[Unicode]

Vivo iQOO Neo ရဲ့ 4GB RAM ပါတဲ့ Model ကို မှတ်ပုံတင်ထားပြီ

Vivo က Gaming Smartphone ဖြစ်တဲ့ iQOO ကို ထုတ်လုပ်ရောင်းချထားပါတယ်။ ဒီလ အစောပိုင်းမှာ သူ့ထက် ဈေးသက်သာတဲ့ Vivo iQOO Neo ကို ကြေညာထားပြီး သူ့မှာ 6GB RAM ထည့်သွင်းထားပါတယ်။ သူဟာ ယွမ် ၁၇၉၈ ( ၂၆၀ ဒေါ်လာ) ရှိပါတယ်။ မြန်မာငွေ ၃၉၀ ၀၀၀ လောက်ရှိနိုင်ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ 4GB RAM ပါတဲ့ Vivo iQOO Neo ကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် သူဟာ ဈေးပိုသက်သာလာမှာပါ။ မော်ဒယ် အသစ်ဟာ ယွမ် ၁၅၀၀ လောက်သာ ရှိမယ်လို့ ထင်ရပါတယ်။ ဒါဆိုရင်တော့ မြန်မာငွေ ၃၃၀ ၀၀၀ လောက်ကျသင့်နိုင်ပါတယ်။

လက်ရှိ ရောင်းချထားတဲ့ Vivo iQOO Neo မှာ ကုမ္ပဏီရဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ FlashCharge လို့ အမည်ပေးထားပြီး 22.5W ကို ထောက်ပံ့ပါတယ်။ သူ့မှာ MultiTurbo ထည့်သွင်းထားပြီး ဂိမ်းကစားချိန်မှာ အလွန် ချောမွတ်လျှင်မြန်စေမယ့် လုပ်ဆောင်ချက်များ ပါပါတယ်။ ဂိမ်းမှ ထိန်းချုပ် ခလုတ်များကို နှိပ်တဲ့ အခါမှာ တုန့်ဆိုင်းခြင်း မရှိအောင် ပြုလုပ်ပေးတဲ့ Touch Acceleration နည်းပညာ ထည့်သွင်းထားပါတယ်။ Vivo iQOO Neo ဟာ တရုတ်မှာ ဈေးသက်သာတဲ့ Gaming Smartphone တစ်လုံး ဖြစ်ပါတယ်။

မော်ဒယ်အသစ်ကတော့ ဒီထက်ပိုဈေးသက်သာလာမှာ ဖြစ်ပါတယ်။ မော်ဒယ် အသစ်မှာ 4GB RAM နဲ့ အတူ 128GB Storage ထည့်သွင်းထားနိုင်ပါတယ်။ များသောအားဖြင့်တော့ Gaming Smartphone များဟာ ဈေးကြီးကြပါတယ်။ Vivo က အခုလို တန်ဖိုးသက်သာတဲ့ Gaming Smartphone များကို ထုတ်လုပ်ပေးတဲ့ အတွက် အခြေခံ လူတန်းစားများပါ ဝယ်ယူနိုင်မှာပါ။

Ref : gsmarena