Zawgyi

Vivo ကုမၸဏီမွ သူတုိ႔ရဲ႕ iQOO အမွတ္တံဆိပ္သစ္ကို မိတ္ဆက္ခဲ့တုန္းက “Monster Inside” ဆုိတဲ့ အားရစရာေၾကြးေၾကာ္သံနဲ႔အတူ 44W အားသြင္းစနစ္၊ ေနာက္ဆုံးေပၚ Flagship ခ်စ္ပ္ဆက္အျပင္ Gaming ဖုန္း တစ္လုံးမွာ ပါသင့္တဲ့ Specs အလန္းစားေတြ ဝန္းရံလာခဲ့ပါတယ္။ အခုတစ္ခါ သူ႕ထက္ပိုၿပီး ေစ်းခ်ဳိသာတဲ့ ဗားရွင္းကို မိတ္ဆက္လာခဲ့ၿပီး Vivo iQOO Neo လို႔အမည္ေပးထားပါတယ္။

Vivo iQOO Neo ရဲ႕စိတ္ဝင္စားစရာအေကာင္းဆုံးအခ်က္ကေတာ့ Snapdragon 845 ကိုအသုံးျပဳထားတာပါ။ ဒီခ်စ္ပ္ဟာ ထြက္ခဲ့တာ တစ္ႏွစ္ေက်ာ္ရွိၿပီျဖစ္ေပမယ့္ အားနည္းသြားၿပီလို႔ ေျပာလုိ႔ မရေသးပါဘူး။ မ်က္ႏွာျပင္က 6.38” OLED ျဖစ္ကာ In-display Fingerprint ပါဝင္ပါတယ္။

SD845 ခ်စ္ပ္ရဲ႕ေဘးမွာေတာ့ 6/8 GB RAM နဲ႔ 64/128 GB Storage မန္မုိရီမ်ား ပါဝင္မွာပါ။ ေနာက္ဘက္မွာ 12MP + 8MP + 2MP Depth Sensor ကင္မရာသုံးလုံးတြဲပါဝင္ၿပီး ေရွ႕မွာေတာ့ 12MP ဆယ္ဖီကင္မရာပါဝင္တယ္။

မုိဘုိင္းဂိမ္းကစားဖို႔ ဦးတည္လာတဲ့အတြက္ iQOO Neo မွာ သီးသန္႔အေအးေပးစနစ္တစ္ခု ထည့္သြင္းလာၿပီး Vapor Chamber ကိုႏွစ္ဖက္ညွပ္ထားတဲ့ Multi-layer Graphite အလႊာႏွစ္ခုရယ္၊ အလူမီနီယံ အစိတ္အပုိင္းတစ္ခုရယ္ပါ။ ဒါေၾကာင့္ အျခား SD845 သုံးစြဲထားတဲ့ စမတ္ဖုန္းေတြထက္ ၃ ဒီဂရီဆဲလ္စီးယပ္ ပိုေအးလိမ့္မယ္လို႔ မိတ္ဆက္ခဲ့သူက ေျပာခဲ့ပါတယ္။

တရုတ္ျပည္တြင္းမွာေတာ့ Gaming စမတ္ဖုန္းေတြမွာ Performance Booster စနစ္ေတြက မပါမျဖစ္ လိုပါပဲ။ ဒါေၾကာင့္ iQOO Neo မွာ AI Turbo, Center Turbo, Net Turbo, Cooling Turbo အစရွိတဲ့ Feature ေတြကို Multi-Turbo အမည္ေအာက္မွာ စုစည္းထည့္သြင္းေပးလာတယ္။

အျခား Specs ေတြကေတာ့ Android Pie ကိုအေျခခံထားတဲ့ Funtouch OS 9 အျပင္ 4,500 mAh ေတာင္ရွိတဲ့ ဘကၳရီႀကီးတုိ႔ပါ။ သူ႕မွာ 22.5W FlashCharge ပါဝင္တဲ့အတြက္ မိနစ္သုံးဆယ္အားသြင္းရင္ ဒီဘကၳရီႀကီးရဲ႕ တစ္ဝက္တိတိ အားျပည့္မွာျဖစ္ပါတယ္။

အနက္ေရာင္နဲ႔ ခရမ္းေရာင္ႏွစ္မ်ဳိး ရရွိႏုိင္မယ့္ Vivo iQOO Neo ဖုန္းဟာ အေျခခံေမာ္ဒယ္ 6/64 GB အတြက္ တရုတ္ယြမ္ေငြ ၁,၇၉၈ (ျမန္မာေငြ ေလးသိန္းနီးပါး) သာက်သင့္မွာျဖစ္ၿပီး အျမင့္ဆုံး 8/128 GB ကေတာ့ တရုတ္ယြမ္ ၂,၂၉၈ (ျမန္မာေငြ ငါးသိန္းဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။ ပထမဆုံး Flash Sale ေရာင္းခ်ျခင္းကို ဇူလိုင္ ၈ ရက္ေန႔မွာ စတင္သြားမွာပါ။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီမှ သူတို့ရဲ့ iQOO အမှတ်တံဆိပ်သစ်ကို မိတ်ဆက်ခဲ့တုန်းက “Monster Inside” ဆိုတဲ့ အားရစရာကြွေးကြော်သံနဲ့အတူ 44W အားသွင်းစနစ်၊ နောက်ဆုံးပေါ် Flagship ချစ်ပ်ဆက်အပြင် Gaming ဖုန်း တစ်လုံးမှာ ပါသင့်တဲ့ Specs အလန်းစားတွေ ဝန်းရံလာခဲ့ပါတယ်။ အခုတစ်ခါ သူ့ထက်ပိုပြီး ဈေးချိုသာတဲ့ ဗားရှင်းကို မိတ်ဆက်လာခဲ့ပြီး Vivo iQOO Neo လို့အမည်ပေးထားပါတယ်။

Vivo iQOO Neo ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ Snapdragon 845 ကိုအသုံးပြုထားတာပါ။ ဒီချစ်ပ်ဟာ ထွက်ခဲ့တာ တစ်နှစ်ကျော်ရှိပြီဖြစ်ပေမယ့် အားနည်းသွားပြီလို့ ပြောလို့ မရသေးပါဘူး။ မျက်နှာပြင်က 6.38” OLED ဖြစ်ကာ In-display Fingerprint ပါဝင်ပါတယ်။

SD845 ချစ်ပ်ရဲ့ဘေးမှာတော့ 6/8 GB RAM နဲ့ 64/128 GB Storage မန်မိုရီများ ပါဝင်မှာပါ။ နောက်ဘက်မှာ 12MP + 8MP + 2MP Depth Sensor ကင်မရာသုံးလုံးတွဲပါဝင်ပြီး ရှေ့မှာတော့ 12MP ဆယ်ဖီကင်မရာပါဝင်တယ်။

မိုဘိုင်းဂိမ်းကစားဖို့ ဦးတည်လာတဲ့အတွက် iQOO Neo မှာ သီးသန့်အအေးပေးစနစ်တစ်ခု ထည့်သွင်းလာပြီး Vapor Chamber ကိုနှစ်ဖက်ညှပ်ထားတဲ့ Multi-layer Graphite အလွှာနှစ်ခုရယ်၊ အလူမီနီယံ အစိတ်အပိုင်းတစ်ခုရယ်ပါ။ ဒါကြောင့် အခြား SD845 သုံးစွဲထားတဲ့ စမတ်ဖုန်းတွေထက် ၃ ဒီဂရီဆဲလ်စီးယပ် ပိုအေးလိမ့်မယ်လို့ မိတ်ဆက်ခဲ့သူက ပြောခဲ့ပါတယ်။

တရုတ်ပြည်တွင်းမှာတော့ Gaming စမတ်ဖုန်းတွေမှာ Performance Booster စနစ်တွေက မပါမဖြစ် လိုပါပဲ။ ဒါကြောင့် iQOO Neo မှာ AI Turbo, Center Turbo, Net Turbo, Cooling Turbo အစရှိတဲ့ Feature တွေကို Multi-Turbo အမည်အောက်မှာ စုစည်းထည့်သွင်းပေးလာတယ်။

အခြား Specs တွေကတော့ Android Pie ကိုအခြေခံထားတဲ့ Funtouch OS 9 အပြင် 4,500 mAh တောင်ရှိတဲ့ ဘက္ထရီကြီးတို့ပါ။ သူ့မှာ 22.5W FlashCharge ပါဝင်တဲ့အတွက် မိနစ်သုံးဆယ်အားသွင်းရင် ဒီဘက္ထရီကြီးရဲ့ တစ်ဝက်တိတိ အားပြည့်မှာဖြစ်ပါတယ်။

အနက်ရောင်နဲ့ ခရမ်းရောင်နှစ်မျိုး ရရှိနိုင်မယ့် Vivo iQOO Neo ဖုန်းဟာ အခြေခံမော်ဒယ် 6/64 GB အတွက် တရုတ်ယွမ်ငွေ ၁,၇၉၈ (မြန်မာငွေ လေးသိန်းနီးပါး) သာကျသင့်မှာဖြစ်ပြီး အမြင့်ဆုံး 8/128 GB ကတော့ တရုတ်ယွမ် ၂,၂၉၈ (မြန်မာငွေ ငါးသိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ပထမဆုံး Flash Sale ရောင်းချခြင်းကို ဇူလိုင် ၈ ရက်နေ့မှာ စတင်သွားမှာပါ။

Ref – GSM Arena