[Zawgyi]





Ref – GSM Arena

[Unicode]

Vivo ရဲ့အမှတ်တံဆိပ်အသစ် iQOO Gaming စမတ်ဖုန်းဟာ သူတို့ရဲ့ Weibo ဆိုရှယ်အကောင့်ကနေ iQOO Samurai Black ဗားရှင်းကို ထပ်မံရောင်းချလာမယ်လို့ ကြေငြာလိုက်ပါတယ်။ အနက်ရောင်ကာလာသစ်နဲ့ ဖုန်းအသစ်ဟာ Snapdragon 855 နဲ့ 12GB RAM အသုံးပြုထားတဲ့ ဖုန်းတွေထဲမှာ ဈေးအချိုဆုံးဟန်းဆက်အဖြစ် ဈေးကွက်ထဲရောက်လာမှာဖြစ်ပါတယ်။

128GB Storage ပါတဲ့ iQOO Samurai Black ဟန်းဆက်ရဲ့ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၃၆၉၈ (မြန်မာငွေ ရှစ်သိန်းလေးသောင်းနီးပါး) ကျသင့်မှာပါ။ ဒီဖုန်းရဲ့နောက်ဘက်မှာ 3D Glass Panel တပ်ဆင်ထားပြီး LED မီးတန်းလေးမှာ သူတို့လက်သုံးစကားဖြစ်တဲ့ “Monster Inside” ဆိုတာကိုရေးထားတယ်။

ရှေ့ဘက်မှာ Waterdrop Notch တစ်ခုပါတဲ့ 6.41” လက်မအရွယ် AMOLED Display ဖြစ်တယ်။ Android 9 Pie OS ကိုအခြေခံထားတဲ့ FunTouch 9 UI ကိုပဲ အသုံးပြုရမှာပါ။ Fingerprint ဆင်ဆာကိုလည်း Display အောက်မှာပဲ ထည့်လာတယ်။

Vivo iQOO စမတ်ဖုန်းမှာ 4,000 mAh ဘက္ထရီကြီးပါဝင်ပြီး သူ့ကိုအားအမြန်သွင်းပေးဖို့ 44W စနစ် ပါဝင်တယ်။ နောက်မှာ 12MP + 13MP + 2MP ကင်မရာသုံးလုံးတွဲနဲ့ 12MP ဆယ်ဖီကင်မရာတစ်ခုတို့ ထည့်သွင်းထားပါတယ်။ iQOO Samurai Black Edition ဖုန်းဟာ Vivo ရဲ့အွန်လိုင်းစတိုးကနေတဆင့် တရုတ်ပြည်တွင်းမှာ အရင်ရောင်းချလာမှာပါ။

Ref – GSM Arena