MediaTek ဟာ 144Hz refresh rate ကို ထောက်ပံ့ပေးနိုင်တဲ့ Dimensity 1000+ ကို ပွဲထုတ်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နောက်တစ်နေ့မှာပဲ Vivo ရဲ့ iQOO Z1 က ဒီ Chipset ကို အသုံးပြုထားတယ်ဆိုတဲ့ သတင်းက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

MediaTek ရဲ့ Dimensity 1000+ ဟာ Dimensity 1000 ထက် ပိုသာတဲ့စွမ်းဆောင်ရည်တွေကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီ Chipset ဟာ ဂိမ်းမင်းဖုန်းတွေအတွက် အဓိကထား ဦးတည်ထုတ်လုပ်ထားတယ်ဆိုတာကိုတော့ သံသယဖြစ်စရာမလိုပါဘူး။ Vivo ရဲ့ ဂိမ်းမင်းဌာနခွဲကလည်း ကုမ္ပဏီအနေနဲ့ ပလက်ဖောင်းအသစ်နဲ့ စမတ်ဖုန်းကို ထုတ်လုပ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

iQOO Z1 လို့ လူတွေသိထားတဲ့ Vivo ရဲ့ ဂိမ်းမင်းဖုန်းဟာ Dimensity 1000+ နဲ့ဖြစ်ကြောင်းကို တရားဝင်သိရတာမဟုတ်ပေမယ့် နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat station က Weibo မှာမျှဝေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် iQOO Z1 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘဲ ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် iQOO Z1 အနေနဲ့ MediaTek SoC က ထောက်ပံ့ပေးတဲ့ 144Hz Refresh Rate မျက်နှာပြင်အပါအဝင် 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ စွမ်းရည်လည်း ပါဝင်လာမယ်လို့ ယုံကြည်ရပါတယ်။ Dimensity 1000+ ဟာ 7nm လုပ်ငန်းစဉ်ပေါ်မှာ တည်ဆောက်ထားပြီး Cortex-A77 Cores လေးခု၊ Cortex-A55 ယူနစ် လေးခု ပါဝင်ပါတယ်။

Ref: GSM Arena