vivo Mobile Myanmar မှ မြန်မာနိုင်ငံတစ်ဝှမ်း ‌ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများကို နာရေးကူညီမှုအသင်း-ရန်ကုန် သို့ စက်တင်ဘာလ (၂၁)ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။နာရေးကူညီမှု အသင်း-ရန်ကုန် မှတစ်ဆင့် မြန်မာနိုင်ငံရှိ ‌ရေဘေးဒဏ်ခံစားနေရသော ဒေသအသီးသီးလို့ အဆင့်ဆင့် လှူဒါန်းသွားမည် ဖြစ်သည်။

အဆိုပါ လှူဒါန်းမှုကို vivo Mobile Myanmar မှ ဝန်ထမ်းများနှင့်အတူ vivo ရဲ့ မိသားစုဝင်များဖြစ်ကြသော သရုပ်ဆောင်အလင်းရောင်၊ အဆိုတော် ထက်ယံ၊ Alice Ongနှင့် ဆုလှိုင်တို့မှလည်း လုပ်အားပေး ပါဝင်ကူညီခဲ့ကြသည်။ ထို့အပြင် vivo အနေဖြင့် မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်ရှိ ရေဘေးဒဏ်ခံစားနေရသော vivo မိသားစုဝင်များကိုလည်း သက်ဆိုင်ရာ ဌာနများမှ အဆင့်ဆင့် လိုအပ်သောပစ္စည်းများကို ပေးပို့နိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ရေဘေးသင့်ဒေသအသီးသီးက ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေကိုရွေးချယ်လှူဒါန်းပြီး နောက်ထပ်လဲ လိုအပ်နေတဲ့နေရာတွေကို ဆက်လက်ကူညီ ဖြည့်ဆည်းနိုင်အောင် ကြိုးစားသွားပါမယ်။” ဟု vivo ၏ CEO ဖြစ်သူ Mr. Nelson Ni မှ ပြောကြားခဲ့သည်။

vivo Mobile Myanmarသည် ယခုကဲ့သို့ ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးများအတွက် များစွာ စိတ်မကောင်းဖြစ်ရသလို ယခုလိုတစ်ဖက်တစ်လမ်းကနေ အစဉ်အပြတ်ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

Media release: vivo