vivo V40 Series ၏ နောက်ဆက်တွဲဖြစ်တဲ့ နောက်ဆုံးပေါ် vivo V40 Lite ကို မြန်မာငွေ ၁,၁၉၉,၈၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်ခဲ့သည်။ ဆန်းသစ်လှပပြီး ကျော့ရှင်းသော ဒီဇိုင်းနှင့် ကြာရှည်ခံသော စွမ်းဆောင်ရည်တို့ ပေါင်းစပ်ထားပြီး တမူထူးခြားသော သုံးစွဲမှု အတွေ့အကြုံကို ယူဆောင်လာမည်ဖြစ်သည်။

ပါးလွှာပြီး ကျော့ရှင်းလှပသော ဒီဇိုင်း

V40 Lite တွင် Premium ဆန်ပြီးခေတ်မှီတင့်တယ်သောကာလာနှင့်နေရောင်အောက်တွင်အရောင်ပြောင်းနိုင်သော Diamond Starry Texture ပါဝင်သော Titanium Silver ဟူသောအရောင်၊ ပန်းပွင့်လေးများ၏အရောင်သဖွယ်စိတ်ကူးယဉ်စရာနူးညံ့လှပပြီး ပွင့်ဖတ်လေးများ၏Patternကို 3D Design ဖြင့်ဖုန်း၏ကျောဘက်တွင်ထိတွေ့နိုင်မည့် Dreamy Violet ဟူသောအရောင်အနေဖြင့် နှစ်မျိုးရွေးချယ်ရရှိနိုင်မည်ဖြစ်သည်။ Cushion-Cut Diamond ကင်မရာဒီဇိုင်းနှင့် ထူးခြားကောင်းမွန်စွာ ဖန်တီးထားသောကြောင့် ဆန်းသစ်လှပသော ဖုန်းအသွင်အပြင်ကို ရရှိစေသည်။ ၆.၆၇ လက်မ၊ FHD+ AMOLED မျက်နှာပြင်၊ ပြောင်လက်လှပသော ဘေးဘောင်နှင့် ပါးလွှာသော ၇.၇၉ မီလီမီတာတို့ ပေါင်းစပ်ထားသည့် V40 Liteသည် သက်သောင့်သက်သာနှင့် စတိုင်လ်ကျသောခံစားမှုကို ပေးစွမ်းနိုင်သည်။

ကြာရှည်စွာ ချောချောမွေ့မွေ့သုံးစွဲနိုင်သည့် စွမ်းဆောင်ရည်
vivo V40 Lite သည် 80W FlashCharge အမြန်အားသွင်းစနစ် တပ်ဆင်ထားသောကြောင့် နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် များစွာလှသော အလုပ်တာဝန်တွေကို အခက်အခဲမရှိ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်ရန် ကူညီပေးနိုင်သည်။ ထို့အပြင် 5000 mAh battery သည် ၄နှစ်ကြာ battery အရည်အသွေးကို ကြာရှည်ခံနိုင်ပြီး အချိန်နှင့်အမျှ စွမ်း‌ဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်သည်။ IP64 Dust and Water Resistance သည် ဖုန်ဒဏ်နှင့်ရေစိုဒဏ်ကို ခံနိုင်ရည်ရှိသည့်အပြင် လက်ရေစိုနေသည့်တိုင်အောင် အသုံးပြုနိုင် သည့် နည်းပညာ ပါဝင်သောကြောင့် မည်သည့်အခြေအနေတွင်မဆို အဆက်အသွယ်ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင်ပေးသည်။

vivo V40 Lite သည် လုပ်ဆောင်ချက် ၃ ခုဖြစ်သော Extended RAM 3.0 , RAM Saver, App Retainer က ပိုမိုကောင်းမွန်သော မှတ်ဉာဏ်စွမ်းရည်ကို ရရှိနိုင်စေရန် အထောက်အပံ့ပေးသည်။ Extended RAM 3.0 နည်းပညာသည် ထပ်တိုးမှတ်ဉာဏ် RAM 8 GBအထိ တိုးမြှင့်နိုင်ပြီး များစွာသော နောက်ခံ အက်ပ်ပလီကေးရှင်း တွေကို ဖျက်စရာမလိုပဲ နဂိုမူလပုံစံအတိုင်း သိမ်းဆည်းနိုင်မည်ဖြစ်သည်။ဤလုပ်ဆောင်ချက်သည် တစ်ချက်နှိပ်လိုက်ရုံဖြင့် အက်ပ်ပလီကေးရှင်းများ တစ်ခုနှင့်တစ်ခု အကူးအပြောင်းကို ချောမွေ့မြန်ဆန်စေသည်။ ထို့ကြောင့် လုပ်ဆောင်ချက်တိုင်းကို ချောချောမွေ့မွေ့လုပ်ဆောင်နိုင်တဲ့ အတွေ့အကြုံကို ရရှိစေမှာပါ။ V40 Liteတွင် များစွာသောမှတ်ဉာဏ်ပမာဏကို ရွေးချယ်နိုင်သည့်အပြင် ထပ်တိုးမှတ်ဉာဏ် 1 TB အထိ အသုံးပြုများ၏ စိတ်တိုင်းကျထပ်တိုးနိုင်တာကြောင့် အက်ပ်ပလီကေးရှင်းများ၊ ဗီဒီယိုနှင့် ဖိုင်များ သိမ်းဆည်းရာမှာလည်း အဆင်ပြေ လွယ်ကူစေမှာပါ။

AI ပါဝင်လာသော vivo ဓာတ်ပုံစနစ်
နေ့စဉ်ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်တွေကို ရိုက်ကူးသိမ်းဆည်းထားရန်အတွက် V40 Lite တွင် 32 MP Portrait ကင်မရာ၊ 2 MP Bokeh ကင်မရာ၊ 50 MP Main ကင်မရာနှင့် အဆင့်မြှင့်တင်ထားသော AI Aura Light လုပ်ဆောင်ချက်တို့ ပါဝင်သည်။ ဆန်းသစ်ထားသော အလင်းစနစ်လုပ်ဆောင်ချက်သည် သာမန်ဖုန်းအလင်းထက် ၇၅ဆ ပိုမိုပျော့ပြောင်းပြီး ၈ဆ ပိုမိုကျယ်ပြန့်သော အလင်းသည် စတူဒီယို အရည်အသွေး ဓာတ်ပုံကို လုပ်ဆောင်ပေးနိုင်သည်။32 MP HD Aura Selfie ကင်မရာသည် AI Erase နှင့် AI Photo Enhance လုပ်ဆောင်ချက်တို့ ပါဝင်ပြီး မိမိမလိုချင်သော အရာဝတ္ထုများကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ပြီး ဓာတ်ပုံအရည်အသွေးကို တိုးမြှင့်ပေးသည်။

ပြီးပြည့်စုံသည့်အတွေ့အကြုံအတွက် သာလွန်သောလုပ်ဆောင်ချက်
V40 Lite သည် သူမတူသောအတွေ့အကြုံကိုခံစားနိုင်စေရန် ၆.၆၇ လက်မ၊ FHD+ AMOLED မျက်နှာပြင်နှင့် လုပ်ဆောင်ထားပြီး ရင်သက်ရှုမောဖွယ်ရာ အသွင်အပြင်ကို ပေးစွမ်းနိုင်သည်။ Snapdragon®685 တပ်ဆင်ထားသောကြောင့် ချောမွေ့သောစွမ်းဆောင်ရည်နှင့် ပါဝါသုံးစွဲမှုကို ထိထိရောက်ရောက် သက်သာစေသည်။ ပြီးပြည့်စုံသော အတွေ့အကြုံအတွက် 120 Hz AMOLED မျက်နှာပြင်ကို Dual Stereo Speakers နှင့် Audio Booster နည်းပညာဖြင့် ပေါင်းစပ်ထားသောကြောင့် ကြည်လင်ပြတ်သားပြီး သာလွန်ကောင်းမွန်တဲ့ အသံအရည်အသွေးကို ပေးစွမ်းနိုင်ရုံသာမက ကြည်လင်ပြတ်သားပြီး တောက်ပသော မျက်နှာပြင်ကို ပေးစွမ်းနိုင်သည်။

Battery လဲလှယ်ပေးမည့်အစီအစဉ်
vivo V40 Lite ကို မြန်မာငွေ ၁,၁၉၉,၈၀၀ ကျပ်ဖြင့် အောက်တိုဘာလ (၂၂)ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး ကြိုတင် Pre-Order မှာယူမည့်သူတွေအနေဖြင့် Night Lamp နှင့် 20,000 mAh Power Bank ကို လက်ဆောင်ရရှိမည်ဖြစ်သည်။အောက်တိုဘာလ (၂၂)ရက် မှစတင်ပြီး နိုဝင်ဘာလ (၃၀) ရက်နေ့အတွင်း vivo V40 Lite ဝယ်ယူထားသူများ အနေဖြင့် (၄)နှစ်အတွင်း Battery Health 80% အောက်သို့ကျဆင်းခဲ့ပါလျှင် vivo၏တရားဝင် Service Center များတွင် တစ်ကြိမ်အခမဲ့ Battery လဲလှယ်ပေးမည်ဖြစ်သည်။ vivo အရောင်းကောင်တာများမှ ပေးသော Warranty ကတ်ကိုသေချာသိမ်းဆည်းထားရမည်ဖြစ်ပြီး E warranty ပြုလုပ်ပြီးမှသာ အကျုံးဝင် မည်ဖြစ်ပါသည်။

Media release: vivo