Vivo ကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Under-Display Fingerprint နည်းပညာကို အသုံးပြုထားတဲ့ Vivo X20 Plus UD စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ အဆိုပါ နည်းပညာကို အသုံးပြုပြီး အခြားသော စမတ်ဖုန်းတွေကိုပါ ကြေငြာသွားတော့မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Vivo X21 စမတ်ဖုန်းဖြစ်ပြီး အဆိုပါ စမတ်ဖုန်းဟာ မနှစ်ကပြသသွားတဲ့ Vivo X20 Plus UD ကို အဆင့်မြှင့်ထားတဲ့ဖုန်းဖြစ်လာမှာဖြစ်ပြီးတော့ လာမယ့်မတ်လ ၁၉ ရက်နေ့မှာကြေငြာသွားမှာဖြစ်ပါတယ်။

နောက်ထပ်ဖုန်းတစ်ခုကတော့ India အပါအဝင် နိုင်ငံတကာဈေးကွက်ကို ဦးတည်ရောင်းချသွားမယ့် Vivo V9 စမတ်ဖုန်းပဲဖြစ်ပြီး ပထမဆုံးသော ကြေငြာမှုကိုတော့ အိန္ဒိယနိုင်ငံမှာ မတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Vivo X21 စမတ်ဖုန်းဟာ ၂၀၁၈ ခုနှစ်အတွက် ပထမဆုံး Under-Display Fingerprint ရော၊ ပထမဆုံး Display ကို Screen အပြည့်ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ Vivo V9 ဖုန်းကိုတော့ ယခင်ရောင်းချခဲ့တဲ့ Vivo V7 စမတ်ဖုန်းထက် သိသိသာသာကောင်းမွန်တဲ့ ဒီဇိုင်းနဲ့ ကင်မရာတွေပါဝင်လာဖို့ရှိတယ်လို့ ယူဆရပါတယ်။