[Zawgyi]

Vivo ဟာ NEX 3 5G ကို လာမယ့္ စက္တင္ဘာ ၁၆ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ NEX 3 5G အေၾကာင္းသတင္းထုတ္ျပန္မႈက စက္တင္ဘာ ပထမပတ္ေလာက္ကတည္းက ထြက္ခဲ့သလို အဓိကအခ်က္အေတာ္မ်ားမ်ားကလည္း ကုမၸဏီကပဲ ထုတ္ျပန္ေပးခဲ့တာပါ။

အခုေတာ့ Vivo NEX 3 5G ကို Geekbench ေပၚမွာ ေတြ႕ျမင္ေနရၿပီ ျဖစ္ပါတယ္။ Geekbench ကေဖာ္ျပေနတာကေတာ့ NEX 3 5G ဟာ Android Pie ေမာင္းႏွင္ထားတာျဖစ္ၿပီး မန္မိုရီကေတာ့ 8GB of RAM ျဖစ္ပါတယ္။ Motherboard အျဖစ္ ကုဒ္နာမည္ “msmnile” ကိုေတြ႕ရၿပီး Processor Information ေၾကာင့္ Snapdragon 855+ လို႔ပဲ ဆိုႏိုင္ပါတယ္။

Vivo NEX 3 5G ရဲ႕ Geekbench ရမွတ္ေတြကေတာ့ Single-Core ရမွတ္ဟာ 3627 ျဖစ္ၿပီး Multi-Core ရမွတ္ကေတာ့ 11,347 ျဖစ္တာကို ေတြ႕ရပါတယ္။ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဒီ Chipset သုံးထားတဲ့ အျခား Device ေတြနဲ႔ ရမွတ္ျခင္း သိပ္မကြာဘူးလို႔ပဲ ဆိုရမွာပါ။

ဟန္းဆက္ရဲ႕ ဒီဇိုင္းကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္က TENAA မွာ ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ ေက်ာဘက္မွာ ကင္မရာ သုံးလုံးတပ္ဆင္ေပးထားတာပါ။ အဓိက ကင္မရာဟာ 64MP ျဖစ္ဖြယ္ရွိၿပီး 13MP Telephoto နဲ႔ Ultra-wide-angle ေတြနဲ႔အတူ ေပါင္းစည္းထားဖြယ္ရွိပါတယ္။ အေရွ႕ဘက္ကင္မရာနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္က 16MP selfie sensor ကိုပဲ ေတြ႕ျမင္ရတာပါ။

Vivo NEX 3 5G ရဲ႕ ပ႐ိုမိုဗီဒီယိုအရ Pop-up ကင္မရာအမ်ိဳးအစားျဖစ္ၿပီး ကင္မရာအိမ္ဟာ ကင္မရာတစ္လုံးစာထက္ ပိုေနတာလည္း ျမင္ေတြ႕ရပါတယ္။ ဒါေၾကာင့္ 3D face recognition နည္းပညာ၊ ဒါမွမဟုတ္ ToF sensor တစ္ခုခု ပါဝင္လာႏိုင္ဖြယ္ ရွိတယ္လို႔ သုံးသပ္ရပါတယ္။

Ref: GSM Arena

[Unicode]

Geekbench မှာ တွေ့မြင်လာရပြီဖြစ်တဲ့ Vivo NEX 3 5G

Vivo ဟာ NEX 3 5G ကို လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ NEX 3 5G အကြောင်းသတင်းထုတ်ပြန်မှုက စက်တင်ဘာ ပထမပတ်လောက်ကတည်းက ထွက်ခဲ့သလို အဓိကအချက်အတော်များများကလည်း ကုမ္ပဏီကပဲ ထုတ်ပြန်ပေးခဲ့တာပါ။

အခုတော့ Vivo NEX 3 5G ကို Geekbench ပေါ်မှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ Geekbench ကဖော်ပြနေတာကတော့ NEX 3 5G ဟာ Android Pie မောင်းနှင်ထားတာဖြစ်ပြီး မန်မိုရီကတော့ 8GB of RAM ဖြစ်ပါတယ်။ Motherboard အဖြစ် ကုဒ်နာမည် “msmnile” ကိုတွေ့ရပြီး Processor Information ကြောင့် Snapdragon 855+ လို့ပဲ ဆိုနိုင်ပါတယ်။

Vivo NEX 3 5G ရဲ့ Geekbench ရမှတ်တွေကတော့ Single-Core ရမှတ်ဟာ 3627 ဖြစ်ပြီး Multi-Core ရမှတ်ကတော့ 11,347 ဖြစ်တာကို တွေ့ရပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီ Chipset သုံးထားတဲ့ အခြား Device တွေနဲ့ ရမှတ်ခြင်း သိပ်မကွာဘူးလို့ပဲ ဆိုရမှာပါ။

ဟန်းဆက်ရဲ့ ဒီဇိုင်းကတော့ ပြီးခဲ့တဲ့တစ်ပတ်က TENAA မှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာ သုံးလုံးတပ်ဆင်ပေးထားတာပါ။ အဓိက ကင်မရာဟာ 64MP ဖြစ်ဖွယ်ရှိပြီး 13MP Telephoto နဲ့ Ultra-wide-angle တွေနဲ့အတူ ပေါင်းစည်းထားဖွယ်ရှိပါတယ်။ အရှေ့ဘက်ကင်မရာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့အချက်က 16MP selfie sensor ကိုပဲ တွေ့မြင်ရတာပါ။

Vivo NEX 3 5G ရဲ့ ပရိုမိုဗီဒီယိုအရ Pop-up ကင်မရာအမျိုးအစားဖြစ်ပြီး ကင်မရာအိမ်ဟာ ကင်မရာတစ်လုံးစာထက် ပိုနေတာလည်း မြင်တွေ့ရပါတယ်။ ဒါကြောင့် 3D face recognition နည်းပညာ၊ ဒါမှမဟုတ် ToF sensor တစ်ခုခု ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ရပါတယ်။

Ref: GSM Arena