[Zawgyi]

Vivo NEX 3 မွာ Waterfall Display နဲ႔ 5G ဆက္သြယ္မႈပါမယ္ဆိုတဲ့ သတင္းေတြ အရင္ကထြက္ခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ထပ္မံမွ်ေ၀လိုက္ပါတယ္။ Vivo ရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ Li Xiang က စက္တင္ဘာလမွာ Vivo NEX 3 5G ကို တရုတ္မွာ ေၾကညာမယ္လို႔ ေျပာပါတယ္။

သူက ၀ီဘို ကေန ေၾကညာလိုက္တာ ျဖစ္ၿပီး ပို႔စ္မွာ “Here it comes! #5G Vivo NEX 3 releasing in September!” လို႔ ေရးသားထားပါတယ္။ ဒါေပမယ့္ ေၾကညာမယ့္ ေန႔အတိအက်ကိုေတာ့ သူက မေျပာထားပါဘူး။ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕လည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္းရွိမယ္လို႔ သိရၿပီး ဒါဟာ Waterfall Display Design ေၾကာင့္ ျဖစ္ပါတယ္။ Qualcomm Snapdragon 855+ Chipset ပါလာမွာ ျဖစ္ၿပီး အေနာက္ကင္မရာ ၃ လံုးထဲမွာ 64MP Main Camera ၁ လံုးပါမယ္လို႔ သတင္းထြက္လာပါတယ္။

Screen-to-body Ratio ဟာ အရမ္း ျမင့္မားတဲ့ အတြက္ Vivo NEX 3 5G မွာ Notch မပါလာဘူးဆိုတာ ေသခ်ာပါတယ္။ အဲဒီအတြက္ Pop-up Camera ကို အသံုးျပဳထားႏုိင္ပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕သတင္းေတြက မ်က္ႏွာျပင္ေအာက္ အေရွ႕ကင္မရာ ပါလာမယ္လို႔ ေျပာေနပါတယ္။ 3.5mm Headphone Jack နဲ႔ 44W Fast Charging ေတြ ပါလာႏုိင္ပါတယ္။

OPPO က ကင္မရာကို မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားတဲ့ နမူနာ ဖုန္းကို မၾကာခင္က ျပသထားပါတယ္။ Vivo Nex 3 မွာလည္း အဲဒီလို ကင္မရာ ထည့္သြင္းထားႏုိင္ပါတယ္။  OPPO နဲ႔ Vivo တို႔ရဲ႕ မိခင္ ကုမၸဏီက BKK Electronics ျဖစ္တဲ့အတြက္ ကုမၸဏီ ႏွစ္ခုဟာ မ်က္ႏွာျပင္ေအာက္မွာ အေရွ႕ကင္မရာ ျမွပ္ႏွံထားတဲ့ နည္းပညာကို မွ်ေ၀သံုးစြဲႏုိင္ပါတယ္။

Ref : technave

[Unicode]

Snapdragon 855+ နဲ့ 64MP Camera ပါလာမယ့် Vivo NEX 3 5G

Vivo NEX 3 မှာ Waterfall Display နဲ့ 5G ဆက်သွယ်မှုပါမယ်ဆိုတဲ့ သတင်းတွေ အရင်ကထွက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ထပ်မံမျှဝေလိုက်ပါတယ်။ Vivo ရဲ့ ထုတ်ကုန် မန်နေဂျာ Li Xiang က စက်တင်ဘာလမှာ Vivo NEX 3 5G ကို တရုတ်မှာ ကြေညာမယ်လို့ ပြောပါတယ်။

သူက ဝီဘို ကနေ ကြေညာလိုက်တာ ဖြစ်ပြီး ပို့စ်မှာ “Here it comes! #5G Vivo NEX 3 releasing in September!” လို့ ရေးသားထားပါတယ်။ ဒါပေမယ့် ကြေညာမယ့် နေ့အတိအကျကိုတော့ သူက မပြောထားပါဘူး။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့လည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်းရှိမယ်လို့ သိရပြီး ဒါဟာ Waterfall Display Design ကြောင့် ဖြစ်ပါတယ်။ Qualcomm Snapdragon 855+ Chipset ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံးထဲမှာ 64MP Main Camera ၁ လုံးပါမယ်လို့ သတင်းထွက်လာပါတယ်။

Screen-to-body Ratio ဟာ အရမ်း မြင့်မားတဲ့ အတွက် Vivo NEX 3 5G မှာ Notch မပါလာဘူးဆိုတာ သေချာပါတယ်။ အဲဒီအတွက် Pop-up Camera ကို အသုံးပြုထားနိုင်ပါတယ်။ ဒါပေမယ့်လည်း အချို့သတင်းတွေက မျက်နှာပြင်အောက် အရှေ့ကင်မရာ ပါလာမယ်လို့ ပြောနေပါတယ်။ 3.5mm Headphone Jack နဲ့ 44W Fast Charging တွေ ပါလာနိုင်ပါတယ်။

OPPO က ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားတဲ့ နမူနာ ဖုန်းကို မကြာခင်က ပြသထားပါတယ်။ Vivo Nex 3 မှာလည်း အဲဒီလို ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။ OPPO နဲ့ Vivo တို့ရဲ့ မိခင် ကုမ္ပဏီက BKK Electronics ဖြစ်တဲ့အတွက် ကုမ္ပဏီ နှစ်ခုဟာ မျက်နှာပြင်အောက်မှာ အရှေ့ကင်မရာ မြှပ်နှံထားတဲ့ နည်းပညာကို မျှဝေသုံးစွဲနိုင်ပါတယ်။

Ref : technave