[Zawgyi]

Vivo ရဲ႕ NEX 3 နဲ႔ပတ္သက္တဲ့သတင္းေတြကေတာ့ အေတာ္ေလးကို စုံစုံလင္လင္ ေပါက္ၾကားခဲ့ၿပီးသား ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ July လကုန္ေလာက္ကတည္းက တျဖည္းျဖည္းနဲ႔ ထြက္ေပၚလာတဲ့သတင္းေတြဟာ အခုလို စက္တင္ဘာလဆန္းေရာက္ခ်ိန္မွာ Spec အျပည့္အစုံနီးပါးကို သိေနရတဲ့အထိပဲ ျဖစ္ပါတယ္။

စက္တင္ဘာလထဲမွာ ေဈးကြက္ထဲေရာက္မယ္လို႔သတင္းထြက္ထားတဲ့ Vivo NEX 3 ဟာ 5G ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းအမ်ိဳးအစားလည္း ရရွိမွာ ျဖစ္ပါတယ္။ Waterfall မ်က္ႏွာျပင္ရဲ႕ ေဘးဘက္ေကြးခုံးမႈက အေတာ္ေလးကို စိတ္ေက်နပ္စရာေကာင္းတယ္လို႔ သိရပါတယ္။

Weibo ရဲ႕ Leakster က ထုတ္ေဖာ္လိုက္တဲ့ Vivo NEX 3 ရဲ႕ Specs ေတြကလည္း မ်က္ခုံးပင့္စရာပါပဲ။ NEX 3 ဟာ 64MP အပါအဝင္ ေက်ာဘက္ကင္မရာသုံးလုံးတပ္ဆင္ေပးထားပါတယ္။ က်န္တဲ့ကင္မရာေတြကေတာ့ 13MP ေတြျဖစ္ၾကၿပီး Telephoto နဲ႔ Ultra-wide-angle ေတြပဲ ျဖစ္ပါလိမ့္မယ္။ Selfie အတြက္ကေတာ့ 16MP Pop-up ကင္မရာ လို႔သိရပါတယ္။

ေကာလာဟလေတြထြက္ထားတဲ့အတိုင္း Snapdragon 855 Plus SoC နဲ႔ပဲ ျဖစ္တာကို ေတြ႕ရပါတယ္။ ေပါက္ၾကားလာတဲ့ Specs sheet အရ Vivo NEX 3 နဲ႔ NEX 3 5G တို႔က ကြာျခားမႈမရွိပါဘူး။ 5G အမ်ိဳးအစားက 5G modem ပါတာရယ္ အေလးခ်ိန္ မဆိုစေလာက္ေလး ပိုတာရယ္ပဲ ကြာျခားပါတယ္။ RAM က 8GB နဲ႔ 12GB ႏွစ္မ်ိဳးျဖစ္ၿပီး သိုေလွာင္မႈကေတာ့ 128GB/256GB နဲ႔ 512GB ဆိုၿပီး သုံးမ်ိဳးစီေတြ႕ရွိရပါတယ္။

ဘက္ထရီကေတာ့ 4,500 mAh ပမာဏကို တပ္ဆင္ေပးထားတာျဖစ္ၿပီး 44W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။ 3.5mm headphone jack ပါဝင္သလို USB Type-C လည္း ပါဝင္တယ္လို႔ သိရပါတယ္။ ေဈးႏႈန္းကေတာ့ NEX 3 ဟာ CNY 4,998 (၁၀ သိန္း ၆ ေသာင္းဝန္းက်င္) ျဖစ္ႏိုင္ၿပီး NEX 3 5G ကေတာ့ CNY 500 (၁ သိန္း ၅ ေထာင္ဝန္းက်င္) ပိုေပးရဖြယ္ရွိတယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

Snapdragon 855 Plus နဲ့ Vivo NEX 3 5G ရဲ့ Specs တွေ ပေါက်ကြားလာ

Vivo ရဲ့ NEX 3 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ အတော်လေးကို စုံစုံလင်လင် ပေါက်ကြားခဲ့ပြီးသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ July လကုန်လောက်ကတည်းက တဖြည်းဖြည်းနဲ့ ထွက်ပေါ်လာတဲ့သတင်းတွေဟာ အခုလို စက်တင်ဘာလဆန်းရောက်ချိန်မှာ Spec အပြည့်အစုံနီးပါးကို သိနေရတဲ့အထိပဲ ဖြစ်ပါတယ်။

စက်တင်ဘာလထဲမှာ ဈေးကွက်ထဲရောက်မယ်လို့သတင်းထွက်ထားတဲ့ Vivo NEX 3 ဟာ 5G ချိတ်ဆက်အသုံးပြုနိုင်တဲ့ စမတ်ဖုန်းအမျိုးအစားလည်း ရရှိမှာ ဖြစ်ပါတယ်။။ Waterfall မျက်နှာပြင်ရဲ့ ဘေးဘက်ကွေးခုံးမှုက အတော်လေးကို စိတ်ကျေနပ်စရာကောင်းတယ်လို့ သိရပါတယ်။

Weibo ရဲ့ Leakster က ထုတ်ဖော်လိုက်တဲ့ Vivo NEX 3 ရဲ့ Specs တွေကလည်း မျက်ခုံးပင့်စရာပါပဲ။ NEX 3 ဟာ 64MP အပါအဝင် ကျောဘက်ကင်မရာသုံးလုံးတပ်ဆင်ပေးထားပါတယ်။ ကျန်တဲ့ကင်မရာတွေကတော့ 13MP တွေဖြစ်ကြပြီး Telephoto နဲ့ Ultra-wide-angle တွေပဲ ဖြစ်ပါလိမ့်မယ်။ Selfie အတွက်ကတော့ 16MP Pop-up ကင်မရာ လို့သိရပါတယ်။

ကောလာဟလတွေထွက်ထားတဲ့အတိုင်း Snapdragon 855 Plus SoC နဲ့ပဲ ဖြစ်တာကို တွေ့ရပါတယ်။ ပေါက်ကြားလာတဲ့ Specs sheet အရ Vivo NEX 3 နဲ့ NEX 3 5G တို့က ကွာခြားမှုမရှိပါဘူး။ 5G အမျိုးအစားက 5G modem ပါတာရယ် အလေးချိန် မဆိုစလောက်လေး ပိုတာရယ်ပဲ ကွာခြားပါတယ်။ RAM က 8GB နဲ့ 12GB နှစ်မျိုးဖြစ်ပြီး သိုလှောင်မှုကတော့ 128GB/256GB နဲ့ 512GB ဆိုပြီး သုံးမျိုးစီတွေ့ရှိရပါတယ်။

ဘက်ထရီကတော့ 4,500 mAh ပမာဏကို တပ်ဆင်ပေးထားတာဖြစ်ပြီး 44W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ 3.5mm headphone jack ပါဝင်သလို USB Type-C လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ NEX 3 ဟာ CNY 4,998 (၁၀ သိန်း ၆ သောင်းဝန်းကျင်) ဖြစ်နိုင်ပြီး NEX 3 5G ကတော့ CNY 500 (၁ သိန်း ၅ ထောင်ဝန်းကျင်) ပိုပေးရဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena