Vivo က Pad 3 Pro တက်ဘလက်နဲ့ TWS 4 နားကြပ်ကို ကြေညာလိုက်ပါတယ်။ Pad 3 Pro ဟာ အလုပ်လုပ်ဖို့ စွမ်းရည်မြင့်မားပြီး Dimensity 9300 Processor မောင်းနှင်ထားပါတယ်။ 13” 3.1K Eye-protecting Display ပါလာပြီး 144Hz Refresh Rate ပါတဲ့အတွက် ရုပ်ပုံတွေက ချောမွတ်လျှင်မြန်မှာပါ။

Vivo Pad 3 Pro

Vivo က တက်ဘလက်အတွက် OriginOS 4 Tablet System ကို အဆင့်မြှင့်ထားတယ်လို့ ပြောပါတယ်။ အရွယ်အစားကြီးမားတဲ့ 11,500mAh Battery ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ သက်တမ်း တော်တော်ကောင်းပါတယ်။ အသံအရည်အသွေး ကောင်းမွန်တဲ့ 8-Speaker Panoramic Acoustic System ပါပါတယ်။

Vivo Pad 3 Pro မှာ Voice Recognition ၊ အသံဖိုင်တွေကို စာသားအဖြစ်ပြောင်းပေးခြင်း အပါအဝင် လုပ်ဆောင်ချက်များစွာ ပါပါတယ်။ Vivo Office Suite ထည့်သွင်းထားပြီး Device များစွာနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက် ပါပါတယ်။

Vivo TWS 4

Vivo TWS 4 နားကြပ်ဟာ အသံအရည်အသွေး အလွန်ကောင်းမွန်ပါတယ်။ အသံဆူညံမှုကို 55db အထိ လျှော့ချပေးနိုင်ပြီး AI က အသံကြည်လင်ပြတ်သားအောင် ပြုလုပ်ပေးပါတယ်။ Hi-Fi Version မှာ တတိယမျိုးဆက် Qualcomm S3 Audio Platform ပါလာပြီး 44ms Low Latency ရှိတဲ့အတွက် Gamer တွေ အကြိုက်တွေ့မှာပါ။

ဘက်ထရီ သက်တမ်းက ၄၅ နာရီ ဖြစ်ပြီး တစ်ခါအားသွင်းထားရင် ၁၁ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ တက်ဘလက်နဲ့ နားကြပ်ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina