vivo ကုမ္ပဏီကနေ မကြာသေးခင်တုန်းက Foldable ဖုန်းအသစ်တွေဖြစ်တဲ့ vivo X Flip နဲ့ vivo X Fold2 ဖုန်းတွေကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Flagship Tablet တစ်လုံးဖြစ်တဲ့ vivo Pad2 Tablet ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

vivo Pad2 ဟာ Display ပိုင်းမှာ 12.1″ IPS LCD Display ကို အသုံးပြုထားပြီး 2.8K Resolution (1800x 2880px) အပြင် 144Hz Refresh Rate ကိုပါ ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Display Aspect Ratio ဟာ 7:5 ရှိတာကြောင့် Vertical Content တွေအတွက် ပိုပြီး သင့်တော်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာ MediaTek ရဲ့ Flagship Chipset ဖြစ်တဲ့ Dimensity 9000 Chipset ကို အသုံးပြုထားပြီး RAM 12GB နဲ့ 512GB Storage အထိ အမြင့်ဆုံးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Design ပိုင်းမှာလည်း Metal Unibody Design အပြင် Special Golden Ear Tuning ပါဝင်တဲ့ Quad Speaker Audio ပါဝင်မှာပါ။

Camera ပိုင်းမှာ 13MP Main + 2MP Macro Sensor တွေပါဝင်တဲ့ Dual Camera Setup အပြင် 8MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ ကြီးမားတဲ့ 10000mAh Battery ကိုမှ 44W Fast Charging ဖြင့် ပြန်လည်အားသွင်းနိုင်မယ်လို့ သိရပါတယ်။

vivo Pad2 ဟာ Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ OriginOS 13 ကို အသုံးပြုထားပြီး Trackpad ပါဝင်တဲ့ Keyboard Cover Case ၊ Tablet ရဲ့ ဘေးဘောင်မှာ သံလိုက်နဲ့ ကပ်ထားနိုင်တဲ့ Second-gen Stylus လည်းပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Gray ၊ Blue နဲ့ Purple ဆိုပြီး ၃ မျိုး မိတ်ဆက်ထားပြီး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂,၄၉၉ (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena