အခြားသော တရုတ်အခြေစိုက် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေလိုပဲ Android 11 Beta Program ကို အသုံးပြုတဲ့ထဲ Vivo လည်း အပါအဝင်ပဲဖြစ်ပါတယ်။ Vivo NEX 3S 5G နဲ့ iQOO 3 4G / 5G ဖုန်းနှစ်မျိုးအတွက် စမ်းသပ်ဗားရှင်းတွေကို ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီက တတိယမြောက် Beta စမ်းသပ်ဗားရှင်းအဖြစ် Android 11 Stable Codebase ကို အခြေခံထားတဲ့ Funtouch OS 11 ကို ထုတ်လိုက်ပြီလို့ သိရပါတယ်။

တရုတ်အခြေစိုက် ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ OnePlus ၊ OPPO နဲ့ Xiaomi တို့က သူတို့ရဲ့ 2020 ဗားရှင်း Android OS အသစ်တွေကို ထုတ်ခဲ့ပြီးပါပြီ။ အဲ့ဒီ ကုမ္ပဏီတွေကလည်း သုံးစွဲသူတွေ အများကြီးအတွက် ရည်ရွယ်တဲ့ Beta ဗားရှင်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ Vivo က သူ့ရဲ့ နောက်ဆုံးပေါ် Android OS ဖြစ်တဲ့ Funtouch OS 11 ကို တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမဲ့ ကုမ္ပဏီ အနေနဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ Vivo V20 series မိတ်ဆက်ပွဲမှာ အရိပ်အမြွက်ပြခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Vivo ဟာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ Vivo NEX 3S 5G နဲ့ iQOO 3 4G/5G တို့အတွက် Beta Version ကို တိတ်တဆိတ် ချပေးခဲ့တာပါ။

ပထမဆုံးသော Android 11 Stable Codebase ကို အခြေခံထားတဲ့ Funtouch OS 11 ကို အပေါ်မှာ ပြောထားတဲ့ ဖုန်း နှစ်မျိုး အတွက် စမ်းသပ်အသုံးပြုခဲ့တာ ဖြစ်ပြီး Android 11 Beta 1 က ဇွန်လနဲ့ Android 11 Beta 2 ကတော့ ဇူလိုင်လမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စမ်းသပ်မှု နှစ်ခုလိုပဲ အခု နောက်ဆုံးတစ်ခုကလည်း Developers တွေ အတွက်သာ သီးသန့်ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မည်သူမဆိုတော့ အသုံးပြုနိုင်မှာပါ။ Vivo ကနေ Funtouch OS 11 ကို မကြာခင် ရက်ပိုင်းမှာ တရားဝင် မိတ်ဆက်တော့မှာလား ဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref – GizmoChina