Antutu Benchmark ဟာ လက်ရှိစမတ်ဖုန်းတွေအတွက် Benchmarking Application တွေထဲမှာ လူသုံးအများဆုံးလို့ ပြောနိုင်ပါတယ်။ အခုအချိန်မှာတော့ Antutu ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် စွမ်းဆောင်ရည်အကောင်းဆုံး Flagship နဲ့ Mid Range ဖုန်း ၁၀ လုံးစီကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

Flagship ဖုန်းတွေထဲမှာတော့ ထိပ်ဆုံး ၃ နေရာကို Vivo iQOO Neo ၊ Vivo iQOO Pro 5G နဲ့ Vivo Nex 3 5G စမတ်ဖုန်း ၃ လုံးက နေရာယူထားပြီးတော့ အဲ့ဒီနောက်မှာတော့ OnePlus 7T Pro နဲ့ OnePlus 7T ဖုန်းတွေရှိနေပါတယ်။ Gaming Phone တစ်လုံးဖြစ်တဲ့ ASUS ROG Phone 2 ကတော့ နံပါတ် (၆) နေရာမှာရှိနေပြီး သူ့နောက်မှာ Realme X2 Pro ၊ Honor V30 Pro 5G ၊ OPPO Reno Ace နဲ့ Huawei Mate 30 Pro 5G စမတ်ဖုန်းတွေအသီးသီးရှိနေတာပဲဖြစ်ပါတယ်။

အခု စွမ်းဆောင်ရည်အကောင်းဆုံး Flagship ဖုန်းတွေထဲမှာ ထူးခြားဖို့ကောင်းတာကတော့ Samsung နဲ့ Xiaomi ဖုန်းတွေပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။

နောက်ထပ် Mid Range ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး နံပါတ်(၁) နေရာကို OPPO Reno 3 5G ဖုန်းက ရယူထားပြီး MediaTek Dimensity 1000L Chipset က Exynos 980 နဲ့ Snapdragon 765G တို့ထက် ပိုသာတယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ Exynos 980 Chipset အသုံးပြုထားတဲ့ Vivo X30 Pro 5G နဲ့ တတိယနေရာမှာ Redmi K30 Pro 5G ဖုန်းတွေအသီးသီးရှိနေတာကို တွေ့ရပါတယ်။

ဒီ Mid Range ဖုန်းတွေမှာတော့ အသုံးပြုထားတဲ့ Processor အမျိုးအစားတော်တော်လေးကို စုံလင်တာကိုတွေ့ရပြီးတော့ Kirin 810 ၊ MediaTek Helio G90T နဲ့ Snapdragon 730G သုံးထားတဲ့ Mid Range ဖုန်းတွေပါ ပါဝင်ခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလကြရင်တော့ Flagship Processor အသစ်ဖြစ်တဲ့ Snapdragon 865 သုံးထားတဲ့ဖုန်းတွေကို မြင်တွေ့ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ Snapdragon 855+ ထက် ဘယ်လောက်ထိ ပိုသာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – GSM Arena