[Zawgyi]

အခုလအေစာပုိင္းမွာ တရုတ္ဝက္ဆုိက္ျဖစ္တဲ့ TENAA ေပၚကို Vivo V1831A / V1831T ေမာ္ဒယ္နံပါတ္နဲ႔ ဖုန္းတစ္ခုေရာက္လာခဲ့ၿပီး တရုတ္ျပည္တြင္းမွာ Vivo S1 အျဖစ္ မိတ္ဆက္မယ္လို႔ သိခဲ့ရပါတယ္။ သူ႕ရဲ႕ Specs ေတြကိုလည္း ျမင္ေတြ႕ခဲ့ရေပမယ့္ Vivo S1 ရဲ႕ပုံရိပ္ကိုေတာ့ မျမင္ခဲ့ရေသးပါဘူး။ ယေန႔မွာ TENAA ဝက္ဆုိက္မွာ ထပ္ Update လုပ္ခဲ့ၿပီးေနာက္မွာေတာ့ ဟန္းဆက္အသစ္ရဲ႕ ပုံကိုျမင္ေတြ႕ခြင့္ရခဲ့ပါၿပီ။

Vivo S1 ဖုန္းဟာ Vivo V15 ဖုန္းနဲ႔ ထပ္တူနီးပါး ဆင္တူေနတယ္လို႔ ေျပာရမွာပါ။ ဒါ့အျပင္ TENAA မွာ ျမင္ရတဲ့ ဓါတ္ပုံထဲမွာလည္း Vivo V15 နဲ႔အသြင္အျပင္မွာ တူေနတာကို ေတြ႕ရပါတယ္။ Vivo V1831A / T ဖုန္းမွာ Notch မပါလာဘဲ Pop-up ကင္မရာပဲသုံးလာမယ့္ ပုံစံကို ျမင္ေတြ႕ရၿပီး ေနာက္ဘက္မွာေတာ့ Triple-Camera ပါဝင္ပါတယ္။

Vivo S1 ဖုန္းမွာ 6.59” လက္မအရြယ္ IPS LCD Display တစ္ခုပါဝင္ၿပီး Full HD+ Resolution ကို ေထာက္ပံ့ေပးႏုိင္မွာပါ။ အတြင္းပိုင္းမွာေတာ့ Helio P70 ခ်စ္ပ္ကို အသုံးျပဳလာမွာျဖစ္ၿပီး 4 GB RAM မန္မုိရီ ပါဝင္ပါမယ္။ ဘကၳရီကေတာ့ 4,000 mAh ဘကၳရီႀကီး ျဖစ္ၿပီး Android 9 Pie OS ကိုအေျခခံထားတဲ့ FunTounch OS 9 UI ထည့္သြင္းလာမွာပါ။

ေရွ႕ဘက္ဆယ္ဖီကင္မရာဟာ 24.8 MP စြမ္းအားျမင့္ကင္မရာတစ္လုံးျဖစ္ၿပီး ေနာက္ဘက္မွာေတာ့ 12 MP + 8 MP + 5 MP ကင္မရာသုံးလုံးတြဲလို႔ ဆုိပါတယ္။ Fingerprint ကလည္း ေနာက္ဘက္မွာပဲျဖစ္ပါတယ္။ မတ္လ ၁၉ ရက္ေန႔မွာ တရုတ္ျပည္တြင္း၌ Vivo X27 နဲ႔ X27 Pro တုိ႔ႏွင့္အတူ တၿပိဳင္တည္း မိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။

Ref – Playful Droid

[Unicode]

အခုလအစောပိုင်းမှာ တရုတ်ဝက်ဆိုက်ဖြစ်တဲ့ TENAA ပေါ်ကို Vivo V1831A / V1831T မော်ဒယ်နံပါတ်နဲ့ ဖုန်းတစ်ခုရောက်လာခဲ့ပြီး တရုတ်ပြည်တွင်းမှာ Vivo S1 အဖြစ် မိတ်ဆက်မယ်လို့ သိခဲ့ရပါတယ်။ သူ့ရဲ့ Specs တွေကိုလည်း မြင်တွေ့ခဲ့ရပေမယ့် Vivo S1 ရဲ့ပုံရိပ်ကိုတော့ မမြင်ခဲ့ရသေးပါဘူး။ ယနေ့မှာ TENAA ဝက်ဆိုက်မှာ ထပ် Update လုပ်ခဲ့ပြီးနောက်မှာတော့ ဟန်းဆက်အသစ်ရဲ့ ပုံကိုမြင်တွေ့ခွင့်ရခဲ့ပါပြီ။

Vivo S1 ဖုန်းဟာ Vivo V15 ဖုန်းနဲ့ ထပ်တူနီးပါး ဆင်တူနေတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် TENAA မှာ မြင်ရတဲ့ ဓါတ်ပုံထဲမှာလည်း Vivo V15 နဲ့အသွင်အပြင်မှာ တူနေတာကို တွေ့ရပါတယ်။ Vivo V1831A / T ဖုန်းမှာ Notch မပါလာဘဲ Pop-up ကင်မရာပဲသုံးလာမယ့် ပုံစံကို မြင်တွေ့ရပြီး နောက်ဘက်မှာတော့ Triple-camera ပါဝင်ပါတယ်။

Vivo S1 ဖုန်းမှာ 6.59” လက်မအရွယ် IPS LCD Display တစ်ခုပါဝင်ပြီး Full HD+ Resolution ကို ထောက်ပံ့ပေးနိုင်မှာပါ။ အတွင်းပိုင်းမှာတော့ Helio P70 ချစ်ပ်ကို အသုံးပြုလာမှာဖြစ်ပြီး 4 GB RAM မန်မိုရီ ပါဝင်ပါမယ်။ ဘက္ထရီကတော့ 4,000 mAh ဘက္ထရီကြီး ဖြစ်ပြီး Android 9 Pie OS ကိုအခြေခံထားတဲ့ FunTounch OS 9 UI ထည့်သွင်းလာမှာပါ။

ရှေ့ဘက်ဆယ်ဖီကင်မရာဟာ 24.8 MP စွမ်းအားမြင့်ကင်မရာတစ်လုံးဖြစ်ပြီး နောက်ဘက်မှာတော့ 12 MP + 8 MP + 5 MP ကင်မရာသုံးလုံးတွဲလို့ ဆိုပါတယ်။ Fingerprint ကလည်း နောက်ဘက်မှာပဲဖြစ်ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ တရုတ်ပြည်တွင်း၌ Vivo X27 နဲ့ X27 Pro တို့နှင့်အတူ တပြိုင်တည်း မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Playful Droid