Zawgyi

Vivo S1 Pro စမတ္ဖုန္းကို လာမယ့္ရက္ပုိင္းအတြင္း ဖိလစ္ပုိင္ေစ်းကြက္မွာ စတင္မိတ္ဆက္သြားေတာ့မွာပါ။ Vivo ရဲ႕ ေမာ္ဒယ္နံပါတ္ V19451/T စမတ္ဖုန္းကို တရုတ္ႏုိင္ငံ TENAA ဝက္ဆုိက္မွာ အခုလအေစာပိုင္းတည္းက ေတြ႕ရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီဖုန္းကိုပဲ အိႏၵိယနဲ႔ ရုရွားေစ်းကြက္ေတြမွာ Vivo V17 အေနနဲ႔ မိတ္ဆက္ခဲ့ၿပီး အေရွ႕ေတာင္အာရွေစ်းကြက္ကိုလည္း မိတ္ဆက္လာဖို႔ ျပင္ဆင္ေနၾကတာပါ။

Vivo Indo ဟာ Vivo S1 Pro စမတ္ဖုန္းသစ္အတြက္ အဓိကအခ်က္အလက္ေတြကို အရင္ဆုံး ထုတ္ေဖာ္ခဲ့ပါတယ္။ လာမယ့္ S စီးရီး စမတ္ဖုန္းသစ္ဟာ 6.38” လက္မအရြယ္ Super AMOLED Display ပါဝင္ၿပီး Screen-to-body အခ်ဳိးက 90% ထိ ရွိမွာျဖစ္ပါတယ္။ Fingerprint ကိုလည္း Display အတြင္းမွာပဲ ထည့္သြင္းလာခဲ့ၿပီး “Screen Touch ID” လို႔ ေခၚေဝၚလာခဲ့တယ္။

Vivo S1 Pro ရဲ႕အတြင္းမွာ Snapdragon 665 ခ်စ္ပ္ဆက္ကို 8GB RAM နဲ႔တြဲထားၿပီး Storage ကေတာ့ 128GB ပါဝင္တယ္။ 4,500 mAh ဘကၳရီႀကီး ထည့္သြင္းထားၿပီး USB-C 18W အားအျမန္သြင္းစနစ္ ျဖစ္ပါတယ္။ ေရွ႕ဘက္မွာ 32MP Selfie ကင္မရာပါဝင္ၿပီး ေနာက္ဘက္မွာေတာ့ စိန္ပြင့္ပုံသ႑ာန္ ေနရာခ်ထားတဲ့ ကင္မရာေတြကို ေတြ႕ရမွာပါ။

Vivo V17 ကုိ အေရွ႕ေတာင္အာရွေစ်းကြက္သုိ႔ အမည္ေျပာင္းလဲယူေဆာင္လာတယ္လို႔ ယူဆရတဲ့ S1 Pro စမတ္ဖုန္းကို Glowing Black နဲ႔ Crystal Blue ကာလာမ်ားျဖင့္ စတင္ေရာင္းခ်သြားမွာပါ။ ရက္ပုိင္းအတြင္း ဖိလစ္ပုိင္မွာ မိတ္ဆက္မွာျဖစ္ၿပီး အင္ဒို၊ ထုိင္း အစရွိႏုိင္ငံေတြအတြက္ မိတ္ဆက္ရက္ကိုေတာ့ မသိရေသးပါဘူး။

Ref – Gizmo China

Unicode

Vivo S1 Pro စမတ်ဖုန်းကို လာမယ့်ရက်ပိုင်းအတွင်း ဖိလစ်ပိုင်ဈေးကွက်မှာ စတင်မိတ်ဆက်သွားတော့မှာပါ။ Vivo ရဲ့ မော်ဒယ်နံပါတ် V19451/T စမတ်ဖုန်းကို တရုတ်နိုင်ငံ TENAA ဝက်ဆိုက်မှာ အခုလအစောပိုင်းတည်းက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖုန်းကိုပဲ အိန္ဒိယနဲ့ ရုရှားဈေးကွက်တွေမှာ Vivo V17 အနေနဲ့ မိတ်ဆက်ခဲ့ပြီး အရှေ့တောင်အာရှဈေးကွက်ကိုလည်း မိတ်ဆက်လာဖို့ ပြင်ဆင်နေကြတာပါ။

Vivo Indo ဟာ Vivo S1 Pro စမတ်ဖုန်းသစ်အတွက် အဓိကအချက်အလက်တွေကို အရင်ဆုံး ထုတ်ဖော်ခဲ့ပါတယ်။ လာမယ့် S စီးရီး စမတ်ဖုန်းသစ်ဟာ 6.38” လက်မအရွယ် Super AMOLED Display ပါဝင်ပြီး Screen-to-body အချိုးက 90% ထိ ရှိမှာဖြစ်ပါတယ်။ Fingerprint ကိုလည်း Display အတွင်းမှာပဲ ထည့်သွင်းလာခဲ့ပြီး “Screen Touch ID” လို့ ခေါ်ဝေါ်လာခဲ့တယ်။

Vivo S1 Pro ရဲ့အတွင်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို 8GB RAM နဲ့တွဲထားပြီး Storage ကတော့ 128GB ပါဝင်တယ်။ 4,500 mAh ဘက္ထရီကြီး ထည့်သွင်းထားပြီး USB-C 18W အားအမြန်သွင်းစနစ် ဖြစ်ပါတယ်။ ရှေ့ဘက်မှာ 32MP Selfie ကင်မရာပါဝင်ပြီး နောက်ဘက်မှာတော့ စိန်ပွင့်ပုံသဏ္ဍာန် နေရာချထားတဲ့ ကင်မရာတွေကို တွေ့ရမှာပါ။

Vivo V17 ကို အရှေ့တောင်အာရှဈေးကွက်သို့ အမည်ပြောင်းလဲယူဆောင်လာတယ်လို့ ယူဆရတဲ့ S1 Pro စမတ်ဖုန်းကို Glowing Black နဲ့ Crystal Blue ကာလာများဖြင့် စတင်ရောင်းချသွားမှာပါ။ ရက်ပိုင်းအတွင်း ဖိလစ်ပိုင်မှာ မိတ်ဆက်မှာဖြစ်ပြီး အင်ဒို၊ ထိုင်း အစရှိနိုင်ငံတွေအတွက် မိတ်ဆက်ရက်ကိုတော့ မသိရသေးပါဘူး။

Ref – Gizmo China