[Zawgyi]

Vivo အေနနဲ႔ V စီးရီး စမတ္ဖုန္းေတြရဲ႕ မ်ိဴးဆက္သစ္ေတြျဖစ္တဲ့ Vivo V15 နဲ႔ V15 Pro တို႔ကို ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အပါအဝင္ အိႏၵိယႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံတို႔မွာ မိတ္ဆက္ၿပီးသြားၿပီ ျဖစ္ပါတယ္။ ယခုအခါမွာလည္း Vivo ဟာ ေနာက္ထပ္ စမတ္ဖုန္း အမ်ိဴးအစားသစ္ကို ထပ္မံမိတ္ဆက္ဖို႔ ျပင္ဆင္ေနေၾကာင္း သတင္မ်ား ထြက္ေပၚလာျပန္ပါတယ္။

ေမာ္ဒယ္နံပါတ္ Vivo V1831A/T အမည္ရွိ စမတ္ဖုန္း တစ္လုံးဟာ TENAA ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာခဲ့ၿပီး၊ အဆိုပါ စမတ္ဖုန္းကို Vivo V15 ရဲ႕ Chinese Edition ဗားရွင္း အျဖစ္ မိတ္ဆက္လာႏိုင္တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံက ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕ကေတာ့ Vivo V15 ကို တ႐ုတ္ႏိုင္ငံမွာ Vivo S1 အျဖစ္ မိတ္ဆက္လာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ ဒါ့အျပင္ အဆိုပါ စမတ္ဖုန္းဟာ တ႐ုတ္ေငြ ၂၀၀၀ ယြမ္ (ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ားလည္း ရွိေနပါေသးတယ္။

Vivo S1 မွာ 6.59” IPS LCD Display နဲ႔ MediaTek Helio P70 SoC ေတြကို အသုံးျပဳထားႏိုင္ၿပီး RAM 6GB, Storage 128GB နဲ႔ 4000mAh Battery ေတြကို ထည့္သြင္းထားႏိုင္ပါတယ္။ Vivo V15 မွာ တပ္ဆင္ထားတဲ့ 32MP Pop-up Selfie Camera အစား 24.8MP Camera ကိုသာ တပ္ဆင္ထားႏိုင္ၿပီး ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP+8MP+5MP Camera Sensor ေတြကို အသုံးျပဳထားႏိုင္ဖြယ္ ရွိပါတယ္။ Vivo S1 နဲ႔ ပတ္သတ္ၿပီး Vivo ဘက္က တရားဝင္ေျပာၾကားထားတဲ့ အခ်က္အလက္ေတြ မရွိေသးေပမယ့္ သိပ္မၾကာခင္ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Gizmochina

[Unicode]

Vivo S1 ရဲ့ Specifications နဲ့ စျေးနှုန်းများ ထွက်ပေါ်လာပြီ

Vivo အနေနဲ့ V စီးရီး စမတ်ဖုန်းတွေရဲ့ မျိူးဆက်သစ်တွေဖြစ်တဲ့ Vivo V15 နဲ့ V15 Pro တို့ကို ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ မိတ်ဆက်ပြီးသွားပြီ ဖြစ်ပါတယ်။ ယခုအခါမှာလည်း Vivo ဟာ နောက်ထပ် စမတ်ဖုန်း အမျိူးအစားသစ်ကို ထပ်မံမိတ်ဆက်ဖို့ ပြင်ဆင်နေကြောင်း သတင်များ ထွက်ပေါ်လာပြန်ပါတယ်။

မော်ဒယ်နံပါတ် Vivo V1831A/T အမည်ရှိ စမတ်ဖုန်း တစ်လုံးဟာ TENAA ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါ စမတ်ဖုန်းကို Vivo V15 ရဲ့ Chinese Edition ဗားရှင်း အဖြစ် မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ Vivo V15 ကို တရုတ်နိုင်ငံမှာ Vivo S1 အဖြစ် မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းဟာ တရုတ်ငွေ ၂၀၀၀ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ရှိနေပါသေးတယ်။

Vivo S1 မှာ 6.59” IPS LCD Display နဲ့ MediaTek Helio P70 SoC တွေကို အသုံးပြုထားနိုင်ပြီး RAM 6GB, Storage 128GB နဲ့ 4000mAh Battery တွေကို ထည့်သွင်းထားနိုင်ပါတယ်။ Vivo V15 မှာ တပ်ဆင်ထားတဲ့ 32MP Pop-up Selfie Camera အစား 24.8MP Camera ကိုသာ တပ်ဆင်ထားနိုင်ပြီး နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 12MP+8MP+5MP Camera Sensor တွေကို အသုံးပြုထားနိုင်ဖွယ် ရှိပါတယ်။ Vivo S1 နဲ့ ပတ်သတ်ပြီး Vivo ဘက်က တရားဝင်ပြောကြားထားတဲ့ အချက်အလက်တွေ မရှိသေးပေမယ့် သိပ်မကြာခင် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Gizmochina