[Zawgyi]

Vivo ကေတာ့ ေနာက္ထပ္ စမတ္ဖုန္းသစ္တစ္လုံးကို ထုတ္လိုက္ျပန္ပါၿပီ။ S1 လို႔ နာမည္ေပးထားတဲ့ စမတ္ဖုန္းသစ္ဟာ ဒီလအေစာပိုင္းတုန္းက ပြဲထြက္လာခဲ့တဲ့ V15 နဲ႔ ဒီဇိုင္းခ်င္း ဆင္တူတယ္လို႔ ေျပာရမွာပါ။ ဒါ့အျပင္ အျခားအေရးႀကီးတဲ့ အစိတ္အပိုင္းေတြလည္း တူညီေနတာပါ။

Vivo S1 ဟာ အျပင္အစိတ္အပိုင္းေတြသာမကဘဲ အတြင္းအစိတ္အပိုင္းေတြကလည္း V15 နဲ႔ အေတာ္ေလးကို တူညီေနတာကို ေတြ႕ရပါတယ္။ S1 ဟာ 6.53-inch Full-HD+ မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ 19.5:9 အခ်ိဳးအစား မ်က္ႏွာျပင္လည္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ Notch မပါဘဲ လုံးဝကို အျပည့္ျဖစ္ပါတယ္။ အဲဒီအတြက္ Pop-up Selfie ကင္မရာကို တပ္ဆင္ေပးထားပါတယ္။

S1 မွာ အသုံးျပဳထားတာကေတာ့ Helio P70 SoC ျဖစ္ၿပီး RAM ကေတာ့ 6GB ျဖစ္ပါတယ္။ Storage ကေတာ့ 128GB ျဖစ္သလို Android Pie ကို အေျခခံထားတဲ့ FunchOS 9 ေမာင္းႏွင္ထားတယ္လို႔ သိရပါတယ္။ လုံၿခဳံေရးအတြက္ ေက်ာဘက္မွာ Fingerprint Scanner တပ္ဆင္ေပးထားပါတယ္။

S1 ရဲ႕ Pop-up Selfie ကင္မရာဟာ 24.8MP ျဖစ္ၿပီး ေက်ာဘက္မွာေတာ့ 12MP အဓိက ကင္မရာ၊ 8MP (wide-angle ဒုတိယကင္မရာနဲ႔ 5MP (depth sensor) တတိယ ကင္မရာဆိုၿပီး ကင္မရာ သုံးလုံး တပ္ဆင္ေပးထားတာလည္း ျဖစ္ပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,940mAh ျဖစ္ၿပီး 18W fast charging ေထာက္ပံ့ေပးထားပါတယ္။

S1 ကို ဧၿပီလ ၁ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံအတြင္း စတင္ဝယ္ယူလို႔ ရမွာျဖစ္ၿပီး CYN 2,298 ($342) ျဖစ္တာေၾကာင့္ ျမန္မာေငြ ၅ သိန္း ၂ ေသာင္း ဝန္းက်င္ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Heilo P70 နဲ့ Vivo S1 ကို ဧပြီလ ၁ရက်နေ့မှာ စတင်ရောင်းချမယ်

Vivo ကတော့ နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးကို ထုတ်လိုက်ပြန်ပါပြီ။ S1 လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းသစ်ဟာ ဒီလအစောပိုင်းတုန်းက ပွဲထွက်လာခဲ့တဲ့ V15 နဲ့ ဒီဇိုင်းချင်း ဆင်တူတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေလည်း တူညီနေတာပါ။

Vivo S1 ဟာ အပြင်အစိတ်အပိုင်းတွေသာမကဘဲ အတွင်းအစိတ်အပိုင်းတွေကလည်း V15 နဲ့ အတော်လေးကို တူညီနေတာကို တွေ့ရပါတယ်။ S1 ဟာ 6.53-inch Full-HD+ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ 19.5:9 အချိုးအစား မျက်နှာပြင်လည်း ဖြစ်ပါတယ်။ မျက်နှာပြင်မှာ Notch မပါဘဲ လုံးဝကို အပြည့်ဖြစ်ပါတယ်။ အဲဒီအတွက် Pop-up Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

S1 မှာ အသုံးပြုထားတာကတော့ Helio P70 SoC ဖြစ်ပြီး RAM ကတော့ 6GB ဖြစ်ပါတယ်။ Storage ကတော့ 128GB ဖြစ်သလို Android Pie ကို အခြေခံထားတဲ့ FunchOS 9 မောင်းနှင်ထားတယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက် ကျောဘက်မှာ Fingerprint Scanner တပ်ဆင်ပေးထားပါတယ်။

S1 ရဲ့ Pop-up Selfie ကင်မရာဟာ 24.8MP ဖြစ်ပြီး ကျောဘက်မှာတော့ 12MP အဓိက ကင်မရာ၊ 8MP (wide-angle ဒုတိယကင်မရာနဲ့ 5MP (depth sensor) တတိယ ကင်မရာဆိုပြီး ကင်မရာ သုံးလုံး တပ်ဆင်ပေးထားတာလည်း ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 3,940mAh ဖြစ်ပြီး 18W fast charging ထောက်ပံ့ပေးထားပါတယ်။

S1 ကို ဧပြီလ ၁ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း စတင်ဝယ်ယူလို့ ရမှာဖြစ်ပြီး CYN 2,298 ($342) ဖြစ်တာကြောင့် မြန်မာငွေ ၅ သိန်း ၂ သောင်း ဝန်းကျင် ဖြစ်ပါတယ်။

Ref: GSMArena