Vivo S6 5G ကို မတ်လ ၃၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာ ၂ လုံးပါမယ်ဆိုတာ အရင်ထဲက သိထားပြီးပါပြီ။ အခုတော့ ကုမ္ပဏီက အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံတွေမှာ အသက် ၂၂ နှစ်အရွယ် တရုတ် မင်းသားလည်း ဖြစ် Brand Ambassador လည်း ဖြစ်သူ Turbo Liu လည်းပါပါတယ်။

ဓါတ်ပုံတွေအရ အနောက်ကင်မရာ ၄ လုံးပါလာပြီး ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကျန် ၁ လုံးကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပြီး ကင်မရာ အားလုံးကို စက်ဝိုင်းပုံစံကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ Vivo က ပင်မ ကင်မရာဟာ 48MP ဖြစ်တယ်လို့ အတည်ပြုထားပြီး တခြား Specs တွေကို မသိရသေးပါဘူး။

ကင်မရာ စုဖွဲ့မှုဟာ တခြား Vivo ဖုန်းတွေနဲ့ တူပြီး NEX 3 ရဲ့ စက်ဝိုင်းပုံနဲ့ Vivo S1 Pro ရဲ့ စိန်ပုံစံကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ Dual-colored LED Flash ၁ လုံးကို တွေ့ရပါတယ်။ ဒေါင်လိုက် ကင်မရာ ၃ လုံးရဲ့ ဘယ်ဘက်ခြမ်းမှာ 48MP နဲ့ တခြား ကင်မရာ သတင်းအချက်အလက် စာသားတွေကို မြင်ရပါတယ်။ JD.com မှာ Pink-Blue-White Gradient နဲ့ Dark-Blue-White Gradient အရောင် ၂ မျိုးကို တင်ထားပါတယ်။

Vivo S6 5G အတွက် အမှာစာတွေကို တင်နိုင်ပြီ ဖြစ်ပြီး မိတ်ဆက်ပွဲနေ့မှာပဲ ကြိုတင်မှာယူနိုင်မယ်လို့ ထင်ပါတယ်။ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena