Vivo S7 ကို ဩဂုတ်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Vivo က အဲဒီ စမတ်ဖုန်းရဲ့ Teaser ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှာ ကင်မရာ ဒီဇိုင်းကို ပြသထားပြီး Vivo X50 Pro နဲ့ ဆင်တူပါတယ်။ လေးထောင့်ပုံ အကွက်ထဲမှာ ကင်မရာတွေကို ထည့်သွင်းထားပြီး ပင်မ ကင်မရာကို အထက်မှာ တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာနဲ့အတူ တခြား ကင်မရာ ၂ လုံးလည်း ပါလာပေမယ့် Periscope ကင်မရာကို မတွေ့ရပါဘူး။ Vivo S Series တွေဟာ ဈေးသင့်တဲ့အတွက် ကင်မရာ ၁ လုံး လျှော့ထားတာ အဆန်းတော့ မဟုတ်ပါဘူး။

စမတ်ဖုန်း ကုမ္ပဏီများစွာဟာ  ၂ ရောင်စပ် ဒီဇိုင်းတွေကို အသုံးပြုလာကြပြီး S7 မှာလည်း အဲဒီလို ဒီဇိုင်းကို အသုံးပြုထားတာ တွေ့ရပါတယ်။ Vivo S7 ဟာ အရမ်းကို ပါးလွှာပြီး 3.5mm Audio Jack မထည့်သွင်းထားပါဘူး။ USB-C Port တော့ ပါလာမှာ ဖြစ်ပါတယ်။

Official Teaser မှာ 44MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားတဲ့ အရွယ်ကြီး Notch ပါလာမယ်လို့ ဖော်ပြထားပါတယ်။နောက်လ ၃ ရက်နေ့မှာတော့ Vivo S7 ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena