ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ Vivo S7 5G ကို မိတ်ဆက်ခဲ့တဲ့နောက်၊ နိုဝင်ဘာလမှာ S7e 5G ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ S7 စီးရီးအတွက် ထပ်တိုးလာမယ့်မိသားစုဝင်ဟာ S7t ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ တရုတ် 3C မှာ 33W charger နဲ့ တွေ့ခဲ့ရတဲ့ ဒီဟန်းဆက်ကို အခုတော့ Google Play Console မှာလည်း တွေ့လာရပါပြီ။

Google Play Console ကတစ်ဆင့် Vivo S7t ရဲ့ Key specs အချို့ကို သိရှိခွင့်ရလိုက်ပြန်ပါတယ်။ ဒါကြောင့် S7t ဟာ 5G အမျိုးအစား ဟန်းဆက်တစ်ခုဖြစ်ပြီး MediaTek MT6875 SoC ကို အသုံးပြုထားကြောင်းလည်း ထပ်ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။ 5G-ready chipset ကိုတော့ Dimensity 820 လို့ လူသိများတာလည်း ဖြစ်ပါတယ်။ SoC နဲ့အတူ တွဲဖက်ပေးထားတာကတော့ 8GB of RAM ဖြစ်ပြီး Android 11 OS ကိုလည်း မောင်းနှင်ထားပါတယ်။

ဒီအချက်အလက်တွေဟာ ဇန်နဝါရီလအစပိုင်းတုန်းက  တွေ့မြင်ခဲ့ကြရတဲ့ Geekbench listing နဲ့ တူညီနေတာလည်း ဖြစ်ပါတယ်။ ကနဦးသတင်းဖော်ပြချက်တွေအရ Vivo S7t ဟာ Vivo S7 5G လိုပဲ 6.44-inch AMOLED မျက်နှာပြင်မှာ ခပ်ကျယ်ကျယ် Notch နဲ့အတူ 44MP + 8MP selfie ကင်မရာ နှစ်လုံးကို တပ်ဆင်ထားမယ်လို့ဆိုပေမယ့် တိကျခိုင်မာတဲ့ အထောက်အထားမတွေ့ရသေးတာကြောင့် အမှန်အဖြစ် မှတ်ယူလို့မရနိုင်သေးပါဘူး။

ကျောဘက်ကင်မရာကတော့ 64MP အဓိကင်မရာနဲ့အတူ 8MP + 2MP+ 2MP အဖြစ် ကင်မရာလေးလုံး တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ဘက်ထရီပမာဏက 4,5000mAh ဖြစ်ပြီး 33W charger ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ လုံခြုံရေးစနစ်အတွက် In-Display Fingerprint Scanner ထောက်ပံ့ပေးထားမယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: Gizmochina