Vivo က T1 5G မော်ဒယ် ၃ မျိုးကို ထုတ်လုပ်ရောင်းချထားပါတယ်။ Snapdragon 778G SoC ပါတဲ့ မော်ဒယ်ကို တရုတ်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ကြေညာခဲ့ပြီး Snapdragon 695 ပါတဲ့ မော်ဒယ်ကို ဒီနှစ် ဧပြီလအတွင်း အိန္ဒိယမှာ ချပြခဲ့ပါတယ်။ ဧပြီလတုန်းက မလေးရှားမှာ Snapdragon 778G ပါတဲ့ မော်ဒယ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အင်ဒိုနီးရှားမှာ Dimensity 810 ပါတဲ့ မော်ဒယ်ကို ကြေညာလိုက်ပါတယ်။

vivo T1 5G with MediaTek Dimensity 810 launched: Specs & Price

Vivo T1 5G မှာ ၆.၅၈ လက်မ IPS LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android 12 အခြေပြု FunTouch OS 12 မောင်းနှင်ထားပါတယ်။

vivo T1 5G with MediaTek Dimensity 810 launched: Specs & Price

RAM Version ၂ မျိုး ထုတ်လုပ်ထားပြီး 4GB RAM Version မှာ 1GB Extended RAM နဲ့ 8GB RAM Version မှာ 4GB Extended RAM သုံးနိုင်မှာပါ။ RAM Version ၂ ခုစလုံးမှာ 128GB Storage ထည့်ထားပါတယ်။

အနောက်ဘက်မှာ 50MP Main , 2MP Depth , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါလာပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 5G ဆက်သွယ်မှု ပါပါတယ်။

4GB RAM Version ကို IDR 2,999,000 နဲ့ 8GB RAM Version ကို IDR 3,399,000 သတ်မှတ်ထားပြီး မြန်မာငွေ ၃၈၀,၀၀၀ နဲ့ ၄၃၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ Rainbow Fantasy နဲ့ Starlight Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina