vivo T3 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Dimensity 7200 Chipset နဲ့ 50MP Main Sony IMX882 Sensor ထည့်သွင်းထားပါတယ်။ Specs Sheet ကို ကြည့်ရင် vivo T3 ဟာ iQOO Z9 နဲ့ အများကြီး တူညီပြီး အနောက်ဘက် ဒီဇိုင်း ကွဲပြားပါတယ်။ ကျန်တဲ့ အရာတွေကတော့ တူညီကြပါတယ်။

Vivo T3 launches with Dimensity 7200 and familiar specs sheet

6.67” AMOLED Full HD+ မျက်နှာပြင်ပါလာပြီး 120Hz Refresh Rate နဲ့ 1800 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ 16MP ကင်မရာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။

Vivo T3 launches with Dimensity 7200 and familiar specs sheet

44W FlashCharge ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ နားကြပ်ပေါက် မပါလာဘဲ စတီရီယို အသံ ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု Funtouch 14 မောင်းနှင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ IP54 ရေစိုခံစံနှုန်း ထောက်ပံ့ထားပြီး Cosmic Blue နဲ့ Crystal Flake အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8/128GB ကို ၂၄၀ ဒေါ်လာနဲ့ 8/256GB ကို ၂၆၅ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ vivo.com ကနေ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gsmarena