Zawgyi

Vivo ကုမၸဏီရဲ႕ အမွတ္တံဆိပ္ခြဲ iQOO ဟာ ဂိမ္မာေတြကိုဦးတည္ၿပီး အဆင့္ျမင့္ Specs ေတြနဲ႔ ထုတ္လုပ္လာတဲ့ အျမင့္စားဖုန္းတစ္ခုျဖစ္ပါတယ္။

၂၀၁၉ ထဲမွာစတင္မိတ္ဆက္လာခဲ့ေပမယ့္ မူရင္း iQOO ဖုန္းကို ဗားရွင္းေပါင္းစုံ အၾကိမ္ၾကိမ္ထုတ္ေနတဲ့ Vivo ဟာ ဒီတစ္ၾကိမ္မွာေတာ့ အနည္းငယ္ပိုေပါ့ပါးၿပီး ေစ်းလည္း ပိုခ်ဳိမယ့္ Gaming ဟန္းဆက္အသစ္ iQOO Neo ကို သူတုိ႔ရဲ႕ဒုတိယေျမာက္ ထုတ္ကုန္အေနနဲ႔ ထုတ္လာေတာ့မွာပါ။

iQOO Neo ရဲ႕အခ်က္အလက္အခ်ဳိ႕ကို TENAA ေပၚမွာျမင္ေတြ႕လာခဲ့ရၿပီး ကုမၸဏီကလည္း ဒီဖုန္းမွာ အသုံးျပဳလာမယ့္ ခ်စ္ပ္ဆက္ကို Tease လုပ္လာခဲ့ပါတယ္။ အဲ့ဒါကေတာ့ Snapdragon 845 ပါပဲ။

ဒီဖုန္းသစ္ဟာေလာေလာဆယ္ လုိင္စင္ေလွ်ာက္ထားတုန္းအဆင့္မွာပဲရွိေသးေပမယ့္ တရုတ္မွတ္ပုံတင္ ဝက္ဆုိက္ရဲ႕ ေက်းဇူးေၾကာင့္ Specs အခ်ဳိ႕ကိုသိခြင့္ရခဲ့ပါတယ္။ ကိုယ္ထည္အခ်ဳိး 159.5 x 75.2 x 8.1mm ရွိတဲ့ ဖုန္းဟာ 6.38” Display တစ္ခုပါဝင္တယ္။ ကိုယ္ထည္ေပၚမွာ Fingerprint ကိုမျမင္ရတဲ့အတြက္ Display ထဲမွာ ထည့္သြင္းလာမယ္လို႔ ယူဆရပါတယ္။

Vivo iQOO စမတ္ဖုန္းမွာ 4,000 mAh ဘကၳရီႀကီးကို အသုံးျပဳထားခဲ့ေပမယ့္ iQOO Neo ကေတာ့ ပိုခံႏုိင္ရည္ရွိတဲ့ 4,500 mAh ဘကၳရီကို အသုံးျပဳလာပါတယ္။ ဒါေပမယ့္လည္း 44W စြမ္းအားျမင့္ အားသြင္းစနစ္ ကေတာ့ ပါလာမွာမဟုတ္ဘူးလို႔ ယူဆရပါတယ္။

သတင္းေတြအရေတာ့ iQOO Neo ဟာ 6 / 128GB မန္မုိရီနဲ႔ ထြက္လာမွာျဖစ္ၿပီး တရုတ္ယြမ္ေငြ ၁၉၉၈ (ျမန္မာေငြ ေလးသိန္းခြဲေအာက္) သာက်သင့္မယ္လို႔ ဆုိပါတယ္။ ထြက္ရွိရက္ အစရွိတာေတြကိုေတာ့ လာမယ့္ ရက္ပုိင္းအတြင္းမွာ သိခြင့္ရလာမွာပါ။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ခွဲ iQOO ဟာ ဂိမ်မာတွေကိုဦးတည်ပြီး အဆင့်မြင့် Specs တွေနဲ့ ထုတ်လုပ်လာတဲ့ အမြင့်စားဖုန်းတစ်ခုဖြစ်ပါတယ်။

၂၀၁၉ ထဲမှာစတင်မိတ်ဆက်လာခဲ့ပေမယ့် မူရင်း iQOO ဖုန်းကို ဗားရှင်းပေါင်းစုံ အကြိမ်ကြိမ်ထုတ်နေတဲ့ Vivo ဟာ ဒီတစ်ကြိမ်မှာတော့ အနည်းငယ်ပိုပေါ့ပါးပြီး ဈေးလည်း ပိုချိုမယ့် Gaming ဟန်းဆက်အသစ် iQOO Neo ကို သူတို့ရဲ့ဒုတိယမြောက် ထုတ်ကုန်အနေနဲ့ ထုတ်လာတော့မှာပါ။

iQOO Neo ရဲ့အချက်အလက်အချို့ကို TENAA ပေါ်မှာမြင်တွေ့လာခဲ့ရပြီး ကုမ္ပဏီကလည်း ဒီဖုန်းမှာ အသုံးပြုလာမယ့် ချစ်ပ်ဆက်ကို Tease လုပ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Snapdragon 845 ပါပဲ။

ဒီဖုန်းသစ်ဟာလောလောဆယ် လိုင်စင်လျှောက်ထားတုန်းအဆင့်မှာပဲရှိသေးပေမယ့် တရုတ်မှတ်ပုံတင် ဝက်ဆိုက်ရဲ့ ကျေးဇူးကြောင့် Specs အချို့ကိုသိခွင့်ရခဲ့ပါတယ်။ ကိုယ်ထည်အချိုး 159.5 x 75.2 x 8.1mm ရှိတဲ့ ဖုန်းဟာ 6.38” Display တစ်ခုပါဝင်တယ်။ ကိုယ်ထည်ပေါ်မှာ Fingerprint ကိုမမြင်ရတဲ့အတွက် Display ထဲမှာ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

Vivo iQOO စမတ်ဖုန်းမှာ 4,000 mAh ဘက္ထရီကြီးကို အသုံးပြုထားခဲ့ပေမယ့် iQOO Neo ကတော့ ပိုခံနိုင်ရည်ရှိတဲ့ 4,500 mAh ဘက္ထရီကို အသုံးပြုလာပါတယ်။ ဒါပေမယ့်လည်း 44W စွမ်းအားမြင့် အားသွင်းစနစ် ကတော့ ပါလာမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

သတင်းတွေအရတော့ iQOO Neo ဟာ 6 / 128GB မန်မိုရီနဲ့ ထွက်လာမှာဖြစ်ပြီး တရုတ်ယွမ်ငွေ ၁၉၉၈ (မြန်မာငွေ လေးသိန်းခွဲအောက်) သာကျသင့်မယ်လို့ ဆိုပါတယ်။ ထွက်ရှိရက် အစရှိတာတွေကိုတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ သိခွင့်ရလာမှာပါ။

Ref – GSM Arena