အခုလက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကနေ သူတို့ရဲ့ စမတ်ဖုန်းတွေကို လက်ရှိနောက်ဆုံးထွက် Android OS ဖြစ်တဲ့ Android Oreo ကို Update ပေးလာကြပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Vivo ကနေ သူရဲ့ စမတ်ဖုန်းတွေမှာဘယ်ဖုန်းတွေက Android Oreo Update ရမလဲဆိုတာကို တရားဝင်ကြေငြာလိုက်ပါတယ်။

ယခု Android Oreo ရရှိမယ့် Vivo စမတ်ဖုန်းတွေဟာ X Series စမတ်ဖုန်း ၇ မျိုးအရင်ရရှိတာဖြစ်ပြီး vivo X20, vivo X20 Plus, vivo X9s, vivo Xplay6, vivo X9, vivo X9s Plus, vivo X9 Plus ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။

Vivo ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Vivo V7 နဲ့ V7 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချခဲ့သေးပေမယ့်လည်း အခု Android Oreo Update ပြုလုပ်ပေးမယ့် စာရင်းမှာတော့ ပါဝင်လာခြင်းမရရှိတာကို တွေ့ရပါတယ်။