Zawgyi

Vivo V11 မွ မဟုတ္ပါဘူး။ လက္ရွိ စမတ္ဖုန္း ေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳေနတဲ့ In-display Fingerprint Sensor ဟာ Synaptics ရဲ႕ နည္းပညာပါ။ Huawei Porsche Design Mate RS, Oppo R17 Pro, Oppo K1, Xiaomi Mi 8 Explorer Edition တို႔ဟာ Synaptics ရဲ႕ In-display Fingerprint နည္းပညာကို အသုံးျပဳခဲ့ၿပီး၊ ဒီလကုန္မွာ ပြဲထြက္လာမယ့္ OnePlus 6T မွာလည္း အဆိုပါ နည္းပညာကိုပဲ အသုံးျပဳထားတယ္လို႔ သိရပါတယ္။ မၾကာခင္ မိတ္ဆက္ေတာ့မယ့္ Huawei Mate 20 Pro မွာ In-display Fingerprint Sensor ပါဝင္လာႏိုင္ေပမယ့္ Synaptics ရဲ႕ နည္းပညာလား၊ Qualcomm ရဲ႕ နည္းပညာလားဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

Clear ID FS9500

Synaptics အေနနဲ႔ Clear ID FS9500 လို႔ေခၚတဲ့ In-display Fingerprint နည္းပညာကို ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလတုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ Vivo နဲ႔ Synaptics တို႔ပူးေပါင္းၿပီး Clear ID FS9500 နည္းပညာ ထည့္သြင္းထားတဲ့ ဖုန္းတစ္လုံးကို ၂၀၁၈ခုႏွစ္ ဇန္နဝါရီလတုန္းက က်င္းပခဲ့တဲ့ CES 2018 မွာ ျပသခဲ့ပါတယ္။

CES 2018 မွာ ျပသခဲ့တဲ့ ဖုန္းဟာ Vivo X20 Plus UD (UD – Under Display) စမတ္ဖုန္း ျဖစ္ၿပီး ကမာၻ႔ပထမဦးဆုံး In-display Fingerprint နည္းပညာ အသုံးျပဳ စမတ္ဖုန္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၈ခုႏွစ္ မတ္လမွာ X20 Plus UD ရဲ႕ ဒုတိယမ်ိဴးဆက္ျဖစ္တဲ့ X21 UD ကိုမိတ္ဆက္ခဲ့ၿပီး၊ ဇြန္လမွာ Vivo NEX S (In-display Fingerprint) စမတ္ဖုန္းကို ထပ္မံ မိတ္ဆက္ခဲ့ပါတယ္။ Vivo အေနနဲ႔ In-display Fingerprint နည္းပညာကို အရင္တုန္းကဆိုရင္ Flagship စမတ္ဖုန္းေတြမွာသာ ထည့္သြင္းခဲ့ၿပီး၊ အခုေနာက္ပိုင္းမွာေတာ့ Mid-range စမတ္ဖုန္းေတြမွာပါ ထည့္သြင္းလာတာ ေတြ႕ရပါတယ္။

Vivo X20 Plus UD, Vivo X21 UD နဲ႔ Vivo NEX S တို႔ဟာ Flagship စမတ္ဖုန္းအမ်ိဴးအစားမ်ား ျဖစ္ၾကၿပီး Vivo V11 ကေတာ့ Mid-range စမတ္ဖုန္းအမ်ိဴးအစား ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းေတြမွာ ထည့္သြင္းထားတဲ့ In-display Fingerprint နည္းပညာက သတ္မွတ္ထားတဲ့ ေနရာ တစ္ေနရာတည္းမွာသာ Scan ဖတ္မွာ ျဖစ္ၿပီး Vivo APEX မွာေတာ့ မ်က္ႏွာျပင္ တစ္ဝက္နီးပါးအထိ Scan ဖတ္ႏိုင္မယ့္ နည္းပညာကို ထည့္သြင္းေပးထားပါတယ္။ Vivo APEX က Concept Phone အဆင့္သာ ရွိေသးတဲ့အတြက္ ေစ်းကြက္ထဲမွာေတာ့ ဝယ္ယူရရွိႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း မၾကာခင္မွာ တရားဝင္ ထြက္ရွိလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။


ဘာပဲျဖစ္ျဖစ္ တျခား ကုမၸဏီေတြက သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြအတြက္ In-display Fingerprint နည္းပညာရေအာင္ ႀကိဳးစားေနတဲ့ အခ်ိန္မွာ Vivo ကေတာ့ Mid-range စမတ္ဖုန္းေတြမွာပါ ထည့္သြင္းေပးေနပါၿပီ။ ေလာေလာဆယ္မွာေတာ့ In-display Fingerprint နည္းပညာနဲ႔ ပတ္သတ္လာရင္ Vivo ဟာ ၿပိဳင္ဘက္ ကုမၸဏီေတြထက္ ေျခတစ္လွမ္းသာေနတယ္လို႔ ေျပာရမွာပါ။

Unicode

Vivo V11 မှာ အသုံးပြုထားတဲ့ In-display Fingerprint နည်းပညာဆိုတာ

Vivo V11 မှ မဟုတ်ပါဘူး။ လက်ရှိ စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုနေတဲ့ In-display Fingerprint Sensor ဟာ Synaptics ရဲ့ နည်းပညာပါ။ Huawei Porsche Design Mate RS, Oppo R17 Pro, Oppo K1, Xiaomi Mi 8 Explorer Edition တို့ဟာ Synaptics ရဲ့ In-display Fingerprint နည်းပညာကို အသုံးပြုခဲ့ပြီး၊ ဒီလကုန်မှာ ပွဲထွက်လာမယ့် OnePlus 6T မှာလည်း အဆိုပါ နည်းပညာကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။ မကြာခင် မိတ်ဆက်တော့မယ့် Huawei Mate 20 Pro မှာ In-display Fingerprint Sensor ပါဝင်လာနိုင်ပေမယ့် Synaptics ရဲ့ နည်းပညာလား၊ Qualcomm ရဲ့ နည်းပညာလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Clear ID FS9500

Synaptics အနေနဲ့ Clear ID FS9500 လို့ခေါ်တဲ့ In-display Fingerprint နည်းပညာကို ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Vivo နဲ့ Synaptics တို့ပူးပေါင်းပြီး Clear ID FS9500 နည်းပညာ ထည့်သွင်းထားတဲ့ ဖုန်းတစ်လုံးကို ၂၀၁၈ခုနှစ် ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ CES 2018 မှာ ပြသခဲ့ပါတယ်။

CES 2018 မှာ ပြသခဲ့တဲ့ ဖုန်းဟာ Vivo X20 Plus UD (UD – Under Display) စမတ်ဖုန်း ဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး In-display Fingerprint နည်းပညာ အသုံးပြု စမတ်ဖုန်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ခုနှစ် မတ်လမှာ X20 Plus UD ရဲ့ ဒုတိယမျိူးဆက်ဖြစ်တဲ့ X21 UD ကိုမိတ်ဆက်ခဲ့ပြီး၊ ဇွန်လမှာ Vivo NEX S (In-display Fingerprint) စမတ်ဖုန်းကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။ Vivo အနေနဲ့ In-display Fingerprint နည်းပညာကို အရင်တုန်းကဆိုရင် Flagship စမတ်ဖုန်းတွေမှာသာ ထည့်သွင်းခဲ့ပြီး၊ အခုနောက်ပိုင်းမှာတော့ Mid-range စမတ်ဖုန်းတွေမှာပါ ထည့်သွင်းလာတာ တွေ့ရပါတယ်။

Vivo X20 Plus UD, Vivo X21 UD နဲ့ Vivo NEX S တို့ဟာ Flagship စမတ်ဖုန်းအမျိူးအစားများ ဖြစ်ကြပြီး Vivo V11 ကတော့ Mid-range စမတ်ဖုန်းအမျိူးအစား ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ In-display Fingerprint နည်းပညာက သတ်မှတ်ထားတဲ့ နေရာ တစ်နေရာတည်းမှာသာ Scan ဖတ်မှာ ဖြစ်ပြီး Vivo APEX မှာတော့ မျက်နှာပြင် တစ်ဝက်နီးပါးအထိ Scan ဖတ်နိုင်မယ့် နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ Vivo APEX က Concept Phone အဆင့်သာ ရှိသေးတဲ့အတွက် စျေးကွက်ထဲမှာတော့ ဝယ်ယူရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာ တရားဝင် ထွက်ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။


ဘာပဲဖြစ်ဖြစ် တခြား ကုမ္ပဏီတွေက သူတို့ရဲ့ Flagship စမတ်ဖုန်းတွေအတွက် In-display Fingerprint နည်းပညာရအောင် ကြိုးစားနေတဲ့ အချိန်မှာ Vivo ကတော့ Mid-range စမတ်ဖုန်းတွေမှာပါ ထည့်သွင်းပေးနေပါပြီ။ လောလောဆယ်မှာတော့ In-display Fingerprint နည်းပညာနဲ့ ပတ်သတ်လာရင် Vivo ဟာ ပြိုင်ဘက် ကုမ္ပဏီတွေထက် ခြေတစ်လှမ်းသာနေတယ်လို့ ပြောရမှာပါ။