Zawgyi

မၾကာေသးခင္ကပဲ Vivo ရဲ႕ V Series ဖုန္းအသစ္ရဲ႕ နာမည္ကို ဘယ္လိုေပးမလဲဆိုတာ ကြၽန္ေတာ္တို႔ စဥ္းစားခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း 13 ဟာ ကံမေကာင္းတဲ့ ကိန္းဂဏန္းျဖစ္တာေၾကာင့္ V13 ဆိုတဲ့နာမည္ကို ေက်ာ္မွာျဖစ္တယ္လို႔ဆိုပါတယ္။ 14 ဟာလည္း တ႐ုတ္လူမ်ိဳးေတြ အတြက္ ကံမေကာင္းတဲ့ ဂဏန္းျဖစ္တာေၾကာင့္ V15 နဲ႕ V15 Pro လို႔ နာမည္ေပးနိုင္တယ္လို႔ သတင္းေတြထြက္ေနခဲ့ပါတယ္။ အခုေတာ့ Vivo ကေန V Series ဖုန္းအသစ္ကို V15 နဲ႕ V15 Pro လို႔ တရားဝင္ နာမည္ေပးလိုက္ၿပီျဖစ္ၿပီး အိႏၵိယမွာ စတင္မိတ္ဆက္မွာပါ။

အခုဆိုရင္ Vivo India က အိႏၵိယနိုင္ငံ သတင္းမီဒီယာေတြကို ေဖေဖာ္ဝါရီ ၂၀ မွာ က်င္းပမယ့္ V Series ဖုန္းအသစ္ မိတ္ဆက္ပြဲ အတြက္ ဖိတ္ၾကားေနပါၿပီ။ မၾကာေသးခင္ကပဲ Vivo ကေန သူ႕ရဲ႕ Flagship ဖုန္းျဖစ္တဲ့ Snapdragon 845 SoC အသုံးျပဳ Vivo NEX ဖုန္း ထုတ္လုပ္ျခင္းကို ရပ္ဆိုင္းခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ Vivo NEX လို Pop-up Selfie Camera ပါဝင္တဲ့ အျပင္ ပိုမိုေစ်းသက္သာတဲ့ V15 ဖုန္းေတြကို မိတ္ဆက္ေတာ့မွာ မို႔ပါပဲ။

Pop-up Selfie Camera ထည့္သြင္းေပးထားလို႔ Vivo V15 မွာ Notch လုံးဝပါမွာမဟုတ္ပါဘူး။ Notch မပါေတာ့တဲ့ အတြက္ Screen-to Body Ratio အျပည့္နီးပါး ရရွိလာမွာပါျဖစ္ၿပီး Vivo NEX လိုပဲ အေတာ္ေလး ၾကည့္ေကာင္းတဲ့ ဖုန္းတစ္လုံးျဖစ္လာမွာပါ။ ဖုန္းႏွစ္လုံး စလုံးမွာ AMOLED Display ေတြတပ္ဆင္ေပးထားနိုင္ၿပီး In-Display Fingerprint Scanner ေတြလည္း ပါဝင္လာနိုင္ပါတယ္။ Vivo V15 Pro မွာ ေနာက္ေက်ာဘက္ ကင္မရာသုံးလုံးတြဲ ပါဝင္လာမယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါေသးတယ္။ ေနာက္ေက်ာဘက္ အဓိက ကင္မရာဟာ 32MP ထိ ရွိနိုင္တယ္လို႔ သတင္းေတြထြက္ေနပါေသးတယ္။

ေနာက္ေက်ာဘက္ ကင္မရာသုံးလုံးတြဲဟာ V15 Pro မွာပဲ ပါဝင္လာနိုင္ၿပီး V15 မွာေတာ့ တပ္ဆင္ေပးထားမွာ မဟုတ္ေလာက္ပါဘူး။ ဒါေပမယ့္ ကုမၸဏီဘက္က တရားဝင္မိတ္ မဆက္ခင္အထိ အခ်က္အလက္ေတြေျပာမွာမဟုတ္လို႔ အဆိုပါ ေကာလာဟလေတြက မွားေကာင္းမွားေနနိုင္ပါတယ္။

V15 နဲ႕ V15 Pro ရဲ႕ ပရိုဆက္ဆာပိုင္းနဲ႕ တစ္ျခား အစိတ္အပိုင္းေတြ အေၾကာင္းလည္း ကုမၸဏီဘက္က ေျပာၾကားျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ ခန႔္မွန္းခ်က္ေတြအရေတာ့ Qualcomm ရဲ႕ Super Mid-range SoC ျဖစ္တဲ့ Snapdragon 710 ကို အသုံးျပဳထားဖို႔မ်ားပါတယ္။ Vivo V15 Pro ကို တ႐ုတ္ျပည္တြင္းမွာ Vivo X25 အျဖစ္ နာမည္ေျပာင္းၿပီး ထပ္မံ မိတ္ဆက္သြားနိုင္ပါေသးတယ္။ ခန႔္မွန္းခ်က္ေတြအရေတာ့ Vivo V15 ဟာ ျမန္မာေငြ ငါးသိန္းဝန္းက်င္နဲ႕ Vivo V15 Pro ကေတာ့ ေျခာက္သိန္းခြဲ ဝန္းက်င္က်သင့္မွာပါ။

Ref: Gizmo China

Unicode

Vivo V15 နဲ့ V15 Pro ကို ဖေဖော်ဝါရီ ၂၀ မှာ စတင် မိတ်ဆက်မည်

မကြာသေးခင်ကပဲ Vivo ရဲ့ V Series ဖုန်းအသစ်ရဲ့ နာမည်ကို ဘယ်လိုပေးမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားခဲ့ကြပါတယ်။ တစ်ချို့ကလည်း 13 ဟာ ကံမကောင်းတဲ့ ကိန်းဂဏန်းဖြစ်တာကြောင့် V13 ဆိုတဲ့နာမည်ကို ကျော်မှာဖြစ်တယ်လို့ဆိုပါတယ်။ 14 ဟာလည်း တရုတ်လူမျိုးတွေ အတွက် ကံမကောင်းတဲ့ ဂဏန်းဖြစ်တာကြောင့် V15 နဲ့ V15 Pro လို့ နာမည်ပေးနိုင်တယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ အခုတော့ Vivo ကနေ V Series ဖုန်းအသစ်ကို V15 နဲ့ V15 Pro လို့ တရားဝင် နာမည်ပေးလိုက်ပြီဖြစ်ပြီး အိန္ဒိယမှာ စတင်မိတ်ဆက်မှာပါ။

အခုဆိုရင် Vivo India က အိန္ဒိယနိုင်ငံ သတင်းမီဒီယာတွေကို ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပမယ့် V Series ဖုန်းအသစ် မိတ်ဆက်ပွဲ အတွက် ဖိတ်ကြားနေပါပြီ။ မကြာသေးခင်ကပဲ Vivo ကနေ သူ့ရဲ့ Flagship ဖုန်းဖြစ်တဲ့ Snapdragon 845 SoC အသုံးပြု Vivo NEX ဖုန်း ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ပါတယ်။ အကြောင်းရင်းကတော့ Vivo NEX လို Pop-up Selfie Camera ပါဝင်တဲ့ အပြင် ပိုမိုစျေးသက်သာတဲ့ V15 ဖုန်းတွေကို မိတ်ဆက်တော့မှာ မို့ပါပဲ။

Pop-up Selfie Camera ထည့်သွင်းပေးထားလို့ Vivo V15 မှာ Notch လုံးဝပါမှာမဟုတ်ပါဘူး။ Notch မပါတော့တဲ့ အတွက် Screen-to Body Ratio အပြည့်နီးပါး ရရှိလာမှာပါဖြစ်ပြီး Vivo NEX လိုပဲ အတော်လေး ကြည့်ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဖုန်းနှစ်လုံး စလုံးမှာ AMOLED Display တွေတပ်ဆင်ပေးထားနိုင်ပြီး In-Display Fingerprint Scanner တွေလည်း ပါဝင်လာနိုင်ပါတယ်။ Vivo V15 Pro မှာ နောက်ကျောဘက် ကင်မရာသုံးလုံးတွဲ ပါဝင်လာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါသေးတယ်။ နောက်ကျောဘက် အဓိက ကင်မရာဟာ 32MP ထိ ရှိနိုင်တယ်လို့ သတင်းတွေထွက်နေပါသေးတယ်။

နောက်ကျောဘက် ကင်မရာသုံးလုံးတွဲဟာ V15 Pro မှာပဲ ပါဝင်လာနိုင်ပြီး V15 မှာတော့ တပ်ဆင်ပေးထားမှာ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ကုမ္ပဏီဘက်က တရားဝင်မိတ် မဆက်ခင်အထိ အချက်အလက်တွေပြောမှာမဟုတ်လို့ အဆိုပါ ကောလာဟလတွေက မှားကောင်းမှားနေနိုင်ပါတယ်။

V15 နဲ့ V15 Pro ရဲ့ ပရိုဆက်ဆာပိုင်းနဲ့ တစ်ခြား အစိတ်အပိုင်းတွေ အကြောင်းလည်း ကုမ္ပဏီဘက်က ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ခန့်မှန်းချက်တွေအရတော့ Qualcomm ရဲ့ Super Mid-range SoC ဖြစ်တဲ့ Snapdragon 710 ကို အသုံးပြုထားဖို့များပါတယ်။ Vivo V15 Pro ကို တရုတ်ပြည်တွင်းမှာ Vivo X25 အဖြစ် နာမည်ပြောင်းပြီး ထပ်မံ မိတ်ဆက်သွားနိုင်ပါသေးတယ်။ ခန့်မှန်းချက်တွေအရတော့ Vivo V15 ဟာ မြန်မာငွေ ငါးသိန်းဝန်းကျင်နဲ့ Vivo V15 Pro ကတော့ ခြောက်သိန်းခွဲ ဝန်းကျင်ကျသင့်မှာပါ။

Ref: Gizmo China