[Zawgyi]



V15Pro – 599,000 kyats
V15 – 469, 000 kyats


[Unicode]

“32MP Front Camera + Triple Cameras နဲ့ Vivo V15 ကို 469,000 ကျပ်ဖြင့် ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်”

မြင့်တက်ပွင့်ထွက်လာမယ့် 32MP အရှေ့ကင်မရာ ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ လတ်တလော ရေပန်းစားနေတဲ့ Vivo V15Pro ရဲ့ နောက်ဆက်တွဲအဖြစ် V15 ကိုတော့ မတ်လ ၂၆ ရက်နေ့ကစတင်လို့ Vivo Showroom များနဲ့ Vivo အရောင်းကောင်တာများမှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ V15 မှာတော့ Topaz Blue နဲ့ Glamour Red ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်ကာ သူ့မှာလည်း V15Pro နည်းတူ “32MP အရှေ့ကင်မရာ” ပါဝင်လာမှာ ဖြစ်ပြီး အနောက်ဘက်မှာဆိုရင်လည်း “ကင်မရာ ၃ လုံး” တပ်ဆင်ပေးထားပါတယ်။

Ultra FullView Display နဲ့ လုံးဝမျက်နှာပြင်အပြည့် ခံစားချက်ကိုလည်း ရချင်တယ်၊ V15Pro လောက်လည်း ဈေးမသုံးချင်ဘူး ဆိုသူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပြီး သူ့ရဲ့မျက်နှာပြင်က 6.53 inches ရှိမှာဖြစ်လို့ မျက်နှာပြင်အပြည့် ဂိမ်းဆော့တဲ့အခါ၊ ဖုန်းနဲ့ ရုပ်ရှင်တွေကြည့်တဲ့အခါတွေမှာ စိတ်ကျေနပ်မှု ကောင်းကောင်း ပေးနိုင်မှာပါ။ USB Port က Micro USB ဆိုပေမယ့် Dual-Engine Fast Charging ပါဝင်လို့ Daily Usage အတွက် များများစားစား ကွာခြားချက် ရှိမှာမဟုတ်ပါဘူး။

V15Pro နဲ့ V15 က အဓိက ဘာတွေကွာခြားသလဲ?
V15Pro – 599,000 kyats
V15 – 469, 000 kyats
ဈေးနှုန်းအားဖြင့် ၁ သိန်းကျော် ကွာခြားတဲ့ V15 Series နှစ်ခုရဲ့ ကွာခြားချက်လေးတွေကို ဒီနေရာမှာ အနည်းငယ် Highlight လုပ်ပြချင်ပါတယ်။
– V15Pro မှာဆိုရင် မျက်နှာပြင်အောက် လက်ဗွေစနစ်ပါဝင်ပြီး V15 မှာတော့ လက်ဗွေဟာ ဖုန်းရဲ့အနောက်ဖက်မှာ ရှိမှာပါ။
– V15Pro ဟာ မျက်နှာပြင်အောင် လက်ဗွေစနစ်ဖြစ်လို့ Display ဟာ Super AMOLED Display ဖစ်ပြီး V15 ကတော့ 2.5D Glass နဲ့ ပြုလုပ်ထားတဲ့ LCD Display ဖြစ်ပါတယ်။
– V15Pro ရဲ့ Battery ဟာ 3700 mAh ဖြစ်ပြီး V15 ရဲ့ Battery ကတော့ 4000 mAh ဖြစ်ပါတယ်။
– V15Pro မှာတော့ လောလောဆယ် Topaz Blue တစ်ရောင်သာ ရရှိနိုင်ပေမယ့် V15 ကတော့ Topaz Blue နဲ့ Glamour Red ဆိုပြီး ၂ ရောင် ရရှိနိုင်မှာဖြစ်ပါတယ်။
– V15Pro ရဲ့ အနောက်ကင်မရာက 48MP + 8MP (Wide Camera) + 5MP (Depth Camera) ဖစ်ပြီး V15 ကတော့ 24MP + 8MP (Wide Camera) + 5MP (Depth Camera) နဲ့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ V15Pro နဲ့ V15 ထဲကမှ ကိုယ့်ရဲ့ လိုအပ်ချက်ပေါ်လိုက်ပြီး ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ “မြင့်တက်၊ ပွင့်ထွက်” လာမယ့် အနာဂါတ်တွေအတွက် Vivo ရဲ့ V15 Series တွေကနေ သင့်ကို လက်ကမ်းကြိုလိုက်ပါတယ်။