[Zawgyi]
Vivo V15Pro ဟာ 48 Million Quad Pixel Sensor ၊ 8MP ရှိတဲ့ AI Super Wide Angle နဲ့ မြင်ကွင်းကျယ်အတွက် 5MP Depth Camera စတဲ့ AI ကင်မရာသုံးလုံးပါဝင်ဖွဲ့စည်းထားတဲ့အပြင် AI Algorithms ကိုလည်း ထည့်သွင်းဖန်တီးထားပါတယ်။ ဓာတ်ပုံစွမ်းဆောင်ရည်တွေ၊ AI Body Shaping ကနေ AI Portrait Lighting တွေထိ အဆင့်မြှင့်ထားတာကြောင့် သင့်ရဲ့ Mobile Camera အတွေ့အကြုံကိုပါ ပိုမိုကောင်းမွန်စေမယ်လို့ ပြောကြားထားပါတယ်။
[Unicode]
သင့်ရဲ့ စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို Vivo V15Pro ရဲ့ ကျောဘက်ကင်မရာ ၃လုံးနဲ့ အတူ မြှင့်တင်လိုက်ပါ
စမတ်ဖုန်းတွေမှာ ရှိတဲ့ ကင်မရာနှစ်လုံးပါတဲ့နည်းပညာဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ မိုဘိုင်းဖုန်းအမှတ်တံဆိပ်တွေဟာ သုံးစွဲသူတွေရဲ့ စဉ်ဆက်မပျက် အဆင့်ဆင့်ပြောင်းလဲနေတဲ့ အကြိုက်သဘောသဘာဝပေါ်၊ တိုးတက်လာတဲ့ ခေတ်မီဆန်းသစ်တဲ့အတွေ့အကြုံ တွေပေါ်မူတည်ပြီး သူတို့ အမှတ်ဆံတိပ်တွေမှာပါဝင်တဲ့ ကင်မရာလုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ချက်တွေကို အဆက်မပြတ် ဆန်းသစ်တီထွင်ပြောင်းလဲလာကြပါတယ်။
Vivo ကလည်း နောက်ကျကျန်မနေခဲ့ပဲ မျက်နှာပြင်ပြည့် (Ultra FullView Display) နှင့် မြင့်တက်ပွင့်ထွက်နေတဲ့ အရည်အသွေးမြင့် 32MP ရှေ့ကင်မရာ ပါဝင်တဲ့ Vivo V15Pro ဖုန်းအသစ်ကို မကြာသေးမီကဘဲ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ Vivo ကနေ မကြာသေးခင်ကမှ မိတ်ဆက်ပေးလိုက်တဲ့ Vivo V15Pro ဟာ AI စွမ်းဆောင်ရည်တွေပါဝင်တဲ့ ကျောဘက်ကင်မရာ၃လုံးနဲ့ ဆန်းသစ်တီထွင်ထားတာကြောင့် သာမန်အလင်းရောင်တွေမှာ သာမကပဲ အမှောင်ထဲမှာပါ သင့်ရဲ့ ဓာတ်ပုံကို အံ့မခမ်းကြည်လင်ပြတ်သားမှုအပြင် တစ်ခါမှ မတွေ့ကြုံဖူးသေးသော ကျယ်ဝန်းတဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။
Vivo V15Pro ဟာ 48 Million Quad Pixel Sensor ၊ 8MP ရှိတဲ့ AI Super Wide Angle နဲ့ မြင်ကွင်းကျယ်အတွက် 5MP Depth Camera စတဲ့ AI ကင်မရာသုံးလုံးပါဝင်ဖွဲ့စည်းထားတဲ့အပြင် AI algorithms ကိုလည်း ထည့်သွင်းဖန်တီးထားပါတယ်။ ဓာတ်ပုံစွမ်းဆောင်ရည်တွေ၊ AI Body Shaping ကနေ AI Portrait lighting တွေထိ အဆင့်မြှင့်ထားတာကြောင့် သင့်ရဲ့ mobile camera အတွေ့အကြုံကိုပါ ပိုမိုကောင်းမွန်စေမယ်လို့ ပြောကြားထားပါတယ်။
Vivo ရဲ့ ကင်မရာနည်းပညာသစ်က ဘယ်လောက်တောင်ကောင်းမွန်လိုက်သလဲ။ ကြည့်လိုက်ကြရအောင်
သင့်ရဲ့ ညဘက်ဓာတ်ပုံရိုက်ချက်တွေကို မြှင့်တင်လိုက်ပါ
Vivo V15Pro ရဲ့ AI Super Night Mode က အလင်းရောင်မတူညီတဲ့ ဓာတ်ပုံများစွာကို တစ်ချိန်တည်းမှာ ရိုက်ယူနိုင်ပြီးတော့ ဒီလိုဓာတ်ပုံတွေကို ပြန်လည်ပေါင်းစပ်လိုက်တဲ့အခါ အလင်းရောင်နဲ့ ကြည်လင်ပြတ်သားမှုအကောင်းဆုံးကို ဖန်တီးပေးတာကြောင့် အထူးကောင်းမွန်တဲ့ အရည်အသွေးရှိ ညဘက်ဓာတ်ပုံရိုက်ချက်တွေကို ပေးစွမ်းနိုင်ပါတယ်လို့ သိရပါတယ်။ Vivo V15Pro ရဲ့ အဓိကကင်မရာက ½.25-inch sensor၊ f/1.8 aperture ၊ pixel တစ်ခုကို 0.8μm ရှိပြီး 48 million pixels အဖြစ် ပေါင်းစပ်ထားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ နောက်ပြီးတော့ “4-in-1 pixel” နည်းပညာထည့်သွင်းထားတဲ့အတွက် အရည်အသွေး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာ အသေအချာပါပဲ။
Vivo V15 ရဲ့ ဖုန်းကိုယ်ထည်က တည်ငြိမ်ခိုင်မာမှု ရှိတဲ့အတွက် Tripod အကူအညီမလိုဘဲနဲ့ ညဘက်မှာတောင် ဓာတ်ပုံတွေကို အရည်အသွေးကောင်းမွန်စွာ ၊ ပြတ်သားစွာနဲ့ ဝါးတားနေတာမျိုးတွေမရှိပဲ ရယူနိုင်တယ်လို့ သိရပါတယ်။
သင့်ရဲ့ဓာတ်ပုံမြင်ကွင်းများကို မြှင့်တင်လိုက်ပါ
Vivo V15Pro ရဲ့ AI Super Wide-Angle Camera က ကင်မရာ မြင်ကွင်းကို ၁၂၀ ဒီဂရီထိ တိုးချဲ့နိုင်တာကြောင့် ဓာတ်ပုံမြင်ကွင်းမှာ လူများများပိုပါနိုင်သလို ပိုမိုကျယ်ပြောလှပသော ရှုခင်းတွေကိုလည်း ရိုက်ယူနိုင်တဲ့အတွက် အံ့မခမ်း ကြည်လင်ပြတ်သား ကျယ်ပြောသော မြင်ကွင်းတွေကို ရယူနိုင်ပါတယ်။
Vivo V15Pro နဲ့ သူ့ရဲ့ တီထွင်ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းဆောင်ချက်တွေကြောင့် အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်လို ဓာတ်ပုံများကို ဖမ်းယူနိုင်တယ်လို့ သိရပါတယ်။