[Zawgyi]

ေဖေဖၚဝါရီလ ၁၉ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္ – ရန္ကုန္၊ ျမန္မာ – ကမာၻလုံးဆိုင္ရာ အဆင့္ျမင့္စမတ္ဖုန္း အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ Vivo သည္ ျမန္မာႏိုင္ငံ၏ ေဖ်ာ္ေျဖေရးက႑မွ ငယ္႐ြယ္ၿပီး လူႀကိဳက္မ်ားသည့္ ၾကယ္ပြင့္ ၈ ဦးတို႔အား Vivo အမွတ္တံဆိပ္ endorsers မ်ားအျဖစ္ လက္တြဲပူးေပါင္းၿပီး လာမည့္ ေဖေဖၚဝါရီလ ၂၆ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္တြင္ ၎၏ ျမင့္တက္ပြင့္ထြက္လာမည့္ ဒီဇိုင္းအလန္းစား ဖုန္းအမ်ိဳးအစားသစ္ ႏွစ္မ်ိဳးျဖစ္ေသာ V15 ႏွင့္ V15Pro တို႔အား Melia ဟိုတယ္၊ အင္းယားခန္းမ တြင္ ညေန ၃ နာရီမွ ၅ နာရီတြင္ ႀကီးက်ယ္ခမ္းနားစြာ မိတ္ဆက္ေပးသြားမည္ျဖစ္သည္။

အဆိုပါအခမ္းအနားသို႔ Vivo ၏ Brand Ambassador မ်ားျဖစ္ၾကေသာ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဝိုင္းစုခိုင္သိန္း၊ သ႐ုပ္ေဆာင္ ႏွင့္ အလွအပေရးရာ အထူးကြၽမ္းက်င္သူ ေနျခည္ဦးတို႔နဲ႔အတူ Vivo အမွတ္တံဆိပ္၏ endorsers မ်ားအျဖစ္ နာမည္ေက်ာ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ႏွင့္ ေမာ္ဒယ္မ်ား ျဖစ္ၾကေသာ ရွင္ေမြလ၊ ပိုးၾကာျဖဴခင္၊ နန္းစႏၵာလွထြန္း၊ စည္သူဝင္း၊ Alice Ong၊ ေမလသံစဥ္၊ ေနာ္ေဖာအယ္ထား ႏွင့္ စြဲျမတ္သၪၨာတို႔ တက္ေရာက္သြားမည္ျဖစ္သည္။

V15|V15Pro ဖုန္းအမ်ိဳးအစားသစ္ႏွစ္မ်ိဳးကို ေဈးကြက္ထဲတြင္ စတင္မိတ္ဆက္ေပးသြားမည့္ အထိမ္းအမွတ္ အျဖစ္ အစီအစဥ္မ်ားစြာ လုပ္ေဆာင္သြားမည္ျဖစ္သည္။ Vivo Facebook စာမ်က္ႏွာေပၚတြင္ တရားဝင္မိတ္ဆက္ပြဲအခမ္းအနား၏ Live ကိုလည္း တိုက္႐ိုက္ထုတ္လႊင့္သြားမည္ျဖစ္ရာ ပရိတ္သတ္မ်ား အေနျဖင့္ မည္သည့္ေနရာကို ေရာက္ရွိေနသည္ျဖစ္ေစ ဝင္ေရာက္ၾကည့္ရႈႏိုင္ၿပီး ၾကည့္ရႈေနသူမ်ားထဲမွ ကံထူးရွင္ကို ျပန္လည္ေ႐ြးခ်ယ္ေပးသြားမည့္ အစီအစဥ္လည္းရွိသည္။

“UP campaign နဲ႔လိုက္ဖက္ၿပီး ငယ္႐ြယ္တဲ့အျပင္ တက္တက္ႂကြႂကြရွိတဲ့ ၾကယ္ပြင့္ေတြနဲ႔ လက္တြဲၿပီး V15|V15Pro မိတ္ဆက္ပြဲအခမ္းအနားကို ျပဳလုပ္က်င္းပသြားဖို႔ အစီအစဥ္ရွိပါတယ္။” ဟု Vivo Mobile Myanmar ၏ Digital PR Manager ျဖစ္သူ ကိုထြန္းထြန္းဝင္းမွေျပာၾကားခဲ့သည္။ “ဒီဖုန္းအသစ္ေတြက 32 MP ရွိတဲ့ ျမင့္တက္ပြင့္ထြက္လာမယ့္ အေရွ႕မ်က္ႏွာျပင္ ကင္မရာပါရွိမွာျဖစ္လို႔ အေတြ႕အႀကဳံအသစ္နဲ႔ ေပ်ာ္႐ႊင္စရာ selfie ႐ိုက္တဲ့ ခံစားမႈကို ရရွိႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ျမန္မာႏိုင္ငံရဲ႕ လူငယ္ေတြကို ထိထိေရာက္ေရာက္ လႊမ္းမိုးႏိုင္တဲ့ လူငယ္ influencers ေတြနဲ႔ ပူးေပါင္းၿပီး Vivo ကို ပိုၿပီးလူငယ္ဆန္ေအာင္၊ တက္ႂကြသြက္လက္တဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္ေအာင္ စိတ္ဝင္စားစရာ အစီအစဥ္ေတြနဲ႔ လုပ္ေဆာင္သြားမွာပါ” ဟုလည္း ထပ္မံ ေျပာၾကားခဲ့သည္။

“အခုဆိုရင္ Vivo ရဲ႕ လူအမ်ားအထူးေစာင့္စားေနၾကတဲ့ pop-up selfie ကင္မရာပါတဲ့ V15 နဲ႔ V15Pro ကို အားလုံးေရွ႕မွာ တရားဝင္မိတ္ဆက္ေပးသြားဖို႔ တစ္ပတ္ေလာက္ပဲ က်န္ပါေတာ့တယ္။ Vivo ကလည္း Facebook စာမ်က္ႏွာေပၚမွာ ေရွ႕ေျပးဗီဒီယိုေတြ၊ သံတမန္အသစ္မိတ္ဆက္ေပးတာေတြ၊ ေနာက္ၿပီး ၾကယ္ပြင့္၈ေယာက္နဲ႔ လက္တြဲလုပ္သြားမွာေတြကို Vivo ခ်စ္သူမ်ားအားလုံး အႀကိဳရင္ခုန္ႏိုင္ေစဖို႔ ေၾကညာထားတာေတြလည္း ရွိပါတယ္” ဟု ကိုထြန္းထြန္းဝင္းမွ ေျပာျပခဲ့သည္။

V15 ႏွင့္ V15Pro တရားဝင္မိတ္ဆက္ျခင္းႏွင့္ပတ္သက္ၿပီး စိတ္ဝင္စားမႈ အရွိန္ပိုမိုျမင့္တက္လာေရးအတြက္ မိတ္ဆက္ပြဲအခမ္းအနားတြင္ Experience ဧရိယာလည္း ထားရွိေပးသြားမည္ျဖစ္ရာ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ ဧည့္ပရိတ္သတ္မ်ား ႏွင့္ မီဒီယာမ်ားအေနျဖင့္ ျမင့္တက္ပြင့္ထြက္လာမည့္ အေရွ႕ကင္မရာ ႏွင့္ Bazel Less အေတြ႕အႀကဳံအပါအဝင္အျပင္ အျခားေသာ လုပ္ေဆာင္ခ်က္ေကာင္းမ်ားကို ကိုယ္တိုင္လက္ေတြ႕ စမ္းသပ္သြားႏိုင္မည္ျဖစ္သည္။ Vivo V15 ႏွင့္ V15Pro တရားဝင္ မိတ္ဆက္ပြဲအား ေဖေဖၚဝါရီလ ၂၆ ရက္ေန႔၊ ညေန ၃ နာရီမွ ၅နာရီတြင္ Melia ဟိုတယ္၊ အင္းယားခန္းမတြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။ တစ္ႏိုင္ငံလုံးမွ ပရိတ္သတ္မ်ားမွလည္း တရားဝင္ မိတ္ဆက္အခမ္းအနားကို Vivo Facebook စာမ်က္ႏွာေပၚတြင္ တိုက္႐ိုက္ထုတ္လႊင့္သြားျခင္းကို ဝင္ေရာက္ ၾကည့္ရႈႏိုင္မည္ျဖစ္သည္။

[Unicode]

မြန်မာ့တက်သစ်စလူငယ် Influencers ၈ ယောက်မှ Vivo UP Campaign တွင် တစ်တပ်တစ်အား ပါဝင်သွားမည်

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့၊ ၂၀၁၉ ခုနှစ် – ရန်ကုန်၊ မြန်မာ – ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သော Vivo သည် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးကဏ္ဍမှ ငယ်ရွယ်ပြီး လူကြိုက်များသည့် ကြယ်ပွင့် ၈ ဦးတို့အား Vivo အမှတ်တံဆိပ် endorsers များအဖြစ် လက်တွဲပူးပေါင်းပြီး လာမည့် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့၊ ၂၀၁၉ ခုနှစ်တွင် ၎င်း၏ မြင့်တက်ပွင့်ထွက်လာမည့် ဒီဇိုင်းအလန်းစား ဖုန်းအမျိုးအစားသစ် နှစ်မျိုးဖြစ်သော V15 နှင့် V15Pro တို့အား Melia ဟိုတယ်၊ အင်းယားခန်းမ တွင် ညနေ ၃ နာရီမှ ၅ နာရီတွင် ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ Vivo ၏ Brand Ambassador များဖြစ်ကြသော အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း၊ သရုပ်ဆောင် နှင့် အလှအပရေးရာ အထူးကျွမ်းကျင်သူ နေခြည်ဦးတို့နဲ့အတူ Vivo အမှတ်တံဆိပ်၏ endorsers များအဖြစ် နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် နှင့် မော်ဒယ်များ ဖြစ်ကြသော ရှင်မွေလ၊ ပိုးကြာဖြူခင်၊ နန်းစန္ဒာလှထွန်း၊ စည်သူဝင်း၊ Alice Ong၊ မေလသံစဉ်၊ နော်ဖောအယ်ထား နှင့် စွဲမြတ်သဉ္ဇာတို့ တက်ရောက်သွားမည်ဖြစ်သည်။

V15|V15Pro ဖုန်းအမျိုးအစားသစ်နှစ်မျိုးကို ဈေးကွက်ထဲတွင် စတင်မိတ်ဆက်ပေးသွားမည့် အထိမ်းအမှတ် အဖြစ် အစီအစဉ်များစွာ လုပ်ဆောင်သွားမည်ဖြစ်သည်။ Vivo Facebook စာမျက်နှာပေါ်တွင် တရားဝင်မိတ်ဆက်ပွဲအခမ်းအနား၏ Live ကိုလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ရာ ပရိတ်သတ်များ အနေဖြင့် မည်သည့်နေရာကို ရောက်ရှိနေသည်ဖြစ်စေ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကြည့်ရှုနေသူများထဲမှ ကံထူးရှင်ကို ပြန်လည်ရွေးချယ်ပေးသွားမည့် အစီအစဉ်လည်းရှိသည်။

“UP campaign နဲ့လိုက်ဖက်ပြီး ငယ်ရွယ်တဲ့အပြင် တက်တက်ကြွကြွရှိတဲ့ ကြယ်ပွင့်တွေနဲ့ လက်တွဲပြီး V15|V15Pro မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။” ဟု Vivo Mobile Myanmar ၏ Digital PR Manager ဖြစ်သူ ကိုထွန်းထွန်းဝင်းမှပြောကြားခဲ့သည်။ “ဒီဖုန်းအသစ်တွေက 32 MP ရှိတဲ့ မြင့်တက်ပွင့်ထွက်လာမယ့် အရှေ့မျက်နှာပြင် ကင်မရာပါရှိမှာဖြစ်လို့ အတွေ့အကြုံအသစ်နဲ့ ပျော်ရွှင်စရာ selfie ရိုက်တဲ့ ခံစားမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ လူငယ်တွေကို ထိထိရောက်ရောက် လွှမ်းမိုးနိုင်တဲ့ လူငယ် influencers တွေနဲ့ ပူးပေါင်းပြီး Vivo ကို ပိုပြီးလူငယ်ဆန်အောင်၊ တက်ကြွသွက်လက်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်အောင် စိတ်ဝင်စားစရာ အစီအစဉ်တွေနဲ့ လုပ်ဆောင်သွားမှာပါ” ဟုလည်း ထပ်မံ ပြောကြားခဲ့သည်။

“အခုဆိုရင် Vivo ရဲ့ လူအများအထူးစောင့်စားနေကြတဲ့ pop-up selfie ကင်မရာပါတဲ့ V15 နဲ့ V15Pro ကို အားလုံးရှေ့မှာ တရားဝင်မိတ်ဆက်ပေးသွားဖို့ တစ်ပတ်လောက်ပဲ ကျန်ပါတော့တယ်။ Vivo ကလည်း Facebook စာမျက်နှာပေါ်မှာ ရှေ့ပြေးဗီဒီယိုတွေ၊ သံတမန်အသစ်မိတ်ဆက်ပေးတာတွေ၊ နောက်ပြီး ကြယ်ပွင့်၈ယောက်နဲ့ လက်တွဲလုပ်သွားမှာတွေကို Vivo ချစ်သူများအားလုံး အကြိုရင်ခုန်နိုင်စေဖို့ ကြေညာထားတာတွေလည်း ရှိပါတယ်” ဟု ကိုထွန်းထွန်းဝင်းမှ ပြောပြခဲ့သည်။

V15 နှင့် V15Pro တရားဝင်မိတ်ဆက်ခြင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု အရှိန်ပိုမိုမြင့်တက်လာရေးအတွက် မိတ်ဆက်ပွဲအခမ်းအနားတွင် Experience ဧရိယာလည်း ထားရှိပေးသွားမည်ဖြစ်ရာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များ နှင့် မီဒီယာများအနေဖြင့် မြင့်တက်ပွင့်ထွက်လာမည့် အရှေ့ကင်မရာ နှင့် Bazel Less အတွေ့အကြုံအပါအဝင်အပြင် အခြားသော လုပ်ဆောင်ချက်ကောင်းများကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်သွားနိုင်မည်ဖြစ်သည်။ Vivo V15 နှင့် V15Pro တရားဝင် မိတ်ဆက်ပွဲအား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့၊ ညနေ ၃ နာရီမှ ၅နာရီတွင် Melia ဟိုတယ်၊ အင်းယားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တစ်နိုင်ငံလုံးမှ ပရိတ်သတ်များမှလည်း တရားဝင် မိတ်ဆက်အခမ်းအနားကို Vivo Facebook စာမျက်နှာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်သွားခြင်းကို ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။