[Zawgyi]

Vivo V15 Pro ဟာ ၂၀၁၉ ခုႏွစ္အစပိုင္းမွာ Vivo ရဲ႕ ဦးဆုံး Flagship အေနနဲ႔ ထြက္လာတာ ျဖစ္ပါတယ္။ အၾကမ္းအားျဖင့္ ၾကည့္လိုက္မယ္ဆိုရင္ေတာင္ V11 ထက္ ပိုၿပီး ဆြဲေဆာင္မႈရွိတဲ့ စမတ္ဖုန္း တစ္လုံးလို႔ ဆိုရမွာပါ။ တစ္နည္းအားျဖင့္ Vivo က V15 Pro မွာ ပိုၿပီးအားထည့္ထားတယ္ေပါ့။ Apex, Vivo NEX ေတြမွာကတည္းက ေတြ႕ေနရတဲ့ Vivo ရဲ႕ ဆန္းသစ္မႈဟာ Vivo V15 Pro မွာလည္း ဆက္ၿပီးေတြ႕လိုက္ရပါတယ္။ အထူးသျဖင့္ေျပာရမွာက Pop-up camera ပါ။ Vivo V15 ကေတာ့ အနည္းငယ္ ေဈးႏႈန္းသက္သာမယ့္ မူကြဲတစ္မ်ိဳးျဖစ္ပါတယ္။

Design
ဒီဇိုင္းဆိုတာ စမတ္ဖုန္းတစ္လုံးရဲ႕ First Impression ပါပဲ။ V15 Pro ကေတာ့ First Impression မွာ ေအာင္တယ္လို႔ ေျပာရပါမယ္။ မ်က္ႏွာျပင္အျပည့္က ပထမဆုံးဆြဲေဆာင္မႈျဖစ္ၿပီး ေက်ာဘက္ ကင္မရာဆင္ထားပုံနဲ႔ Pop-up ကင္မရာကို တြဲစပ္ထားပုံက ႏွစ္သက္စရာ ဒီဇိုင္းအယူအဆပါ။ Bezels ေတြ Chin ေတြအေတာ္ေလး ပါးသြားတဲ့ ပုံစံကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရပါတယ္။ အျပာေရာင္ကို အႏုအရင့္နဲ႔ Spectrum ေျပးထားတာေလးေတြ၊ အျပင္က Glass တစ္ထပ္ အုပ္ေပးထားတာေလးေတြက တည္ၿငိမ္႐ိုးရွင္းၿပီး ခန႔္ထည္တဲ့ ဒီဇိုင္းပါ။ ထိပ္ဘက္နဲ႔ ေဘးေဘာင္ေတြက ပုံမွန္ထက္ ပိုေလ်ာ့နည္းသြားတာကလည္း မ်က္ႏွာျပင္ျပည့္ ဒီဇိုင္းပိုင္းကို ပိုၿပီးႀကီးက်ယ္ေစတယ္လို႔ ခံစားရပါတယ္။

V15 ကေတာ့ ေက်ာဘက္မွာ Fingerprint ေလးပါလာၿပီး မသိမသာေလး ပိုႀကီးသြား႐ုံေလာက္ပါပဲ။ အေရာင္ေ႐ြးခ်ယ္မႈအေနနဲ႔ Glamour Red လို႔ေခၚတဲ့ အနီေရာင္ကိုလည္း ေ႐ြးခ်ယ္လို႔ရတာက ဝမ္းသာစရာပါ။

Body
ကိုယ္ထည္ပိုင္းကေတာ့ 157.3 x 74.7 x 8.2 mm (6.19 x 2.94 x 0.32 in) ျဖစ္တဲ့အတြက္ လက္တစ္ဘက္တည္းနဲ႔ အဆင္ေျပေျပ ကိုင္တြယ္အသုံးျပဳႏိုင္တဲ့ မႀကီးလြန္း၊ မေသးလြန္းအေနအထားပါပဲ။ အေလးခ်ိန္က 185 g ဆိုေတာ့ နည္းနည္း စီးတယ္ေျပာရမွာေပါ့။ ကိုယ္ထည္တည္ေဆာက္ထားပုံက အရင္ထြက္ခဲ့တဲ့ V11, V9 စတာေတြနဲ႔ ယွဥ္ရင္ေတာ့ ပိုသပ္ရပ္လာပါၿပီ။ အခ်ိဳးအေကြ႕ေလးေတြလည္းေျပျပစ္ၿပီး ဆုပ္ကိုင္ထားလို႔ေကာင္းတယ္ဆိုေပမယ့္ ေခ်ာေနတတ္တဲ့ ဖန္သားေၾကာင့္ အလြယ္တကူလြတ္မက်ဖို႔ေတာ့ သတိထားရမွာပါ။ V15 ကလည္း အလားတူပါပဲ။ 161.97×75.93×8.54mm ျဖစ္သြားတာေၾကာင့္ အတိုင္းအတာအားျဖင့္ မသိမသာေလး ပိုၿပီး ႀကီးသြားပါတယ္။ အေလးခ်ိန္က 189.5 g ဆိုေတာ့ ဒါကလည္း V15 Pro ထက္ နည္းနည္း အေလးခ်ိန္ပိုတာပါပဲ။

Display
မ်က္ႏွာျပင္က Notch မပါ၊ Punch-hole မပါတဲ့အတြက္ ျပစ္မ်ိဳးမွဲ႔မထင္ မ်က္ႏွာျပင္လို႔ပဲ ေျပာရပါမယ္။ Super AMOLED capacitive touchscreen, 16M colors ျဖစ္ၿပီးေတာ့ Resolution က 1080 x 2316 pixels ဆိုေတာ့ Fine ပါတယ္။ အေရာင္ထြက္တဲ့အပိုင္းမွာေတာ့ Warm color ဘက္ကို နည္းနည္းပိုေရာက္လာတဲ့အတြက္ လိုေသးတယ္လို႔ ထင္ပါတယ္။

V 15 ရဲ႕ မ်က္ႏွာျပင္ကို Fifth-gen Corning Gorilla Glass နဲ႔ ဖုံးအုပ္ေပးထားပါတယ္။ 19.5:9 အခ်ိဳးျဖစ္ၿပီးေတာ့ FHD+ အမ်ိဳးအစားပါ။ ႐ုပ္ထြက္ၾကည္လင္မႈႏႈန္းကေတာ့ 1080 x 2340 ပါ။ Color ပိုင္းကေတာ့ သိပ္ၿပီးေထြေထြထူးထူး ေျပာစရာ မရွိပါဘူး။

Camera
Vivo V15 Pro ရဲ႕ ျမင့္တက္ပြင့္ထြက္လာတဲ့ 32MP ကင္မရာက စိတ္ဝင္စားစရာအေကာင္းဆုံးနဲ႔ ဒီဖုန္းရဲ႕ အလန္းဆုံး Feature လို႔ ေျပာရမွာပါ။ ကင္မရာပိုင္းကေတာ့ ဒီဖုန္းရဲ႕ ဆြဲေဆာင္မႈေတြမွာ အဓိကအခ်က္ပါ။ Vivo ဟာ သူ႔ရဲ႕ထုတ္ကုန္ေတြမွာ Selfie ကင္မရာပိုင္းကို ဦးစားေပးေလ့ရွိပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ပထမဆုံး 32MP Pop-up ကင္မရာပါပဲ။ Vivo ကေတာ့ 0.46 Seconds အတြင္းမွာ ကင္မရာထြက္ေပၚလာႏိုင္သလို အႀကိမ္ေရ ၃ သိန္းအထိ ေကာင္းေကာင္းမြန္မြန္ အထုတ္အသြင္းလုပ္ႏိုင္တယ္လို႔ေျပာထားပါတယ္။ တစ္ေန႔ကို အႀကိမ္ေရ ၂၇၀ ေလာက္ ထုတ္လိုက္သြင္းလိုက္ လုပ္ရင္ေတာင္ သုံးႏွစ္ေလာက္ ေကာင္းေကာင္း သုံးလို႔ရတယ္လို႔ ဆိုလိုတဲ့သေဘာပါပဲ။ 32MP selfie ကင္မရာရဲ႕ ၾကည္လင္ျပတ္သားမႈက Vivo ရဲ႕ နာမည္ကို ဆက္ထိန္းထားေပးပါတယ္။

အေနာက္ကင္မရာေတြမွာ Sony IMX586 Exmor RS Sensor နဲ႔ 48MP, f/1.8 အဓိက ကင္မရာသုံးေပးထားတာကို ႀကိဳဆိုပါတယ္။ 8 MP, 13mm (ultrawide) ဟာ ေထာင့္ေလးေတြမွာေတာ့ Distortion အနည္းငယ္ေတြ႕ရေပမယ့္ လက္ခံႏိုင္ေလာက္တဲ့ အေနအထားပါ။ 5 MP, f/2.4, depth sensor နဲ႔ Portrait ႐ိုက္တဲ့အခါ Depth of field က အေတာ္ေလးကို ေကာင္းမြန္လာတာ ေတြ႕ရပါတယ္။ 48MP နဲ႔ ႐ိုက္ကူးထားရင္ေတာ့ ခ်ဲ႕ၾကည့္ရင္ အေသးစိတ္က်က် ျမင္ေတြ႕ႏိုင္သလို၊ 12MP shooting Mode နဲ႔ Night Scenes ေတြ ႐ိုက္ကူးရင္လည္း Over exposure သိပ္မရွိတာက ႏွစ္သက္စရာပါ။ AI စြမ္းေဆာင္ရည္ကေတာ့ အေတာ္ေလးကို တိုးတက္ေျပာင္းလဲလာပါၿပီ။ အထူးသျဖင့္ Normal Shot ေတြကို ပိုၿပီး အားရလာပါတယ္။ 4K/30fps Video ႐ိုက္ကူးႏိုင္တာကိုလည္း ေက်နပ္ေပမယ့္ Stabilize မျဖစ္တာကိုေတာ့ အားမရပါဘူး။

Vivo V15 မွာလည္း စုစုေပါင္း ကင္မရာ ၄ လုံးပါဝင္ပါတယ္။ Selfie ကေတာ့ V15 Pro နဲ႔ တူညီတဲ့ အရည္အေသြးရွိပါတယ္။ ေက်ာဘက္မွာ 12MP အဓိက ကင္မရာနဲ႔အတူ 8MP + 5MP ကင္မရာ ႏွစ္လုံးကို တြဲစပ္ေပးထားတာပါ။ အဓိကကင္မရာရဲ႕ 12MP Sensor က (24 million photosensitive units) ျဖစ္တဲ့အတြက္ လုံေလာက္တဲ့ ၾကည္လင္ျပတ္သားမႈကိုေတာ့ ရပါလိမ့္မယ္။ ဒါေပမယ့္ 12MP is not 48MP ဆိုတာကို လက္ခံႏိုင္ဖို႔ လိုပါမယ္။ ဒီဖုန္းဟာ Selfie အတြက္ အဓိက ဦးတည္ေပးထားတယ္လို႔ပဲ ဆိုခ်င္ပါတယ္။

Hardware
အသစ္ထြက္ထားတဲ့ Qualcomm Snapdragon 675 Chipset ကို သုံးထားတာပါ။ Triple Camera ကို Supprot ေပးထားတဲ့ အားသာခ်က္ကို သိၾကမယ္ထင္ပါတယ္။ ။ တစ္ဘက္က ျပန္ၾကည့္ရင္လည္း ဒီ Chipset က စြမ္းအင္သုံးစြဲမႈကို ေလ်ာ့က်ေစတဲ့ အခ်က္ေတာ့ ေတြ႕ရမွာပါ။ Snapdragon 710 မဟုတ္ေပမယ့္ PUBG ကို High Graphics နဲ႔ အဆင္ေျပေျပ ကစားႏိုင္တာကိုေတာ့ ႀကိဳက္ပါတယ္။ RAM ကေတာ့ 6GB ပဲ ေပးထားပါတယ္။ 10GB ေလာက္ေပးရင္ ပိုေကာင္းမယ္ဆိုေပမယ့္ 6GB ဆိုတာကလည္း စမတ္ဖုန္းတစ္လုံးအတြက္ လုံေလာက္တဲ့ ပမာဏလို႔ ဆိုရမွာပါ။ သိုေလွာင္မႈမွာ 128GB ေပးထားသလို MicroSD နဲ႔ 256GB အထိ တိုးျမႇင့္ႏိုင္ပါတယ္။

V15 ကို Snapdragon နဲ႔ေမွ်ာ္လင့္ထားသူေတြအတြက္ MTK P70 နဲ႔ပဲ ေက်နပ္လိုက္ပါလို႔ ေျပာပါရေစ။ MTK P70 ရဲ႕ P70 ရဲ႕ Benchmark Results ေတြက Snapdragon 660 နဲ႔ အမ်ားႀကီးကြာဟေနတာ မဟုတ္ပါဘူး။ 6GB RAM နဲ႔ MTK P70 ရဲ႕ Performance နဲ႔တြဲလိုက္ေတာ့ စိတ္ပ်က္စရာမဟုတ္ေတာ့ဘူးလို႔ ေျပာခ်င္ပါတယ္။ 64GB Storage ေထာက္ပံ့ေပးထားတာက သာမန္သုံးစြဲသူေတြအတြက္ လုံေလာက္တယ္ဆိုေပမယ့္ ဖုန္းထဲမွာပဲ ေဒတာေတြ မ်ားမ်ားစားစား သိမ္းထားတတ္တဲ့သူေတြအတြက္ေတာ့ microSD Card နဲ႔ထပ္ခ်ဲ႕ဖို႔လိုအပ္ပါလိမ့္မယ္။

Platform
Android 9 ကို အေျခခံထားတဲ့ Funtouch OS ပါ။ ဒီ OS ကို ႀကိဳက္လြန္းတဲ့ Fan မဟုတ္ေပမယ့္ ဒီတစ္ေခါက္ Vivo ရဲ႕အဆင့္ျမႇင့္တင္ထားမႈေတြကိုေတာ့ လက္ခံပါတယ္။

Sound
အသံပိုင္းဆိုင္ရာအတြက္ ဖုန္းရဲ႕ေအာက္ေျခမွာ Speaker ေပါက္ တစ္ေပါက္တည္းထည့္ေပးထားပါေသးတယ္။ On speaker မွာ Bass သံကိုေကာင္းေကာင္းၾကားရတယ္ဆိုေပမယ့္ အမ်ားႀကီးေတာ့ ထပ္ၿပီးေမွ်ာ္လင့္ထားလို႔မရပါဘူး။ Hi-Fi Chipset မပါဝင္တာကေတာ့ ဝမ္းနည္းဖို႔ေကာင္းပါတယ္။

Feature
5th Gen In-Display Fingerprint စနစ္က V11 ထက္ပိုၿပီးေတာ့ ျမန္ဆန္လာတာေတြ႕ရပါတယ္။ အခုထိ သုံးၾကည့္ရသေလာက္ေတာ့ Fingerprint နဲ႔ဖြင့္ဖို႔ ၾကာေနတာ၊ ထစ္ေငါ့ေနတာ မႀကဳံရေသးပါဘူး။ Good Job Vivo. Face Unlock လည္းသုံးရတာပိုေကာင္းလာတယ္လို႔ ခံစားရပါတယ္။ တစ္ခါတစ္ရံ ခ်က္ခ်င္းမပြင့္ဘဲ ေလးေနတတ္တာမ်ိဳး V15 Pro မွာ မႀကဳံရေသးပါဘူး။ ေျပာစရာတစ္ခ်က္ရွိတာက USB 2.0 ပဲသုံးထားတုန္းပါ။ Vivo အေနနဲ႔ V15 Pro လို စမတ္ဖုန္းမ်ိဳးမွာ USB-C ကို ေျပာင္းသင့္တယ္လို႔ ယူဆပါတယ္။ USB-C သုံးထားရင္ေတာ့ ပိုလန္းသြားပါလိမ့္မယ္။ သိတဲ့အတိုင္းပဲ USB 2.0 ဆိုတာက ၂၀၁၉ မွာ သိပ္ကို ေခတ္ေနာက္က်ေနၿပီလို႔ ဆိုရမွာပါ။

V15 မွာေတာ့ သာမန္ Fingerprint ကိုပဲရရွိမွာပါ။ ေက်ာဘက္က Fingerprint ရဲ႕တုံ႔ျပန္မႈက ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ျမန္ဆန္ပါတယ္။ လက္မွာေရစိုေနတဲ့အခ်ိန္ဖြင့္ၾကည့္တဲ့အခါမွာေတာ့ ပုံမွန္ထက္ အနည္းငယ္အခ်ိန္ယူရတယ္ဆိုေပမယ့္ အလုပ္ျဖစ္ပါတယ္။ Face Unlock ကေတာ့ အလင္းေရာင္အားနည္းခ်ိန္မွာလည္း ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္တာကို ေတြ႕ရပါတယ္။

Battery
Vivo V15 Pro ရဲ႕ ဘက္ထရီက 3,700mAh ပါ။ အျခားဖုန္းေတြလို 4,000mAh ေလာက္ဆိုရင္ေတာ့ ပိုၿပီးအားရဖို႔ေကာင္းပါလိမ့္မယ္။ Selfie သမားေတြနဲ႔ သာမန္အသုံးျပဳသူေတြအတြက္ လုံးဝျပႆနာမရွိေပမယ့္ ဂိမ္းသမားေတြအေနနဲ႔ေတာ့ ဒီဘက္ထရီပမာဏကို စိတ္ေက်နပ္မွာမဟုတ္ပါဘူး။ Charging မွာေတာ့ ဒီေခတ္အတြက္ မပါမျဖစ္ Dual Enging ေထာက္ပံ့ထားေလးေတာ့ ႏွစ္သက္ပါတယ္။ ၁၅ မိနစ္အတြင္း ၂၅ ရာခိုင္ႏႈန္းေလာက္ အားျပန္ျပည့္တယ္ဆိုေပမယ့္ ရာႏႈန္းျပည့္အားသြင္းဖို႔ကေတာ့ ၁ နာရီနဲ႔ မိနစ္ ၂၀ ေလာက္ အခ်ိန္ယူရမွာပါ။

Vivo V15 မွာ 4,000mAh ဘက္ထရီတပ္ဆင္ေပးထားတာကေတာ့ ဝမ္းသာစရာပါပဲ။ ဒါ့အျပင္ Dual-Engine Fast Charging စနစ္လည္း ထည့္သြင္းေပးထားတဲ့အတြက္ ဒီအပိုင္းမွာေတာ့ အမ်ားနဲ႔တန္းတူပဲလို႔ ဆိုရမွာပါ။

သုံးသပ္ခ်က္
ၿခဳံၿပီးေျပာရမယ္ဆိုရင္ေတာ့ Vivo V15 Pro ဟာ Price to Performance ဘက္ကၾကည့္ရင္လည္း သုံးေပ်ာ္၊ ဝယ္ေပ်ာ္တယ္လို႔ ဆိုရပါလိမ့္မယ္။ Selfie ခ်စ္သူေတြအတြက္ အထူးပဲသင့္ေလ်ာ္ပါတယ္။ ဒီဇိုင္းပိုင္းက So Cool ပါ။ Pop-up ကင္မရာက တကယ္လန္းပါတယ္။ Notch မရွိ၊ Punch-hole မပါတဲ့ မ်က္ႏွာျပင္ျပည့္ကို သုံးရတာ ေဖ်ာ္ေျဖေရးအတြက္ေရာ၊ Fashion ပိုင္းအရပါ ေဂၚတယ္လို႔ ေျပာရပါလိမ့္မယ္။။ 5th Gen In-Display fingerprint ကလည္း လန္းသလို၊ Face Unlock လည္း ပိုေကာင္းလာတာ ေတြ႕ရပါတယ္။ Selfie ႀကိဳက္တဲ့ ပ်ိဳေမေတြအတြက္ Fashionable ျဖစ္ပါလိမ့္မယ္။

အားမရတဲ့အပိုင္းကေတာ့ အခုအခ်ိန္ထိ Micro USB ပဲ သုံးထားတာပါ။ Hi-Fi Chipset ေလးေတာ့ ထည့္ေပးသင့္ပါတယ္ Vivo ရယ္လို႔လည္း ေျပာခ်င္ပါတယ္။ ကိုယ္ထည္ပိုင္းက Glass အုပ္ထားေပမယ့္ အၾကမ္းခံဖို႔ေတာ့ သံသယ ျဖစ္မိပါတယ္။ ၾကမ္းၾကမ္းတမ္းတမ္းကိုင္တြယ္အသုံးျပဳတတ္တဲ့၊ တစ္ေနကုန္ ဂိမ္းေဆာ့ခ်င္တယ္ဆိုတဲ့ Bro ေတြအတြက္ ႏုနယ္တဲ့ဖုန္းတစ္လုံးလို႔ပဲ ဆိုရမွာပါ။ Normal Shot ပိုင္းမွာ တိုးတက္မႈေတြ ျမင္ရေပမယ့္ Mobile Photography စစ္စစ္ေတြအႀကိဳက္ေတြ႕ဖို႔ကေတာ့ အဆင့္တစ္ခုလိုအပ္ေနပါေသးတယ္။

Vivo V15 ဟာ Selfie ကင္မရာအရည္အေသြးကို ေလွ်ာ့ခ်မထားတာ၊ Pop -up ကင္မရာနဲ႔ လုံေလာက္တဲ့ဘက္ထရီပမာဏ ထည့္သြင္းေပးထားတာက အားသာခ်က္လို႔ဆိုရမွာပါ။ MTK P70 နဲ႔ 6GB RAM နဲ႔တြဲဖက္ထားတာေၾကာင့္ ေခတ္ေပၚ မိုလ္ဘိုင္းဂိမ္းေတာ္ေတာ္မ်ားမ်ားကို ေခ်ာေခ်ာေမြ႕ေမြ႕ ကစားႏိုင္ေပမယ့္ Graphic ျမင့္လြန္းတဲ့ ဂိမ္းအခ်ိဳ႕အတြက္ အကန႔္အသတ္ေလး နည္းနည္းရွိေနတာကလည္း အားမလိုအားမရျဖစ္မိပါတယ္။ ဘာပဲျဖစ္ျဖစ္ Vivo V15 Pro ရဲ႕ ျမင့္တက္ပြင့္ထြက္လာတဲ့ 32MP ကင္မရာက စိတ္ဝင္စားစရာအေကာင္းဆုံးနဲ႔ ဒီဖုန္းရဲ႕ အလန္းဆုံး Feature လို႔ ေျပာရမွာပါ။

[Unicode]

32MP Pop-up ကင်မရာတွေနဲ့ ပွဲထွက်ခဲ့တဲ့ Vivo V15 နဲ့ V15 Pro တို့အား ပြန်လည်သုံးသပ်ကြည့်ခြင်း

Vivo V15 Pro ဟာ ၂၀၁၉ ခုနှစ်အစပိုင်းမှာ Vivo ရဲ့ ဦးဆုံး Flagship အနေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ကြည့်လိုက်မယ်ဆိုရင်တောင် V11 ထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့ စမတ်ဖုန်း တစ်လုံးလို့ ဆိုရမှာပါ။ တစ်နည်းအားဖြင့် Vivo က V15 Pro မှာ ပိုပြီးအားထည့်ထားတယ်ပေါ့။ Apex, Vivo NEX တွေမှာကတည်းက တွေ့နေရတဲ့ Vivo ရဲ့ ဆန်းသစ်မှုဟာ Vivo V15 Pro မှာလည်း ဆက်ပြီးတွေ့လိုက်ရပါတယ်။ အထူးသဖြင့်ပြောရမှာက Pop-up camera ပါ။ Vivo V15 ကတော့ အနည်းငယ် ဈေးနှုန်းသက်သာမယ့် မူကွဲတစ်မျိုးဖြစ်ပါတယ်။

Design
ဒီဇိုင်းဆိုတာ စမတ်ဖုန်းတစ်လုံးရဲ့ First Impression ပါပဲ။ V15 Pro ကတော့ First Impression မှာ အောင်တယ်လို့ ပြောရပါမယ်။ မျက်နှာပြင်အပြည့်က ပထမဆုံးဆွဲဆောင်မှုဖြစ်ပြီး ကျောဘက် ကင်မရာဆင်ထားပုံနဲ့ Pop-up ကင်မရာကို တွဲစပ်ထားပုံက နှစ်သက်စရာ ဒီဇိုင်းအယူအဆပါ။ Bezels တွေ Chin တွေအတော်လေး ပါးသွားတဲ့ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။
အပြာရောင်ကို အနုအရင့်နဲ့ Spectrum ပြေးထားတာလေးတွေ၊ အပြင်က Glass တစ်ထပ် အုပ်ပေးထားတာလေးတွေက တည်ငြိမ်ရိုးရှင်းပြီး ခန့်ထည်တဲ့ ဒီဇိုင်းပါ။ ထိပ်ဘက်နဲ့ ဘေးဘောင်တွေက ပုံမှန်ထက် ပိုလျော့နည်းသွားတာကလည်း မျက်နှာပြင်ပြည့် ဒီဇိုင်းပိုင်းကို ပိုပြီးကြီးကျယ်စေတယ်လို့ ခံစားရပါတယ်။

V15 ကတော့ ကျောဘက်မှာ Fingerprint လေးပါလာပြီး မသိမသာလေး ပိုကြီးသွားရုံလောက်ပါပဲ။ အရောင်ရွေးချယ်မှုအနေနဲ့ Glamour Red လို့ခေါ်တဲ့ အနီရောင်ကိုလည်း ရွေးချယ်လို့ရတာက ဝမ်းသာစရာပါ။

Body
ကိုယ်ထည်ပိုင်းကတော့ 157.3 x 74.7 x 8.2 mm (6.19 x 2.94 x 0.32 in) ဖြစ်တဲ့အတွက် လက်တစ်ဘက်တည်းနဲ့ အဆင်ပြေပြေ ကိုင်တွယ်အသုံးပြုနိုင်တဲ့ မကြီးလွန်း၊ မသေးလွန်းအနေအထားပါပဲ။ အလေးချိန်က 185 g ဆိုတော့ နည်းနည်း စီးတယ်ပြောရမှာပေါ့။ ကိုယ်ထည်တည်ဆောက်ထားပုံက အရင်ထွက်ခဲ့တဲ့ V11, V9 စတာတွေနဲ့ ယှဉ်ရင်တော့ ပိုသပ်ရပ်လာပါပြီ။ အချိုးအကွေ့လေးတွေလည်းပြေပြစ်ပြီး ဆုပ်ကိုင်ထားလို့ကောင်းတယ်ဆိုပေမယ့် ချောနေတတ်တဲ့ ဖန်သားကြောင့် အလွယ်တကူလွတ်မကျဖို့တော့ သတိထားရမှာပါ။
V15 ကလည်း အလားတူပါပဲ။ 161.97×75.93×8.54mm ဖြစ်သွားတာကြောင့် အတိုင်းအတာအားဖြင့် မသိမသာလေး ပိုပြီး ကြီးသွားပါတယ်။ အလေးချိန်က 189.5 g ဆိုတော့ ဒါကလည်း V15 Pro ထက် နည်းနည်း အလေးချိန်ပိုတာပါပဲ။

Display
မျက်နှာပြင်က Notch မပါ၊ Punch-hole မပါတဲ့အတွက် ပြစ်မျိုးမှဲ့မထင် မျက်နှာပြင်လို့ပဲ ပြောရပါမယ်။ Super AMOLED capacitive touchscreen, 16M colors ဖြစ်ပြီးတော့ Resolution က 1080 x 2316 pixels ဆိုတော့ Fine ပါတယ်။ အရောင်ထွက်တဲ့အပိုင်းမှာတော့ Warm color ဘက်ကို နည်းနည်းပိုရောက်လာတဲ့အတွက် လိုသေးတယ်လို့ ထင်ပါတယ်။

 

V 15 ရဲ့ မျက်နှာပြင်ကို Fifth-gen Corning Gorilla Glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ 19.5:9 အချိုးဖြစ်ပြီးတော့ FHD+ အမျိုးအစားပါ။ ရုပ်ထွက်ကြည်လင်မှုနှုန်းကတော့ 1080 x 2340 ပါ။ Color ပိုင်းကတော့ သိပ်ပြီးထွေထွေထူးထူး ပြောစရာ မရှိပါဘူး။

Camera
ကင်မရာပိုင်းကတော့ ဒီဖုန်းရဲ့ ဆွဲဆောင်မှုတွေမှာ အဓိကအချက်လို့ ဆိုရမှာပါ။ Vivo ဟာ သူ့ရဲ့ထုတ်ကုန်တွေမှာ Selfie ကင်မရာပိုင်းကို ဦးစားပေးလေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ပထမဆုံး 32MP Pop-up ကင်မရာပါပဲ။ Vivo ကတော့ 0.46 Seconds အတွင်းမှာ ကင်မရာထွက်ပေါ်လာနိုင်သလို အကြိမ်ရေ ၃ သိန်းအထိ ကောင်းကောင်းမွန်မွန် အထုတ်အသွင်းလုပ်နိုင်တယ်လို့ပြောထားပါတယ်။ တစ်နေ့ကို အကြိမ်ရေ ၂၇၀ လောက် ထုတ်လိုက်သွင်းလိုက် လုပ်ရင်တောင် သုံးနှစ်လောက် ကောင်းကောင်း သုံးလို့ရတယ်လို့ ဆိုလိုတဲ့သဘောပါပဲ။ 32MP selfie ကင်မရာရဲ့ ကြည်လင်ပြတ်သားမှုက Vivo ရဲ့ နာမည်ကို ဆက်ထိန်းထားပေးပါတယ်။

အနောက်ကင်မရာတွေမှာ Sony IMX586 Exmor RS Sensor နဲ့ 48MP, f/1.8 အဓိက ကင်မရာသုံးပေးထားတာကို ကြိုဆိုပါတယ်။ 8 MP, 13mm (ultrawide) ဟာ ထောင့်လေးတွေမှာတော့ Distortion အနည်းငယ်တွေ့ရပေမယ့် လက်ခံနိုင်လောက်တဲ့ အနေအထားပါ။ 5 MP, f/2.4, depth sensor နဲ့ Portrait ရိုက်တဲ့အခါ Depth of field က အတော်လေးကို ကောင်းမွန်လာတာ တွေ့ရပါတယ်။ 48MP နဲ့ ရိုက်ကူးထားရင်တော့ ချဲ့ကြည့်ရင် အသေးစိတ်ကျကျ မြင်တွေ့နိုင်သလို၊ 12MP shooting Mode နဲ့ Night Scenes တွေ ရိုက်ကူးရင်လည်း Over exposure သိပ်မရှိတာက နှစ်သက်စရာပါ။ AI စွမ်းဆောင်ရည်ကတော့ အတော်လေးကို တိုးတက်ပြောင်းလဲလာပါပြီ။ အထူးသဖြင့် Normal Shot တွေကို ပိုပြီး အားရလာပါတယ်။ 4K/30fps Video ရိုက်ကူးနိုင်တာကိုလည်း ကျေနပ်ပေမယ့် Stabilize မဖြစ်တာကိုတော့ အားမရပါဘူး။

Vivo V15 မှာလည်း စုစုပေါင်း ကင်မရာ ၄ လုံးပါဝင်ပါတယ်။ Selfie ကတော့ V15 Pro နဲ့ တူညီတဲ့ အရည်အသွေးရှိပါတယ်။ ကျောဘက်မှာ 12MP အဓိက ကင်မရာနဲ့အတူ 8MP + 5MP ကင်မရာ နှစ်လုံးကို တွဲစပ်ပေးထားတာပါ။ အဓိကကင်မရာရဲ့ 12MP Sensor က (24 million photosensitive units) ဖြစ်တဲ့အတွက် လုံလောက်တဲ့ ကြည်လင်ပြတ်သားမှုကိုတော့ ရပါလိမ့်မယ်။ ဒါပေမယ့် 12MP is not 48MP ဆိုတာကို လက်ခံနိုင်ဖို့ လိုပါမယ်။ ဒီဖုန်းဟာ Selfie အတွက် အဓိက ဦးတည်ပေးထားတယ်လို့ပဲ ဆိုချင်ပါတယ်။

Hardware
အသစ်ထွက်ထားတဲ့ Qualcomm Snapdragon 675 Chipset ကို သုံးထားတာပါ။ Triple Camera ကို Supprot ပေးထားတဲ့ အားသာချက်ကို သိကြမယ်ထင်ပါတယ်။ ။ တစ်ဘက်က ပြန်ကြည့်ရင်လည်း ဒီ Chipset က စွမ်းအင်သုံးစွဲမှုကို လျော့ကျစေတဲ့ အချက်တော့ တွေ့ရမှာပါ။ Snapdragon 710 မဟုတ်ပေမယ့် PUBG ကို High Graphics နဲ့ အဆင်ပြေပြေ ကစားနိုင်တာကိုတော့ ကြိုက်ပါတယ်။
RAM ကတော့ 6GB ပဲ ပေးထားပါတယ်။ 10GB လောက်ပေးရင် ပိုကောင်းမယ်ဆိုပေမယ့် 6GB ဆိုတာကလည်း စမတ်ဖုန်းတစ်လုံးအတွက် လုံလောက်တဲ့ ပမာဏလို့ ဆိုရမှာပါ။ သိုလှောင်မှုမှာ 128GB ပေးထားသလို MicroSD နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။
V15 ကို Snapdragon နဲ့မျှော်လင့်ထားသူတွေအတွက် MTK P70 နဲ့ပဲ ကျေနပ်လိုက်ပါလို့ ပြောပါရစေ။ MTK P70 ရဲ့ P70 ရဲ့ Benchmark Results တွေက Snapdragon 660 နဲ့ အများကြီးကွာဟနေတာ မဟုတ်ပါဘူး။ 6GB RAM နဲ့ MTK P70 ရဲ့ Performance နဲ့တွဲလိုက်တော့ စိတ်ပျက်စရာမဟုတ်တော့ဘူးလို့ ပြောချင်ပါတယ်။ 64GB Storage ထောက်ပံ့ပေးထားတာက သာမန်သုံးစွဲသူတွေအတွက် လုံလောက်တယ်ဆိုပေမယ့် ဖုန်းထဲမှာပဲ ဒေတာတွေ များများစားစား သိမ်းထားတတ်တဲ့သူတွေအတွက်တော့ microSD Card နဲ့ထပ်ချဲ့ဖို့လိုအပ်ပါလိမ့်မယ်။

Platform
Android 9 ကို အခြေခံထားတဲ့ Funtouch OS ပါ။ ဒီ OS ကို ကြိုက်လွန်းတဲ့ Fan မဟုတ်ပေမယ့် ဒီတစ်ခေါက် Vivo ရဲ့အဆင့်မြှင့်တင်ထားမှုတွေကိုတော့ လက်ခံပါတယ်။

Sound
အသံပိုင်းဆိုင်ရာအတွက် ဖုန်းရဲ့အောက်ခြေမှာ Speaker ပေါက် တစ်ပေါက်တည်းထည့်ပေးထားပါသေးတယ်။ On speaker မှာ Bass သံကိုကောင်းကောင်းကြားရတယ်ဆိုပေမယ့် အများကြီးတော့ ထပ်ပြီးမျှော်လင့်ထားလို့မရပါဘူး။ Hi-Fi Chipset မပါဝင်တာကတော့ ဝမ်းနည်းဖို့ကောင်းပါတယ်။

Feature
5th Gen In-Display Fingerprint စနစ်က V11 ထက်ပိုပြီးတော့ မြန်ဆန်လာတာတွေ့ရပါတယ်။ အခုထိ သုံးကြည့်ရသလောက်တော့ Fingerprint နဲ့ဖွင့်ဖို့ ကြာနေတာ၊ ထစ်ငေါ့နေတာ မကြုံရသေးပါဘူး။ Good Job Vivo. Face Unlock လည်းသုံးရတာပိုကောင်းလာတယ်လို့ ခံစားရပါတယ်။ တစ်ခါတစ်ရံ ချက်ချင်းမပွင့်ဘဲ လေးနေတတ်တာမျိုး V15 Pro မှာ မကြုံရသေးပါဘူး။

ပြောစရာတစ်ချက်ရှိတာက USB 2.0 ပဲသုံးထားတုန်းပါ။ Vivo အနေနဲ့ V15 Pro လို စမတ်ဖုန်းမျိုးမှာ USB-C ကို ပြောင်းသင့်တယ်လို့ ယူဆပါတယ်။ USB-C သုံးထားရင်တော့ ပိုလန်းသွားပါလိမ့်မယ်။ သိတဲ့အတိုင်းပဲ USB 2.0 ဆိုတာက ၂၀၁၉ မှာ သိပ်ကို ခေတ်နောက်ကျနေပြီလို့ ဆိုရမှာပါ။

V15 မှာတော့ သာမန် Fingerprint ကိုပဲရရှိမှာပါ။ ကျောဘက်က Fingerprint ရဲ့တုံ့ပြန်မှုက ဘယ်လိုအခြေအနေမျိုးမှာမဆို မြန်ဆန်ပါတယ်။ လက်မှာရေစိုနေတဲ့အချိန်ဖွင့်ကြည့်တဲ့အခါမှာတော့ ပုံမှန်ထက် အနည်းငယ်အချိန်ယူရတယ်ဆိုပေမယ့် အလုပ်ဖြစ်ပါတယ်။ Face Unlock ကတော့ အလင်းရောင်အားနည်းချိန်မှာလည်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်တာကို တွေ့ရပါတယ်။

Battery
Vivo V15 Pro ရဲ့ ဘက်ထရီက 3,700mAh ပါ။ အခြားဖုန်းတွေလို 4,000mAh လောက်ဆိုရင်တော့ ပိုပြီးအားရဖို့ကောင်းပါလိမ့်မယ်။ Selfie သမားတွေနဲ့ သာမန်အသုံးပြုသူတွေအတွက် လုံးဝပြဿနာမရှိပေမယ့် ဂိမ်းသမားတွေအနေနဲ့တော့ ဒီဘက်ထရီပမာဏကို စိတ်ကျေနပ်မှာမဟုတ်ပါဘူး။ Charging မှာတော့ ဒီခေတ်အတွက် မပါမဖြစ် Dual Enging ထောက်ပံ့ထားလေးတော့ နှစ်သက်ပါတယ်။ ၁၅ မိနစ်အတွင်း ၂၅ ရာခိုင်နှုန်းလောက် အားပြန်ပြည့်တယ်ဆိုပေမယ့် ရာနှုန်းပြည့်အားသွင်းဖို့ကတော့ ၁ နာရီနဲ့ မိနစ် ၂၀ လောက် အချိန်ယူရမှာပါ။

Vivo V15 မှာ 4,000mAh ဘက်ထရီတပ်ဆင်ပေးထားတာကတော့ ဝမ်းသာစရာပါပဲ။ ဒါ့အပြင် Dual-Engine Fast Charging စနစ်လည်း ထည့်သွင်းပေးထားတဲ့အတွက် ဒီအပိုင်းမှာတော့ အများနဲ့တန်းတူပဲလို့ ဆိုရမှာပါ။

သုံးသပ်ချက်
ခြုံပြီးပြောရမယ်ဆိုရင်တော့ Vivo V15 Pro ဟာ Price to Performance ဘက်ကကြည့်ရင်လည်း သုံးပျော်၊ ဝယ်ပျော်တယ်လို့ ဆိုရပါလိမ့်မယ်။ Selfie ချစ်သူတွေအတွက် အထူးပဲသင့်လျော်ပါတယ်။ ဒီဇိုင်းပိုင်းက So Cool ပါ။ Pop-up ကင်မရာက တကယ်လန်းပါတယ်။ Notch မရှိ၊ Punch-hole မပါတဲ့ မျက်နှာပြင်ပြည့်ကို သုံးရတာ ဖျော်ဖြေရေးအတွက်ရော၊ Fashion ပိုင်းအရပါ ဂေါ်တယ်လို့ ပြောရပါလိမ့်မယ်။။ 5th Gen In-Display fingerprint ကလည်း လန်းသလို၊ Face Unlock လည်း ပိုကောင်းလာတာ တွေ့ရပါတယ်။ Selfie ကြိုက်တဲ့ ပျိုမေတွေအတွက် Fashionable ဖြစ်ပါလိမ့်မယ်။

အားမရတဲ့အပိုင်းကတော့ အခုအချိန်ထိ Micro USB ပဲ သုံးထားတာပါ။ Hi-Fi Chipset လေးတော့ ထည့်ပေးသင့်ပါတယ် Vivo ရယ်လို့လည်း ပြောချင်ပါတယ်။ ကိုယ်ထည်ပိုင်းက Glass အုပ်ထားပေမယ့် အကြမ်းခံဖို့တော့ သံသယ ဖြစ်မိပါတယ်။ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်အသုံးပြုတတ်တဲ့၊ တစ်နေကုန် ဂိမ်းဆော့ချင်တယ်ဆိုတဲ့ Bro တွေအတွက် နုနယ်တဲ့ဖုန်းတစ်လုံးလို့ပဲ ဆိုရမှာပါ။ Normal Shot ပိုင်းမှာ တိုးတက်မှုတွေ မြင်ရပေမယ့် Mobile Photography စစ်စစ်တွေအကြိုက်တွေ့ဖို့ကတော့ အဆင့်တစ်ခုလိုအပ်နေပါသေးတယ်။

Vivo V15 ဟာ Selfie ကင်မရာအရည်အသွေးကို လျှော့ချမထားတာ၊ Pop -up ကင်မရာနဲ့ လုံလောက်တဲ့ဘက်ထရီပမာဏ ထည့်သွင်းပေးထားတာက အားသာချက်လို့ဆိုရမှာပါ။ MTK P70 နဲ့ 6GB RAM နဲ့တွဲဖက်ထားတာကြောင့် ခေတ်ပေါ် မိုလ်ဘိုင်းဂိမ်းတော်တော်များများကို ချောချောမွေ့မွေ့ ကစားနိုင်ပေမယ့် Graphic မြင့်လွန်းတဲ့ ဂိမ်းအချို့အတွက် အကန့်အသတ်လေး နည်းနည်းရှိနေတာကလည်း အားမလိုအားမရဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် Vivo V15 Pro ရဲ့ မြင့်တက်ပွင့်ထွက်လာတဲ့ 32MP ကင်မရာက စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ ဒီဖုန်းရဲ့ အလန်းဆုံး Feature လို့ ပြောရမှာပါ။