[Zawgyi]

Vivo နဲ႔ပတ္သက္ၿပီး ဒီရက္ပိုင္းအတြင္း လႈပ္လႈပ္ရွားရွားျဖစ္ေနတဲ့သတင္းကေတာ့ ေက်ာဘက္မွာ Diamond Shaped ကင္မရာဖြဲ႕စည္းပုံနဲ႔ Device သစ္အေၾကာင္းပဲ ျဖစ္ပါတယ္။ စာဖတ္သူအေတာ္မ်ားမ်ားကေတာ့ ေက်ာဘက္မွာ Diamond Shaped ဆိုတာနဲ႔ Vivo S5 ကိုပဲ ျမင္ေယာင္မိၾကမယ္ထင္ပါတယ္။

ဗီယက္နမ္အဆိုေတာ္ Noo Phuoc Thinh ရဲ႕ MV ထဲမွာလည္း ေက်ာဘက္မွာ Diamond Shaped ကင္မရာဖြဲ႕စည္းပုံနဲ႔ Vivo Device တစ္ခုကို ျမင္ေတြ႕ရပါတယ္။ လက္ရွိထြက္ေနတဲ့ သတင္းေတြအရေတာ့ ဒီ ဟန္းဆက္ကို (ေဈးကြက္အခ်ိဳ႕မွာ) Vivo V17 လို႔ ေခၚတြင္သြားဖြယ္ ရွိပါတယ္။ ဒါေပမယ့္ V17 ရဲ႕ Diamond Shaped ကင္မရာဖြဲ႕စည္းမႈက S5 နဲ႔ေတာ့ အနည္းငယ္ ကြဲလြဲမႈ ရွိေနပါတယ္။

Vivo S5 ဟာ Diamond Shaped အတြင္းမွာ ကင္မရာသုံးလုံးနဲ႔ ဖလက္ရွ္ကို အထိုင္ခ်ထားၿပီး အျခားကင္မရာတစ္လုံးကေတာ့ အျပင္ဘက္မွာ ျဖစ္ပါတယ္။ S5 ရဲ႕ အေရွ႕ဘက္ကင္မရာကလည္း Punch-hole ပါ။ V17 လို႔ ဆိုထားတဲ့ ဟန္းဆက္မွာေတာ့ Diamond Shaped အတြင္းမွာ ကင္မရာ ေလးလုံးစလုံး ထည့္သြင္းအထိုင္ခ်ထားၿပီး ဖလက္ရွ္ကေတာ့ အျပင္ဘက္မွာ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မကေတာ့ Water-drop ပုံစံ ျဖစ္ပါတယ္။

TENAA အရဆိုရင္ေတာ့ V17 ဟာ 48MP အဓိကင္မရာကို 8MP တစ္လုံး၊ 2MP ႏွစ္လုံးနဲ႔ ေပါင္းစပ္ေပးထားတာ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 32MP ပါ။ Octa-Core 2.0GHz processors ျဖစ္ၿပီး 6/8GB of RAM နဲ႔ 128/256GB သိုေလွာင္မႈ ပမာဏေတြ ျဖစ္ပါလိမ့္မယ္။

6.38-inch 1080 x 2340 pixels Full HD+ AMOLED မ်က္ႏွာျပင္ျဖစ္ၿပီး အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားတဲ့ 4,390mAh ပမာဏ ဘက္ထရီကို တပ္ဆင္ေပးထားမွာပါ။ ၿပီးခဲ့တဲ့တစ္ပါတ္က ေပါက္ၾကားမႈတစ္ခုအရ USB-C port ပါဝင္မယ္လို႔ သိရပါတယ္။ Fingerprint ကေတာ့ In-display ပဲ ျဖစ္မယ္လို႔ သိရပါတယ္။ က်န္တဲ့အေသးစိတ္အခ်က္အလက္ကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

Vivo V17 ဖြစ်လာဖွယ်ရှိတဲ့ Diamond Shaped ကင်မရာဖွဲ့စည်းပုံနဲ့ဟန်းဆက်ကို ဗီယက်နမ် MV ထဲမှာ တွေ့မြင်ရ

Vivo နဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့သတင်းကတော့ ကျောဘက်မှာ Diamond Shaped ကင်မရာဖွဲ့စည်းပုံနဲ့ Device သစ်အကြောင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူအတော်များများကတော့ ကျောဘက်မှာ Diamond Shaped ဆိုတာနဲ့ Vivo S5 ကိုပဲ မြင်ယောင်မိကြမယ်ထင်ပါတယ်။

ဗီယက်နမ်အဆိုတော် Noo Phuoc Thinh ရဲ့ MV ထဲမှာလည်း ကျောဘက်မှာ Diamond Shaped ကင်မရာဖွဲ့စည်းပုံနဲ့ Vivo Device တစ်ခုကို မြင်တွေ့ရပါတယ်။ လက်ရှိထွက်နေတဲ့ သတင်းတွေအရတော့ ဒီ ဟန်းဆက်ကို (ဈေးကွက်အချို့မှာ) Vivo V17 လို့ ခေါ်တွင်သွားဖွယ် ရှိပါတယ်။ ဒါပေမယ့် V17 ရဲ့ Diamond Shaped ကင်မရာဖွဲ့စည်းမှုက S5 နဲ့တော့ အနည်းငယ် ကွဲလွဲမှု ရှိနေပါတယ်။

Vivo S5 ဟာ Diamond Shaped အတွင်းမှာ ကင်မရာသုံးလုံးနဲ့ ဖလက်ရှ်ကို အထိုင်ချထားပြီး အခြားကင်မရာတစ်လုံးကတော့ အပြင်ဘက်မှာ ဖြစ်ပါတယ်။ S5 ရဲ့ အရှေ့ဘက်ကင်မရာကလည်း Punch-hole ပါ။ V17 လို့ ဆိုထားတဲ့ ဟန်းဆက်မှာတော့ Diamond Shaped အတွင်းမှာ ကင်မရာ လေးလုံးစလုံး ထည့်သွင်းအထိုင်ချထားပြီး ဖလက်ရှ်ကတော့ အပြင်ဘက်မှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မကတော့ Water-drop ပုံစံ ဖြစ်ပါတယ်။

TENAA အရဆိုရင်တော့ V17 ဟာ 48MP အဓိကင်မရာကို 8MP တစ်လုံး၊ 2MP နှစ်လုံးနဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 32MP ပါ။ Octa-Core 2.0GHz processors ဖြစ်ပြီး 6/8GB of RAM နဲ့ 128/256GB သိုလှောင်မှု ပမာဏတွေ ဖြစ်ပါလိမ့်မယ်။

6.38-inch 1080 x 2340 pixels Full HD+ AMOLED မျက်နှာပြင်ဖြစ်ပြီး အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4,390mAh ပမာဏ ဘက်ထရီကို တပ်ဆင်ပေးထားမှာပါ။ ပြီးခဲ့တဲ့တစ်ပါတ်က ပေါက်ကြားမှုတစ်ခုအရ USB-C port ပါဝင်မယ်လို့ သိရပါတယ်။ Fingerprint ကတော့ In-display ပဲ ဖြစ်မယ်လို့ သိရပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena