Zawgyi

V17 Neo နဲ႔ V17 Pro တုိ႔ကို ၾသဂုတ္နဲ႔စက္တင္ဘာလမ်ားမွာ မိတ္ဆက္ခဲ့ၿပီးေနာက္မွာမွ Vivo ဟာ Vanilla ဗားရွင္း V17 ကို မိတ္ဆက္လာခဲ့ပါၿပီ။ ဒါေပမယ့္ ဒီဖုန္းကို အသစ္စက္စက္လို႔ ေျပာလို႔မရဘဲ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဖိလစ္ပိုင္မွာ မိတ္ဆက္ခဲ့တဲ့ Vivo S1 Pro ဖုန္းကို အမည္ေျပာင္းထားတာသာ ျဖစ္ပါတယ္။

Vivo V17 စမတ္ဖုန္းသစ္မွာ 6.38” လက္မအရြယ္ Super AMOLED Display ကိုအသုံးျပဳလာၿပီး Fingerprint ကိုလည္း In-Display ပဲထည့္သြင္းလာပါတယ္။ 32MP Selfie ကင္မရာကိုေတာ့ ေသးငယ္တဲ့ Notch ေလးထဲမွာပဲ ထည့္သြင္းလာတယ္။

ေနာက္ဘက္မွာ 48MP အဓိက Sensor ကို 8MP Ultrawide ကင္မရာ၊ 2MP Macro နဲ႔ 2MP Depth Sensor ကင္မရာသုံးလုံးနဲ႔တြဲဖက္ထားၿပီး အရင္ဖုန္းေတြလို တစ္စုတစ္စည္းထဲ ေနရာခ်မယ့္အစား စိန္ကြက္ပုံစံ Formation နဲ႔ အလွဆင္ထားတာကို ေတြ႕ရမွာပါ။

အတြင္းပိုင္းမွာ Snapdragon 665 ခ်စ္ပ္ဆက္အသုံးျပဳထားၿပီး Android Pie အေျခခံ Funtouch OS 9.2 နဲ႔ ျဖစ္ပါတယ္။ မန္မုိရီပုိင္းမွာ 8GB RAM နဲ႔ 128GB Storage တစ္မ်ဳိးထဲသာ မိတ္ဆက္လာခဲ့တယ္။ ဘကၳရီက 4,500 mAh ျဖစ္ၿပီး 18W အားအျမန္သြင္းစနစ္ ပါဝင္ပါတယ္။

Vivo V17 ဖုန္းဟာ Cloud Blue နဲ႔ Blue Fog ကာလာႏွစ္မ်ဳိးနဲ႔ ထြက္ရွိလာၿပီး ရုရွားေစ်းကြက္မွာ ဒီဇင္ဘာ ၅ ရက္ေန႔မတုိင္ခင္ထိ ရုရွရူဘယ္လ္ ၂၂,၉၉၀ (ျမန္မာက်ပ္ေငြ ငါးသိန္းခြဲနီးပါး) က်သင့္မွာပါ။

Ref – GSM Arena

Unicode

V17 Neo နဲ့ V17 Pro တို့ကို သြဂုတ်နဲ့စက်တင်ဘာလများမှာ မိတ်ဆက်ခဲ့ပြီးနောက်မှာမှ Vivo ဟာ Vanilla ဗားရှင်း V17 ကို မိတ်ဆက်လာခဲ့ပါပြီ။ ဒါပေမယ့် ဒီဖုန်းကို အသစ်စက်စက်လို့ ပြောလို့မရဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဖိလစ်ပိုင်မှာ မိတ်ဆက်ခဲ့တဲ့ Vivo S1 Pro ဖုန်းကို အမည်ပြောင်းထားတာသာ ဖြစ်ပါတယ်။

Vivo V17 စမတ်ဖုန်းသစ်မှာ 6.38” လက်မအရွယ် Super AMOLED Display ကိုအသုံးပြုလာပြီး Fingerprint ကိုလည်း In-Display ပဲထည့်သွင်းလာပါတယ်။ 32MP Selfie ကင်မရာကိုတော့ သေးငယ်တဲ့ Notch လေးထဲမှာပဲ ထည့်သွင်းလာတယ်။

နောက်ဘက်မှာ 48MP အဓိက Sensor ကို 8MP Ultrawide ကင်မရာ၊ 2MP Macro နဲ့ 2MP Depth Sensor ကင်မရာသုံးလုံးနဲ့တွဲဖက်ထားပြီး အရင်ဖုန်းတွေလို တစ်စုတစ်စည်းထဲ နေရာချမယ့်အစား စိန်ကွက်ပုံစံ Formation နဲ့ အလှဆင်ထားတာကို တွေ့ရမှာပါ။

အတွင်းပိုင်းမှာ Snapdragon 665 ချစ်ပ်ဆက်အသုံးပြုထားပြီး Android Pie အခြေခံ Funtouch OS 9.2 နဲ့ ဖြစ်ပါတယ်။ မန်မိုရီပိုင်းမှာ 8GB RAM နဲ့ 128GB Storage တစ်မျိုးထဲသာ မိတ်ဆက်လာခဲ့တယ်။ ဘက္ထရီက 4,500 mAh ဖြစ်ပြီး 18W အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။

Vivo V17 ဖုန်းဟာ Cloud Blue နဲ့ Blue Fog ကာလာနှစ်မျိုးနဲ့ ထွက်ရှိလာပြီး ရုရှားဈေးကွက်မှာ ဒီဇင်ဘာ ၅ ရက်နေ့မတိုင်ခင်ထိ ရုရှရူဘယ်လ် ၂၂,၉၉၀ (မြန်မာကျပ်ငွေ ငါးသိန်းခွဲနီးပါး) ကျသင့်မှာပါ။

Ref – GSM Arena