[Zawgyi]

Vivo က အိႏၵိယမွာ V17 ကို ေၾကညာေတာ့မယ္လို႔ မၾကာခင္က သတင္းထြက္လာပါတယ္။ အဲဒီဖုန္းဟာ ရုရွားမွာ မၾကာခင္က ေၾကညာခဲ့တဲ့ V17 နဲ႔ တူမယ္လို႔ထင္ရေပမယ့္ အေရွ႕ဘက္ ဒီဇိုင္း ကြဲျပားႏုိင္ပါတယ္။ အခုေတာ့ Vivo က ဒီဇင္ဘာလ ၉ ရက္မွာ က်င္းပမယ့္ ထုတ္ကုန္ အသစ္ မိတ္ဆက္ပြဲအတြက္ ဖိတ္စာကို ျဖန္႔ေ၀ေနပါတယ္။ ဖိတ္စာမွာ ေၾကညာမယ့္ ဖုန္းကို မေဖာ္ျပထားေပမယ့္ V17 ျဖစ္ႏုိင္ပါတယ္။

ရုရွားမွာ ေၾကညာခဲ့တဲ့ Vivo V17 မွာ Waterdrop Notch Display ပါလာတာပါ။ ဒါေပမယ့္ အိႏၵိယက ေမာ္ဒယ္မွာ Punch-hole Display ပါမယ္လို႔ မၾကာခင္က သတင္းထြက္လာပါတယ္။ တျခား Specs ေတြက ရုရွား ေမာ္ဒယ္နဲ႔ တူႏုိင္ပါတယ္။

ရုရွား ေမာ္ဒယ္ Vivo V17 မွာ စိန္ပံုသ႑ာန္ အေနာက္ကင္မရာ ၄ လံုး ပါလာၿပီး ပင္မ ကင္မရာက Samsung GM1 48MP Lens ျဖစ္ပါတယ္။ 32MP ဆဲလ္ဖီး ကင္မရာ တပ္ဆင္ထားပါတယ္။ အေရွ႕နဲ႔ အေနာက္ကင္မရာေတြမွာ Super Night Scene လုပ္ေဆာင္ခ်က္ ထည့္ထားမယ္လို႔ ထင္ၿပီး အလန္းစား Low-light ဆဲလ္ဖီး ဓါတ္ပံုေတြ ရိုက္ကူးႏုိင္မွာပါ။

၆.၃၈ လက္မ S-AMOLED Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာျမွပ္ႏွံထားပါတယ္။ Snapdragon 665 , 8GB RAM , 128GB Storage နဲ႔ 18W Fast Charging ပါတဲ့ 4,500mAh Battery ပါပါတယ္။ Android 9 Pie အေျချပဳ FunTouch OS 9.2 ေမာင္းႏွင္ထားပါတယ္။ Vivo V17 ကို အိႏၵိယမွာ ႐ူပီး ၂၂,၀၀၀ ေလာက္နဲ႔ ေရာင္းႏိုင္ၿပီး ျမန္မာေငြ ၄ သိန္းခြဲေလာက္ရွိႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

အိန္ဒိယမှာ Vivo V17 ကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကြေညာနိုင်

Vivo က အိန္ဒိယမှာ V17 ကို ကြေညာတော့မယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ အဲဒီဖုန်းဟာ ရုရှားမှာ မကြာခင်က ကြေညာခဲ့တဲ့ V17 နဲ့ တူမယ်လို့ထင်ရပေမယ့် အရှေ့ဘက် ဒီဇိုင်း ကွဲပြားနိုင်ပါတယ်။ အခုတော့ Vivo က ဒီဇင်ဘာလ ၉ ရက်မှာ ကျင်းပမယ့် ထုတ်ကုန် အသစ် မိတ်ဆက်ပွဲအတွက် ဖိတ်စာကို ဖြန့်ဝေနေပါတယ်။ ဖိတ်စာမှာ ကြေညာမယ့် ဖုန်းကို မဖော်ပြထားပေမယ့် V17 ဖြစ်နိုင်ပါတယ်။

ရုရှားမှာ ကြေညာခဲ့တဲ့ Vivo V17 မှာ Waterdrop Notch Display ပါလာတာပါ။ ဒါပေမယ့် အိန္ဒိယက မော်ဒယ်မှာ Punch-hole Display ပါမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ တခြား Specs တွေက ရုရှား မော်ဒယ်နဲ့ တူနိုင်ပါတယ်။

ရုရှား မော်ဒယ် Vivo V17 မှာ စိန်ပုံသဏ္ဍာန် အနောက်ကင်မရာ ၄ လုံး ပါလာပြီး ပင်မ ကင်မရာက Samsung GM1 48MP Lens ဖြစ်ပါတယ်။ Punch-hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေမှာ Super Night Scene လုပ်ဆောင်ချက် ထည့်ထားမယ်လို့ ထင်ပြီး အလန်းစား Low-light ဆဲလ်ဖီး ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။

၆.၃၈ လက်မ S-AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Snapdragon 665 , 8GB RAM , 128GB Storage နဲ့ 18W Fast Charging ပါတဲ့ 4,500mAh Battery ပါပါတယ်။ Android 9 Pie အခြေပြု FunTouch OS 9.2 မောင်းနှင်ထားပါတယ်။ Vivo V17 ကို အိန္ဒိယမှာ ရူပီး ၂၂,၀၀၀ လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၄ သိန်းခွဲလောက်ရှိနိုင်ပါတယ်။

Ref : gizmochina