[Unicode]

Vivo V17 ကို မကြာခင်က ရုရှားမှာ ကြေညာခဲ့ပြီး စိန်ပုံသဏ္ဍာန် အနောက်ကင်မရာတွေ ပါလာပါတယ်။ အခုတော့ အိန္ဒိယမှာ Vivo V17 ကို မိတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် အနောက်ကင်မရာတွေက L ပုံသဏ္ဍာန် ဖြစ်ပါတယ်။ တခြား အစိတ်အပိုင်းတွေကလည်း ကွဲပြားပြီး အိန္ဒိယ မော်ဒယ်မှာ Snapdragon 675 Chipset , 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro Lens တွေ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ ၆.၄၄ လက်မ OLED မျက်နှာပြင် ထည့်သွင်းထားပြီး 32MP ဆဲလ်ဖီး ကင်မရာကို Punch-hole ဒီဇိုင်း တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ဟာ Full HD+ Resolution ဖြစ်ပြီး ဘောင်ပျောက် ဒီဇိုင်း ဖြစ်သလို Notch လည်း မပါပါဘူး။

Vivo V17 မှာ 18W Charging ပါတဲ့ 4,500mAh Battery ပါပါတယ်။ USB-C Port က အားသွင်းရင် မြန်စေသလို ဒေတာ ကူးပြောင်းရင်လည်း မြန်ပါတယ်။ အောက်ခြေမှာ 3.5mm Audio Jack တပ်ဆင်ထားပြီး Android Pie အခြေပြု Funtouch 9.2 မောင်းနှင်ထားပါတယ်။ Glacier Ice White နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပြီး ရူပီး ၂၂,၉၉၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၈၀,၀၀၀ လောက်ကျသင့်ပါတယ်။

Ref : gsmarena

[Zawgyi]

L ပုံသဏ္ဍာန် ကင်မရာတွေပါတဲ့ Vivo V17 ကို အိန္ဒိယမှာ ကြေညာပြီ




Ref : gsmarena