Zawgyi




Ref – GSM Arena

Unicode

Vivo ကနေ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့မှာ India မှာ Event တစ်ခုကို ပြုလုပ်မယ်လို့ ကြေညာခဲ့ပြီးတော့ အဆိုပါ Event မှာ Vivo V17 စမတ်ဖုန်းကို မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းဟာ Vivo ကနေ တရုတ်နိုင်ငံမှာ မိတ်ဆက်ထားတဲ့ V17 နဲ့တော့ တူညီမှာမဟုတ်ပါဘူး။

အခု Teaser ဓါတ်ပုံအရတော့ Vivo V17 ဟာ Hole Punch Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Vivo S5 နဲ့ ဆင်တူမယ်လို့ယူဆရပါတယ်။ Vivo S5 နဲ့ ဘာတွေကွာခြားနိုင်မလဲဆိုတာကတော့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကိုပဲ စောင့်ကြည့်ရမှာပါ။ ဒီဖုန်းရဲ့ Tagline အနေနဲ့တော့ “#CLEARASREAL” ဆိုပြီးပဲ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

Specification တွေအနေနဲ့လည်း အတိအကျမသိရှိရသေးပေမယ့် ဖြစ်နိုင်တာက Snapdragon 712 Processor နဲ့ Quad Camera Setup ကို အသုံးပြုထားလာနိုင်ပြီးတော့  Mid Range စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena