Unicode

Vivo ကနေ ယခုနှစ် အစပိုင်းမှာ Vivo V15 နဲ့ V15 Pro ၊ နှစ်ကုန်ပိုင်းမှာ Vivo V17 နဲ့ V17 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ လာမယ့်နှစ်မှာလည်း ထပ်တူမိတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကတော့ Vivo ရဲ့ V Series ဖုန်းသစ်တွေဖြစ်လာမယ့် Vivo V19 နဲ့ V19 Pro စမတ်ဖုန်းတွေကို ၂၀၂၀ နှစ်စပိုင်းမှာ မိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။

အခုသတင်းကို 91mobiles ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Vivo V19 Series ဖုန်းသစ်တွေဟာ India နိုင်ငံမှာ အရင်ဆုံး မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။ အခု 91mobiles ရဲ့ Report အရ Vivo V19 Series ဟာ လာမယ့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် Indian Premier League (IPL) Cricket ပြိုင်ပွဲကို Sponsor ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ကျိန်းသေတာက ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မတိုင်ခင်မှာ Vivo V19 Series ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ ကျန်တဲ့ စမတ်ဖုန်းတွေရဲ့ Specification လိုမျိုး အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Vivo ကနေ အခုလောလောဆယ်မှာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) 2020 Event အတွက်လည်း Event Invite တစ်ခုကို ပေးပို့ထားပြီး အဆိုပါ Invite ရဲ့ Backdrop က V Shape ဖြစ်တဲ့အတွက် V19 Series ဖုန်းတွေကို အဆိုပါ MWC Event မှာ မိတ်ဆက်လာနိုင်ပါတယ်။

အဆိုပါ Vivo V19 Series ဖုန်းတွေဟာ လက်တလောကမှ မိတ်ဆက်ထားတဲ့ Vivo S1 Pro နဲ့ Design ပိုင်းတူညီလာနိုင်ပြီးတော့ Camera ပိုင်းကိုလည်း Focus လုပ်လာနိုင်ခြေများပြားနေပါတယ်။ လက်ရှိ Vivo S1 Pro မှာ 48MP Quad Camera Setup ကို ထည့်သွင်းထားတဲ့အတွက် ဒီ Vivo V19 နဲ့ V19 Pro ဖုန်းတွေက 64MP Camera Setup တွေအထိ သုံးစွဲလာဖို့များနေပါတယ်။

Ref – Gizmo China

Zawgyi






Ref – Gizmo China