ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် အများနှစ်သက်အားပေးခဲ့သည့် V စီးရီးမှ နောက်ဆုံးပေါ် flagship စမတ်ဖုန်း အသစ်များဖြစ်သည့် V23 5G နှင့် V23e တို့ကို ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ပါသည်။ အသစ်ထွက်ရှိမည့် စမတ်ဖုန်းတို့သည် ဒီဇိုင်းပိုင်းအရ ရှုမညီးဖွယ် ဖြစ်မည်ဟု မျှော်မှန်းရပါသည်။ V စီးရီး၏ နောက်ဆုံးပေါ်ဖုန်းများတွင် 50MP AF Portrait Selfie Camera နှင့် တိုက်ရိုက်နေရောင်နှင့်ထိလျှင် အရောင်ပြောင်းမည့် အထူး Color-changing exterior ပါရှိပါသည်။


လူငယ်များ အဓိကအသုံးပြုသည့် အမှတ်တံဆိပ်ဖြစ်သော vivo သည် သုံးစွဲသူများကို စွမ်းဆောင်ရည် အထူးမြင့်မားပြီး ဈေးကွက်ရှေ့ဆောင်ဒီဇိုင်းနှင့်အတူ အားလုံးထက်သာလွန်သည့် လုပ်ဆောင်ချက်များ ပါရှိသည့် စမတ်ဖုန်းများဖြင့် ပံ့ပိုးပေးလျက် ရှိပါသည်။ V23 စီးရီး စမတ်ဖုန်းများသည် အနာဂတ်အတွက် အသင့်ဖြစ်ပြီး V စီးရီး၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသွားပါမည်။ ဤစမတ်ဖုန်းများသည် ဈေးကွက်ရှေ့ဆောင် ရှေ့ကင်မရာများ ပါဝင်ပြီး ရိုက်ကူးသည့် ဖရိမ်တိုင်းကို ဟန်ချက်ညီ ဆုံချက်ထား ဖမ်းယူနိုင်စွမ်း ရှိပါသည်။

V23 5G တွင် vivo ၏ စွမ်းရည်မြင့် ဒီဇိုင်နာများက သေချာစဉ်းစား ဖန်တီးထားသည့် ဂုဏ်သရေရှိဒီဇိုင်း၊ ချောမွေ့သော မျက်နှာပြင်များနှင့် ရင်သပ်ရှုမောဖွယ် အစွန်းထောင့်များ ပါဝင်ပါသည်။ နှစ်သက်ဖွယ်ရာ ဒီဇိုင်းနှင့် သူမတူသော မြင်ကွင်းတို့ကြောင့် V23 5G သည် အသုံးပြုသူများအား စိတ်ကူးဉာဏ် ရင့်သန်စေပြီး အံ့ဩဖွယ်ရာ ရပ်ဝန်းများသို့ ရောက်ရှိခံစားစေနိုင်သည့် အရောင်ပြောင်းနိုင်သောမှန် ပါဝင်ပါသည်။ အသစ်ထွက်မည့် V23 5G သည် ပြီးပြည့်စုံမှုကို ထင်ဟပ်နေသည့် ဂရုတစိုက် ဖန်တီးထားသော ပုံသဏ္ဍာန်၊ အဖိုးတန် အသွင်အပြင်၊ မှန်ဒီဇိုင်းတို့ဖြင့် သုံးစွဲသူများကို စိတ်တိုင်းကျစေမည် ဖြစ်သည်။ သက်တောင့်သက်သာ ကိုင်တွယ်နိုင်သည့် အရွယ်အစားလည်း ဖြစ်ပါသည်။

V23 5G သည် အပြင်ပန်းပုံဏ္ဍာန် လှပသစ်လွင်ရုံသာမက vivo ၏ စမတ်ကျသော နည်းပညာကြောင့် နောက်မျိုးဆက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် သူမတူသော စွမ်းဆောင်ရည်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ အသစ်ထွက်မည့် V23 5G သည် ညဘက်အပါအဝင် အဖိုးတန် အမှတ်တရ အခိုက်အတန့်များစွာကို အသေးစိတ် သိမ်းဆည်းပေးနိုင်ပါသည်။ V23 5G တွင် လှပသော တည်ဆောက်ပုံနှင့် selfie ဗီဒီယိုရိုက်ကူးမှုများတွင် အနုပညာစွမ်းရည်များကို မလွှဲမသွေ တိုးမြှင့်ပေးမည့် ကင်မရာ စွမ်းဆောင်ရည်များ ပါရှိမည်ဖြစ်သည်။ ဤစမတ်ဖုန်းကို မည်သည့်အ အမြင်အရလည်း ခြေအနေတွင်မဆို အရည်အသွေးမြင့် လက်ဆောင်တန်ဆာတစ်ခုအဖြစ် ကိုင်ဆောင်နိုင်မည် ဖြစ်သလို ထိုသို့လှပမှုကြောင့် အရည်အသွေးပိုင်းအရ ထိခိုက်မှုလည်း ရှိမည်မဟုတ်ပါ။

ခမ်းနားကြီးကျယ်သည့် ဒီဇိုင်းနှင့် ပိုမိုသာလွန်သည့် ကင်မရာတို့ကြောင့် vivo V23 5G သည် စတိုင်နှင့် အသုံးဝင်မှုအချိုးကို ချောမွေ့စွာ ချိန်ညှိပေးနိုင်သည့်အတွက် ခေတ်သစ်အသုံးပြုသူများ၊ လမ်းကြောင်းထွင်သူများ၊ ဖက်ရှင်စတားများနှင့် ဖန်တီးသူများအတွက် ထိုက်တန်သည့်ဖုန်း ဖြစ်ပါသည်။ ဖက်ရှင်စိတ်ဝင်စားသည့် သုံးစွဲသူများအတွက် ဤဖုန်းသည် အရောင်ပြောင်းလဲသည့် မှန်ဒီဇိုင်းဖြင့် အံဩဖွယ်မြင်ကွင်းများကို ဖန်တီးပေးရန် ဒီဇိုင်းထုတ်ထားပါသည်။

V23 စီးရီးတွင် နောက်ဆက်တွဲတစ်ခုဖြစ်သည့် V23e တွင်လည်း အရည်အသွေး သာလွန်ပြီး ရှင်းလင်းတောက်ပသည့် ရုပ်ပုံများကို ဖန်တီးပေးနိုင်သည့် 50MP AF Portrait Selfie လုပ်ဆောင်ချက် ပါရှိပါသည်။ ၎င်းသည် မိမိတို့၏ ဘဝ၏ အမှတ်တရများစွာကို ဓာတ်ပုံများ၊ ဗီဒီယိုများအဖြစ် မှတ်တမ်းတင်လိုသူများအတွက် အကောင်းဆုံး ရွေးစရာတစ်ခု ဖြစ်ပါသည်။ စီးရီး၏အမွေကို ဆက်လက်ဆက်ခံမည့် V23e သည် ၎င်း၏ဒီဇိုင်းသဘောတရားအရလည်း သာလွန်ပါသည် – အင်မတန် ပါးလွှာပြီး ထင်ပေါ်သည့်ဒီဇိုင်းကြောင့် အသုံးပြုသူများအတွက် ဆွဲဆောင်မှုရှိစေပြီး အင်မတန် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်စေပါသည်။

Source – vivo