· ဈေးကွက်ရှေ့ဆောင်ကင်မရာနည်းပညာပါဝင်ထားပြီး သေသပ်လှပတဲ့ရုပ်ပုံ super wide-angle selfie အပြင် ကျော့ရှင်းသော အရောင်ပြောင်းနောက်ကျောမှန် ဒီဇိုင်း ပါဝင်ပြီး 5G dual mode ဖြင့် ပြုလုပ်ထားသော V23 5G ကို သုံးစွဲသူများရဲ့ကိုယ်ပိုင်ခံယူချက် အပြည့်ဝဖော်ထုတ်နိုင်ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားပါသည်။

· ခေတ်မီလှပမှုနဲ့ ဆန်းသစ်တီထွင်မှုများကို ပေါင်းစပ်ထားသည့် V23e တွင် 50MP Autofocus အရှေ့ကင်မရာ နဲ့အတူ အလွန်ပါးလွှာကျစ်လစ်သည့် ကိုယ်ထည်ပါဝင်ထားလို့ သုံးစွဲသူများအတွက်အကောင်းမွန်ဆုံး selfie ရိုက်ကူးမှုအတွေ့အကြုံကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါသည်။

· V23 series ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ V23 5G – ၁,၀၉၉,၈၀၀ ကျပ်၊ V23e – ၆၂၉,၈၀၀ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင် Pre-order တင်ထားနိုင်ပါသည်။

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ခေတ်ရှေ့ပြေးဒီဇိုင်းနှင့် စွမ်းဆောင်ရည် အမြင့်မားဆုံး selfie နှင့် portrait ရလဒ်တွေ ပါရှိလာပြီး တမူထူးခြားသည့် ဓာတ်ပုံရိုက်ကူးရေး လုပ်ဆောင်ချက်များ ပေးစွမ်းနိုင်မည့် ဈေးကွက်ရှေ့ဆောင် smartphone တစ်ခုအဖြစ် V23 series အား မြန်မာနိုင်ငံတွင် တရားဝင် စတင် မိတ်ဆက်ပေးလိုက်ပါသည်။

V23 5G တွင် အဆင့်မြင့် 50MP AF Portrait Selfie နှင့် 8MP Super Wide-Angle Camera တို့ပါဝင်ထည့်သွင်းထားလို့ ကင်မရာစွမ်းဆောင်ရည်နှင့် ဒီဇိုင်းကြော့ရှင်းမှုတွင်သာလွန်တဲ့ စံနှုန်းသစ်တစ်ခု အနေဖြင့် ထုတ်လုပ်ထားပါသည်။ V23 5G ၏ Metal Flat Frame ဒီဇိုင်းအပြင် အရောင်ပြောင်း Color Changing Fluorite AG Design နည်းပညာကြောင့် သဘာဝဆန်ဆန် နူးညံ့ပြီး၊ နေရောင်ခြည်တိုက်ရိုက်နှင့် ထိတွေ့လျှင် အရောင်ပြောင်းသောကြောင့် အမြင်ဆန်းသစ်နေမှာ ဖြစ်ပါသည်။

V23 Series ၏ နောက်ဆက်တွဲတစ်ခုဖြစ်သည့် V23e တွင်လည်း အရည်အသွေး သာလွန်သည့် 50 MP AF Portrait Selfie ရှေ့ကင်မရာ ပါဝင်တာကြောင့် ထူးကဲတဲ့ Selfie Photography အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါသည်။ V23e တွင် ကြည်လင်ပြတ်သားမှု နှင့် တည်ငြိမ်စွာရိုက်ကူးနိုင်မည့် Enhanced Autofocus ပါဝင်ထားပြီ ညဖက်ရိုက်ကူးတဲ့အခါမှာလည်း အရည်အသွေး ပိုမိုကောင်းမွန်စေသည့် Double Exposure mode, Upgraded Dual-View Video နှင့် Steadiface Selfie Video တို့အပြင် AI Extreme Night Portrait Mode ကြောင့် မှောင်မဲနေသည့် အခြေအနေတွေမှာပါ လင်းလက်လှပသော ရုပ်ပုံများ ရရှိစေမှာ ဖြစ်ပါသည်။

Gaming နှင့် Resource-intensive apps များအတွက် လိုအပ်တဲ့ စွမ်းဆောင်ချက်များ သာမက ဒီဇိုင်းလှပမှု နှင့် ပရိမီယမ်ဓာတ်ပုံရိုက်ကူးမှု လုပ်ဆောင်ချက်များ ပါဝင်ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူများ၊ ခေတ်မီစွာအသုံးပြုချင်သူများ၊ လမ်းကြောင်းထွင်သူများနဲ့ Professional ဓာတ်ပုံဆရာများအတွက်တော့ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်ပါသည်။

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ “vivo ဟာဆိုရင် အသုံးပြုသူများရဲ့ တစ်ဦးတစ်ယောက်ချင်းစီ အကြံပေးမှုများကို အလေးထားသောကြောင့် ခေတ်မီစတိုင်လ်ကျလှပပြီး ဆန်းသစ်တီတွင်မှုများစွာ ပါဝင်တဲ့ မိုဘိုင်းသုံးစွဲသည့်အတွေ့အကြုံအား အစဉ်မပြတ် အကောင်ထည်ဖော်လျက် ရှိပါသည်။ ဒီ V23 Series ဟာ သူမတူတဲ့ ကင်မရာစွမ်းဆောင်ရည်များဖြစ်တဲ့ အရည်အသွေးမြင့် selfie နှင့် portrait ရိုက်ချက်များကို ပါးလွှာသစ်လွင်တဲ့ ဒီဇိုင်းနဲ့ ဖက်ရှင်ကျစေပြီး ဆွဲဆောင်မှုပေးနိုင်သလို V23 5G ဟာလည်း ထူးခြားတဲ့အရောင်ပြောင်းမျက်နှာပြင်ပါဝင်ပါသည်။”

V23 Series ၏ Product Ambassadors များဖြစ်ကြသည့် မြန်မာနိုင်ငံရဲ့ထိပ်တန်းဝင် သရုပ်ဆောင်နဲ့ မော်ဒယ် နန်းစန္ဒာလှထွန်း နှင့် နော်ဖော်အယ်ထားတို့မှ V23 Series ရဲ့ 50 MP AF Portrait Selfie နှင့် Color Changing Fluorite AG Design Technology တို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပါသည်။

ရင်သပ်ရှုမောဖွယ် Selfies၊ Portraits နှင့် မြင်ကွင်းကျယ် ရိုက်ချက်များ

V23 5G အတွက် အရှေ့ကင်မရာကို 50MP AF Portrait Selfie နှင့် 8MP Super Wide-Angle Camera တို့ကို ပေါင်းစပ်ထားသောကြောင့် စတိုင်လ်နှင့် လုပ်ဆောင်နိုင်စွမ်း နှစ်မျိုးစလုံးအတွက်ကိုပါ လိုအပ်နေသည့် တစ်ဦးတစ်‌ယောက်ချင်းစီတိုင်းအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဝန်ဆောင်မှုအသစ်များစွာကို ပေးအပ်ထားပါသည်။ V23e တွင် 50MP AF Portrait Selfie ပါရှိပြီး အရည်အသွေးကြည်လင်ပြတ်သားသောအရောင်များဖြင့် ဆယ်လ်ဖီဓာတ်ပုံများကို ဖန်တီးပေးထားပါသည်။ သုံးစွဲသူများသည် စိတ်ကြိုက် JNV အာရုံခံကိရိယာနှင့် Eye Autofocus ဖြင့် အသစ်သော 50MP AF Portrait Selfie ဖြင့် အလွန်ကြည်လင်ပြတ်သားသော ပုံများကို ရိုက်ကူးနိုင်ပြီဖြစ်သည်။

V23 5G ၏ ညဘက်ဓာတ်ပုံရိုက်ကူးမှုတွင် ပိုမိုကောင်းမွန်စေရန်အတွက် ရှေ့ကင်မရာ၏ AI Extreme Night Portrait mode ဖြင့် တမူထူးခြားသည့် Night Portraits အတွက် Dual-Tone Spotlight တွေနှင့် ထူးခြားတဲ့ ကင်မရာရိုက်ချက်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါသည်။ ဆွဲဆောင်မှုရှိသော ပါတီမြင်ကွင်းများနှင့် အထူးအခိုက်အတန့်များကို ဖမ်းယူရန် ပိုမိုပျော်စရာကောင်းသောနည်းလမ်းများအတွက် Multi-Style Portrait အင်္ဂါရပ်ကို ဖမ်းယူနိုင်ရန် Multi-Style Portrait အင်္ဂါရပ်နှင့်အတူ စတိုင်ကျသော ပုံတူများကို ချဲ့ထွင်ထားပါသည်။

ဒါ့အပြင် V23e အသုံးပြုသူများသည် AI Extreme Night Portrait ဖြင့် အလွန်မှောင်သော အခြေအနေများတွင် ဓာတ်ပုံများကို ရိုက်ကူးနိုင်သော်လည်း Multi-Style Portrait မှ အနုပညာဆန်ဆန် ရိုက်ချက်များနှင့် အပျော်တန်းရိုက်ချက်တွေကို ရယူနိုင်ပါသည်။ ထို့အပြင် Dual-View Video မှာလည်း ရှေ့ကင်မရာနှင့် ဗီဒီယိုကို ရိုက်ကူးနိုင်ပြီး နောက်ကင်မရာနဲ့ဆိုရင်လဲ မမေ့နိုင်တဲ့ အမှတ်တရ အခိုက်အတန့်တွေကို အချိူးကျကျနဲ့ အရွယ်အစား အကြီးအသေးကို ထိန်းယူနိုင်ပြီး ရှုထောင့်အမျိုးမျိုးမှ ဖမ်းယူနိုင်မည် ဖြစ်ပါသည်။

Style Gurus အတွက် အကောင်းဆုံး

V23 5G ကို တမူထူးခြားသည့် ဒီဇိုင်းပုံစံဖြင့်ဖန်တီးထားပြီး 7.39mm အလွန်သေးငယ်သည့် အရွယ်အစားနှင့် လက်ထဲတွင် အံဝင်ခွင်ကျ ဖြစ်စေဖို့ ပါးလွှာသည့် သတ္တုစဖြင့် ထုတ်လုပ်ထားသည့်အတွက် ပုံစံအမျိူးမျိူးနှင့်ပါ အဆင်ပြေစေသည့်အပြင် ကွဲပြားသည့် ဆွဲဆောင်မှုတွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါသည်။ ဒီဇိုင်းပိုင်းတွင် အလွန်ကောင်းမွန်သည့် Fluorite AG Glass နှင့် လက်ဗွေရာစနစ်ကိုလဲ ထည့်သွင်းပေးထားသည့်အတွက် နူးညံ့တဲ့ခံစားချက် အထိအတွေ့ကိုပါ ရရှိစေရန် ဖန်တီးပေးထားပါသည်။ အရောင်ပြေးဒီဇိုင်း ကဲ့သို့သော အရောင်ပြောင်းလဲနိုင်တဲ့ Fluorite AG Design နှင့် ချောမွတ်ပြောင်လက်သည့် မျက်နာပြင်၊ အရောင်အသွေးမှာလဲ နှစ်လိုဖွယ်ရာ ကိုင်ဆောင်ရတဲ့ ပုံပန်းသဏ္ဍန်နှင့် ကိုင်ဆောင်ရသည့် အထိအတွေ့မှသည် တန်ဖိုးမြင့်သော ဖုန်းတစ်လုံးအသွင်နှင့် ချောမွတ်တောင်ပြောင်သည့် ပုံဖော်ထားပါသည်။

ဖုန်းအထူမှာလည်း 7.36 mm နှင့် အတူ V23e ဖုန်းအသစ်ကို ထုတ်လုပ်မှုနည်းပညာအသစ်တွေနဲ့ ထူးခြားကောင်းမွန်တဲ့ ဒီဇိုင်းမှ 2.5D သာ ပါးလွှာတဲ့ ဘေးဘောင်တွေနဲ့ အလွန်သေးငယ်ပေါ့ပါးပါသည်။

သုံးစွဲသူများ ချောမွေ့လွယ်ကူစေရန် အသုံးပြုပုံစံ

V23 5G တွင် စျေးကွက်ဦးဆောင်ပြီး စွမ်းဆောင်ရည်မြင့်မားစွာ အသုံးပြုနိုင်မှုကို အဆင့်မြှင့်တင်ပေးနိုင်သည့် Hardware အသစ်တွေ ပါဝင်လာပါသည်။ MediaTek Dimensity 920 processor ကို အသုံးပြုထားတဲ့အတွက် လူကြိုက်များစေမည့် စွမ်းဆောင်ရည် ပေးစွမ်းနိုင်သည့်အပြင်၊ လျင်မြန်သော App installation နဲ့ Start-up၊ Dual-mode 5G standby တို့ပါဝင်သောကြောင့် vivo ရဲ့ ပရီမီယမ်ဆန်ဆန် အတွေ့အကြုံ ပေးစွမ်းနိုင်မှုကို မှတ်တမ်းတင် ဆက်လက်ထိန်းသိမ်းထားနိုင်မှာပဲ ဖြစ်ပါသည်။

Gamer များအတွက်လည်း 90Hz refresh rate display၊ Extended RAM 2.0 အပြင် 12 GB+4GB RAM Liquid cooling system နှင့် Ultra-Game Mode တို့ပါဝင်သောကြောင့် ဂိမ်းကစားသူတွေအတွက် အသင့်တော်ဆုံးရွေးချယ်မှုပါ။

vivo သည် သုံးစွဲသူများ၏ အယောက်တိုင်းအတွက် လိုအပ်ချက်များကို ဆက်လက်ဖြည့်စည်းပေးနိုင်ဖို့ ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် V23e ၏ Operating System မှာ Funtouch OS 12 ပါဝင် ထည့်သွင်းပေးထားပါသည်။ V23e မှာထည့်သွင်းထားသည့် 8GB+4GB Extended RAM အပြင် ထပ်တိုး Extended RAM 2.0 ကြောင့် အချိန်မရွေး နေရာမရွေး ထစ်ငေါ့ခြင်းမရှိဘဲ ကစားနိုင်ပါသည်။ V23 series တွင် အမြန်အားသွင်းနိုင်သည့်စနစ် 44W Flashcharge ပါဝင်တာကြောင့် အားသွင်းနှုန်း ၃၃ ရာခိုင်နှုန်းအထိ မြန်ဆန်လာမှာ ဖြစ်ပါသည်။

အရောင်၊ ဈေးနှုန်း နှင့် ဝယ်ယူရရှိနိုင်မည့်အချက်လက်

V23 series ဖုန်းတွေသည် အရောင်အားဖြင့် ၂ ရောင်စီဖြင့် စျေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပါသည်။ V23 5G တွင် Stardust Black နှင့် Sunshine Gold ၊ V23e တွင် Moonlight Shadow နှင့် Sunshine Coast Editions ဆိုပြီး ထုတ်လုပ်ထားပါသည်။ V23series ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ V23 5G – ၁,၀၉၉,၈၀၀ ကျပ်၊ V23e – ၆၂၉,၈၀၀ ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင် Pre-order တင်ထားနိုင်ပါသည်။

Press Release of vivo