vivo က V27 Pro နဲ့ V27 ကို ကြေညာလိုက်ပြီး အဲဒီ ဖုန်း ၂ လုံးဟာ Specs အများစု တူညီကြကာ အဓိက ကွာခြားချက်က Chipset ဖြစ်ပါတယ်။ Pro မှာ Dimensity 8200 နဲ့ ရိုးရိုးမှာ Dimensity 7200 တပ်ဆင်ထားပါတယ်။

vivo V27 Pro, V27 are official with two 50 MP cameras, V27e tags along

ဖုန်း ၂ လုံးရဲ့ တူညီတဲ့ Specs တွေက 6.78-inch AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate နဲ့ Full HD+ Resolution ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide Angle , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ vivo က ဓါတ်ပုံနဲ့ ဗီဒီယိုအတွက် ဆော့ဖ်ဝဲတွေကို ဖန်တီးပေးထားပြီး Real-Time Extreme Night Vision , Super Night Video နဲ့ ဗီဒီယိုတွေမှာ တုန်ခါမှုကို ပြင်ဆင်ပေးတဲ့ Hybrid Image Stabilization တို့ ပါလာပါတယ်။

vivo V27 Pro, V27 are official with two 50 MP cameras, V27e tags along

Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပြီး dual-mode 5G , Bluetooth 5.3 , WiFi 2.4 GHz/5GHz တို့ ထည့်သွင်းထားပါတယ်။ အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး 66W Fast Charging ပါတဲ့ 4,600mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

vivo V27 Pro, V27 are official with two 50 MP cameras, V27e tags along

Pro အတွက် နေရောင်အောက်မှာ အရောင်ပြောင်းလဲတဲ့ Magic Blue နဲ့ Noble Black အရောင်တွေ ထုတ်လုပ်ထားပြီး ရိုးရိုးအတွက် Emerald Green နဲ့ Flowing Gold အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

vivo V27 Pro အတွက် 8/128GB, 8/256GB နဲ့ 12/256GB တွေ ထုတ်လုပ်ထားပြီး အခြေခံမော်ဒယ်ကို $459 သတ်မှတ်ထားပါတယ်။ vivo V27 အတွက် 8/256GB နဲ့ 12/256GB တွေ ထုတ်လုပ်ထားပြီး အခြေခံမော်ဒယ်ကို $399 သတ်မှတ်ထားပါတယ်။

Ref : gsmarena