vivo ကုမ္ပဏီဟာ မကြာသေးခင်ကမှ တရုတ်နိုင်ငံတွင်းမှာ S17 Series ဖုန်းတွေကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Global စျေးကွက်အတွက်ကိုတော့ vivo V29 Series အနေနဲ့ မိတ်ဆက်ဖို့ စီစဥ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းက vivo V29 Pro ဖုန်းကို Teaser အနေနဲ့ ထုတ်ပြခဲ့ပါတယ်။

အခုလည်း vivo ကနေ vivo V29 Lite ဖုန်းကို ဥရောပစျေးကွက်အတွက် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ vivo V29 Lite ဖုန်းဟာ V29 Series အနေနဲ့ ပထမဆုံးထွက်ရှိလာတဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် Specification ပိုင်းမှာ vivo Y78 ဖုန်းနဲ့ အတော်များများတူညီနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် vivo V29 Lite ဖုန်းဟာ 6.78″ Curved AMOLED Display ပါဝင်မှာဖြစ်ပြီး Full HD+ Resolution အပြင် 120Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Performance ပိုင်းမှာလည်း Qualcomm Snapdragon 695 Chipset ကို RAM 8GB ၊​ Storage 128GB တွေနဲ့ ထောက်ပံ့ပေးထားပါတယ်။

Camera ပိုင်းမှာ 64MP Main Camera Sensor ကို OIS နည်းပညာလည်းပါဝင်မှာဖြစ်ပြီး 2MP Macro Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ 44W Fast Charging ကို ထောက်ပံ့ပေးနိုင်တဲ့ 5000mAh Battery အပြင် Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ FuntouchOS 13 ကို သုံးစွဲထားမယ်လို့ သိရပါတယ်။

vivo V29 Lite ဖုန်းဟာ အရောင်အနေနဲ့ အနက်ရောင် နဲ့ ရွှေရောင် ဆိုပြီး ၂ မျိုးထွက်ရှိသွားမှာဖြစ်ပြီး ဥရောပနိုင်ငံတွေမှာ ဒေါ်လာ ၃၈၀ ဝန်းကျင် (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) နဲ့ ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena