vivo သည် ၎င်း၏ စမတ်ဖုန်းသစ် ဖြစ်သည့် vivo V30 အား စတင်မိတ်ဆက်မှုနှင့်အတူ ၁၄၉၉၈၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ အံ့ဩဖွယ် ပုံရိပ်များကို ဖမ်းယူနိုင်ရန်အတွက် ပိုမိုအဆင့်မြင့်ထားသော Aura Light Potrait နှင့်အတူ အမြင်အာရုံကို ပိုမိုကောင်းမွန်စေသော အဆင်မြင့် 120 Hz 3D Curved Screen လည်း ပါဝင်သည်။

စတိုင်ကျလှပသော vivo V30 အား ၁,၄၉၉,၈၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်ခဲ့သည်။ ယခုအချိန်တွင် vivo ဖုန်းအရောင်းဆိုင်များနှင့် online shopping platforms များတွင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ ဝယ်ယူသူ customers များအတွက် အထူးလက်ဆောင်များအနေဖြင့် Power Bank နှင့် Selfie Stick များကို လက်ဆောင် အဖြစ် ပေးအပ်သွားမည် ဖြစ်သည်။ ကျော့ရှင်းလှပသည့်စတိုင်၊ ကောင်းမွန်သောစွမ်းဆောင်ရည်နှင့် သင့်တော်သောဈေးနှုန်းတို့ဖြင့် ရောစပ်ထားသည့် မျိုးဆက်သစ်အဆင့်မြင့်နည်းပညာတို့ဖြင့် ဖန်တီးထုတ်လုပ် ထားသော smartphone ကို ဘက်ဝယ်ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးကို လက်မလွှတ်သင့်ပါ။

V30 တွင် ပါဝင်သည့် အထူးလုပ်ဆောင်ချက်ဖြစ်သော Aura Light Portrait အား အဆင့်မြှင့်တင်ထားသည့်အတွက် ပိုမို တောက်ပ နူးညံ့သောအလင်းရောင်ကို ထုတ်လွှတ်ပေးပြီး အံ့ဩဖွယ်ရာ ပုံရိပ်များကို ကြည်လင်ရှင်းလင်းသော ပုံရိပ်၊ ချောမွေ့သော အသွင်အပြင်တို့ဖြင့် ဖမ်းယူနိုင်သည်။ Aura Light portrait တွင် Distance-Sensitive lighting လုပ်ဆောင်ချက်ပါဝင်သည့်အတွက် အကွာအဝေးနှင့် လိုက်လျောညီထွေစွာ အလင်းရောင်ကို ချိန်ညှိပေးကာ ပျော်ရွှင်ဖွယ်အခိုက်အတန့်များကို မှတ်တမ်းတင်နိုင်သည်။

ထို့အပြင် 50 MP AF Ultra Wide-Angle Camera ပါဝင်သည့်အတွက် အုပ်စုဖွဲ့ပုံများကိုလည်း ကောင်းမွန်စွာ ရိုက်ကူးနိုင်သည်။ အလင်းရောင် နည်းပါးသောအချိန်များတွင် ရိုက်ကူးသည့်အခါတွင်လည်း vivo V30 ဖြင့် လင်းလက်တောက်ပသော ပုံရိပ်များကိုဖန်တီးနိုင်သည့်အပြင် အုပ်စုဖွဲ့ပုံများရိုက်ကူးရာတွင်လည်း ပျော်ရွှင် တက်ကြွသော ပုံရိပ်များကို ဖန်တီးနိုင်သည်။ vivo V30 သည် ခေတိမှီကျနသော ဒီဇိုင်းနှင့် အဆင့်မြင့်နည်းပညာတို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ Inle Blue အရောင်တွင် ရေလှိုင်းလေးများသဖွယ် ဒီဇိုင်းပါဝင်ပြီး နေရောင်အောက်တွင် Lush Green ကြောင့် အပြာနက်ရောင်အဖြစ်ပြောင်းလဲသည်။ Nobel black အရောင်တွင်မူ Flourite AG Glass ပါဝင်သည်။

vivo V30 သည် လှပကျော့ရှင်းသည့် 3D Curved Screen နှင့် 120 Hz refresh rate ဖြင့် ပေါင်းစပ်ထားတာကြောင့် တောက်ပနေသည့် နေရောင်အောက်မှာပင်လျှင် 2800 nits ရှိ အလင်းအားကောင်းစွာ မြင်ရနိုင်သည်။ စွမ်းဆောင်ရည်မြင့်မားပြီး ပါဝါသုံးစွဲမှု နည်းပါးသည့် Qualcomm Snapdragon® 7 Gen 3 ကြောင့် လုပ်ဆောင်ချက်များစွာကို တပြိုင်တည်း အသုံးပြုနိုင်ပြီး ဂိမ်းများကိုပါ ကောင်းမွန်စွာ ဆော့ကစားနိုင်မည် ဖြစ်သည်။

ထို့အပြင် Extended RAM လုပ်ဆောင်မှုကြောင့် တစ်ပြိုင်တည်း app များစွာကို လျင်မြန်ချောမွေ့စွာအသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းဘက်ထရီပိုင်းတွင်လည်း large 5000 mAh (TYP) battery ကိုအသုံးပြုထားပြီး 80W FlashCharge ပါဝင်မည်ဖြစ်သည်။

vivo V30 သည် အံ့ဖွယ်နည်းပညာ၊ အလှတရားများ၊ သာလွန်ကောင်းမွန်သော ကင်မရာစွမ်းရည်များနှင့် မြင့်မားသောစွမ်းဆောင်ရည်များကို တစ်ချိန်တည်းတွင် ပေးစွမ်းနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်မြင့် V စီးရီးအနေဖြင့် vivo ၏ ဆန်းသစ်တီထွင်မှုအမွေအနှစ်ကို ထိန်းသိမ်းထားပြီး ရင်သပ်ရှုမောဖွယ် စွမ်းဆောင်ရည်များဖြင့် စမတ်ဖုန်းလောကထဲသို့ ထိုးဝင်လာလျက်ရှိသည်။

မတ်လ ၃ ရက်မှစတင်ပြီး ၁,၄၉၉,၈၀၀ ကျပ်ဖြင့် ဈေးကွက်ထဲတွင် စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် ခေတ်မီဆန်းသစ်သော နည်းပညာမြင့် smartphone ကို လက်ဝယ်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို ရယူကာ vivo V30 ဖြင့် နောက်ဆုံးပေါ် smartphone သုံးစွဲမှု အတွေ့အကြုံကို ရယူနိုင်ပြီဖြစ်သည်။

Media release: vivo