vivo ကနေ နောက်ထပ် V30 Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ V30 Lite (4G) Version ကို ရုရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ အသစ်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ V30 Lite ဖုန်းဟာ V30 Series ဖုန်းတစ်လုံးဖြစ်ပေမယ့် 5G အစား 4G Network ကိုပဲ​ထောက်ပံ့ပေးထားသလို စွမ်းဆောင်ရည်ပိုင်းမှာလည်း အနည်းငယ်ကွာခြားမှာဖြစ်ပါတယ်။

vivo ကနေ တချို့နိုင်ငံတွေမှာ V30 Lite (5G) Version ကို Qualcomm Snapdragon 4 Gen 2 Chipset ကို အသုံးပြုပြီး မိတ်ဆက်ထားခဲ့ပေမယ့် အခု V30 Lite (4G) Version ကတော့ Qualcomm Snapdragon 685 Chipset ကိုပဲ အသုံးပြုထားမှာပါ။ RAM အနေနဲ့ 8GB LPDDR4x RAM ပါဝင်ပြီး 256GB UFS 2.2 Storage ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ Display ပိုင်းမှာ 6.67″ Full HD+ E4 AMOLED Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Maximum Peak Brightness ကလည်း 1800nits အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။​

Camera ပိုင်းမှာ 50MP Main Camera နဲ့ 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Selfie Camera ပိုင်းမှာ 8MP Sensor ကို ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ 5000mAh Battery ပါဝင်ပြီး 80W Fast Charging ကို ထောက်ပံ့ပေးထားတဲ့အတွက် မိနစ် ၃၀ အားသွင်းရုံနဲ့ 80% အထိ အားသွင်းနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ vivo V30 Lite (4G) ဖုန်းဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဒေါ်လာ ၂၉၉ ဝန်းကျင်နဲ့ ရောင်းချနေပြီး Crystal Black နဲ့ Crystal Green ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။​

Ref – Gizmo China