vivo က V30 Series ရဲ့ ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ vivo V30e လို့ အမည်ပေးထားပြီး 6.78” 120Hz FullHD+ Curved AMOLED Display တပ်ဆင်ထားပါတယ်။ 1,300 Nits Peak Brightness ထောက်ပံ့ထားပြီး လက်ဗွေရာ ကိရိယာကို Display အောက်မှာ မြှုပ်နှံထားပါတယ်။ အလယ်က Punch Hole မှာ 50MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Vivo V30e with dual-camera launched in India

အနောက်ဘက်က စက်ဝိုင်းပုံ ကင်မရာ Island ထဲမှာ 50MP Main (OIS) , 8MP Ultrawide နဲ့ “Smart Aura Light” ထည့်သွင်းထားပါတယ်။ Main နဲ့ ဆဲလ်ဖီး ကင်မရာဟာ 4K Video ရိုက်ကူးနိုင်ပါတယ်။

Vivo V30e smartphone with 50MP front camera, 44W fast charging support launched: Price, offers and more - Times of India

Snapdragon 6 Gen 1 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု Funtouch OS 15 မောင်းနှင်ထားပြီး 44W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါပါတယ်။ IP64 Rating, USB-C နဲ့ 5G ထောက်ပံ့ထားပါတယ်။

Velvet Red နဲ့ Silk Blue အရောင်ထုတ်လုပ်ထားပြီး 8/128GB နဲ့ 8/256GB ကို ၃၃၅ ဒေါ်လာနဲ့ ၃၆၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ မေလ ၉ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena