Vivo ကနေ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ Vivo ရဲ့ ရောင်းအားသွက် V Series စမတ်ဖုန်းတစ်ခုဖြစ်တဲ့ V9 စမတ်ဖုန်းကို ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Vivo ကနေ တရားဝင်မကြေငြာခင်မှာတင် Vivo V9 ဖုန်းရဲ့ Hands-On ပုံရိပ်တွေထွက်ပေါ်လာတဲ့အတွက် MyTech ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Vivo V9 စမတ်ဖုန်းဟာ လက်ရှိရောင်းချနေတဲ့ Vivo V7 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်လာမှာဖြစ်ပြီးတော့ ယခင် Vivo V7 ဖုန်းလိုမျိုး 5.99″ 18:9 Ratio Display ကို အသုံးပြုထားမှာဖြစ်ပေမယ့် Screen က ဖုန်းတစ်ခုလုံးကို နေရာယူလာမှာဖြစ်ပြီးတော့ Selfie Camera နေရာကိုပဲ ချန်ထားမှာဖြစ်ပါတယ်။

နောက်ကျောဘက်ဒီဇိုင်းအရတော့ Dual Camera ကိုပဲ ဆက်လက်အသုံးပြုလာတာကိုတွေ့ရပြီးတော့ ယခင်ဒီဇိုင်းပုံစံထက် Apple iPhone X လိုမျိုးပဲ ဒေါင်လိုက်ဒီဇိုင်းပုံစံကို ပြောင်းလဲထားတာကိုတွေ့ရပါတယ်။

တစ်ခုထူးခြားတာကတော့ Vivo V9 စမတ်ဖုန်းမှာ Fingerprint Scanner ကို ဖုန်းရဲ့ နောက်ကျောဘက်မှာတပ်ဆင်ထားတာပဲဖြစ်ပါတယ်။ Vivo အနေနဲ့ လက်ရှိအချိန်မှာ Fingerprint ကို Under-Display နည်းပညာကို အသုံးပြုနေနိုင်ပြီဆိုပေမယ့် Vivo V9 မှာတော့ ထည့်ပေးထားမယ့်ပုံမပေါ်သေးပါဘူး။

Vivo V9 ဟာ အခုအချိန်ထိ USB Type C အစား MicroUSB ကိုပဲ အသုံးပြုထားတာဖြစ်သလို 24MP Selfie Camera ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ Vivo V9 ဖုန်းဟာ ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် ၄ သိန်းဝန်းကျင်ခန့် ကျသင့်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။