Vivo ကုမ္ပဏီဟာ မနှစ်တုန်းက ပထမဆုံးအနေနဲ့ Display အောက်မှာ Fingerprint ထားထားတဲ့ နည်းပညာကို ထုတ်ဖြော်ပသခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအချိန်တုန်းကတော့ အဆိုပါ Under Display Fingerprint နည်းပညာကို သုံးထားတဲ့ဖုန်းမရှိသေးပဲ နည်းပညာကိုပဲ ထုတ်ပြခဲ့တာဖြစ်ပါတယ်။

အခု CES 2018 ပွဲမှာတော့ Vivo ကနေ Under Display Fingerprint နည်းပညာနဲ့ စမတ်ဖုန်းကို ကျိန်းသေပေါက်ကြေငြာတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု Unlock The Feature ဆိုတဲ့ စာတန်းတစ်ခုနဲ့ Display မှာ Fingerprint ထည့်သွင်းထားတဲ့ ဓါတ်ပုံကို Teaser အနေနဲ့ ထုတ်ပေးလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ အခု Teaser အပြင် Vivo ကနေ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဆုံး Under Display Fingerprint ပါဝင်တဲ့ဖုန်းကို ကြေငြာမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ Full Screen Display ဖုန်းတွေအများအပြားထွက်ပေါ်လာပြီးတော့ Fingerprint Sensor တွေကို ပုံမှန်အတိုင်း အရှေ့ဘက် Home Key မှာ ထည့်သွင်းလို့မရတော့ပဲ အနောက်ဖက်ကို ရွေ့ပြောင်းခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခု Display အောက်မှာ Fingerprint နည်းပညာကို ထည့်သွင်းလိုက်တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။

အခု Vivo ရဲ့ ပထမဆုံး Under Display Fingerprint နည်းပညာကို သုံးထားတဲ့ဖုန်းက ဘာဖုန်းဖြစ်နိုင်မလဲ?